အပိုင်း ၇၅ ။ မီးတောက်လေးဘဝ

2.2K 396 2
                                    

[Zawgyi]

နောက်ဆုံးတွင် သူ့အမှားအတိမ်အနက်ကို နားလည်သွားလေပြီ။ ချင်ယွန်က နောက်ထပ် စကားဆက်မပြောတော့ဘဲ ရတနာ ဒီဇိုင်းနာကို သွားရှာတော့သည်။ သူက သူဝတ်ထားသည့်အတိုင်း တူညီသည့် ပုံစံမျိုးကို လုပ်ပေးချင်သည့်အတွက် လှပပြီး ကွက်တိဖြစ်နေသည့် နီလာကျောက်ကို စတင် ရှာဖွေလိုက်သည်။

တစ်ဖက်တွင် သုတေသီလုပ်ငန်းမှ လူများက လူလုပ်သားလောင်း ဖန်တီးဖို့ရာအတွက် လက်ထပ်ထားသော အတွဲများကို စေတနာ ဝန်ထမ်းအနေနှင့် ခေါ်ယူခဲ့သည်။ နည်းပညာများက သားလောင်းဖောက်သည့်အထိ တိုးတက်နေပြီ ဖြစ်ရာ သူတို့သည် ခန္ဓာအပြင်ဖက်အထိ ဖွံ့ဖြိုးလာနိုင်သည့်အထိ လုပ်နိုင်လိမ့်မည်။ စုံတွဲ ဆယ်တွဲက သူတို့၏ သားဉများနှင့် သုတ်ပိုးများကို ပေးကမ်းခဲ့ပြီး လျို့ဝှက် သဘောတူညီချက်အဖြစ် လက်မှတ်ထိုးခဲ့ကြသည်။

အစပိုင်း ပထမအဆင့် ရလဒ်က အမှန်ပင် ကျေနပ်ဖွယ် ကောင်းလှသည်။ သားလောင်းဆယ်ခုတွင် ခုနှစ်ခု အသက်ရှင်ကြသည်။ သူတို့သည် အပြည့်အဝ ပုံမပေါ်သေးသော်ငြား အားလုံးကိုတော့ စိတ်လှုပ်ရှားပြီး ကျေနပ်စေသည်။ သူတို့အားလုံးက သူတို့ လုပ်ထားသည့် သားလောင်းများကို အနီးကပ်စောင့်ကြည့်ကြပြီး အသက်သစ် ဖြစ်ပေါ်လာရန် စောင့်ဆိုင်းနေကြသည်။

ထိုအချိန်အတွင်း ရှန့်ခယ်က ငြိမ်းချမ်းစွာဖြင့် လှိုင်းလုံးလေးနှင့်အတူ ပင်လယ်သို့ ထွက်၍ ပျော်ရွင်စွာ ကစားနေလေသည်။ သူတို့သည် ပင်လယ်ကြမ်းပြင်တွင် ထူးဆန်းသည့် ပစ္စည်းများစွာကို တွေ့လာကြသည်။ သူတို့သည် ထိုအမှိုက်များကို ဆယ်ယူလာရာမှ မကြာခင်တွင် ရတနာ ပြခန်းပင် ဖွင့်စားလို့ ရလောက်လေပြီ။ ပင်လယ်က ကုန်းမြေထက် အဆများစွာ ကျယ်ပြန့်သောကြောင့် ဟိုးအတွင်းပိုင်းတွင် မည်သည့် ရတနာများ ရှိနေမည်ကို မည်သူ ပြောနိုင်မည်နည်း။ ရှန့်ခယ်က တစ်ခုခု အသစ်တွေ့လာသည့်အခါတိုင်း ပင်လယ်ကို ပို၍ ချစ်မြတ်နိုးလာမိသည်။

ချင်ယွန်က ရှန့်ခယ်အတွက် ယူလာသည့် ပစ္စည်းများ သိုလှောင်ဖို့ရာ ရတနာခန်းပင် ဆောက်ထားပေး၏။ သူက လင်းပိုင်များသည် ထိုသို့ အလေ့အထ ရှိလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူတို့က ပစ္စည်းကောင်းများကို သဘောကျ နှစ်သက်ကြလိမ့်မည်ဟု တွေးမထားမိပေ။ သူ စုဆောင်းထားသည့် ပစ္စည်းများက တန်ဖိုးရှိပြီး အချို့အရာများက  အုပ်စုများကြားတွင် သိသာသော အရာများ ဖြစ်ကြသေးသည်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now