အပိုင်း ၇၃ ။ မီးတောက်လေးဘဝ

2.4K 412 3
                                    

Translator - kilulayuu121

[Zawgyi]


ချင်ယွန်သည် ကမ်းပေါ်ထိုင်နေပြီး မီးတောက်လေးသည် လှိုင်းလုံးလေးနှင့် ရေထဲ ဆော့ကစားနေသည်ကို ကြည့်နေ၏။ သူ့အကြည့်ပင် မလွဲနိုင်ချေ။
မီးတောက်လေး၏ ကူးပြောင်းလဲမှုသည် ရေထဲတွင် သူ့လှုပ်ရှားနိုင်မှုအား သက်ရောက်ခြင်းမရှိ။ ရေသူမကဲ့သို့ သူသည် လွတ်လပ်စွာ ကူးသန်းနေလေသည်။ ထိုသည်က ချင်ယွန်နှလုံးသားအား လှုပ်ရှားစေ၏။ အဆုံးတွင် သူသည် အဝေးမှ ထပ်၍ မကြည့်နိုင်ဘဲ မီးတောက်လေးနှင့်အတူ ကစားရန် ရေထဲသို့ ဆင်းလာလိုက်သည်။
မီးတောက်လေးသည် ခေါင်းကို လှည့်ကာ လက်ကို ဖွင့်ထားပြီး သူ့ရောက်ရှိလာမှုကို အပြုံးလေးနှင့် ကြိုဆိုနေသည်။
သူတို့တစ်ဦးနှင့် တစ်ဦးဖက်ခါနီးဆဲဆဲတွင် လှိုင်းလုံးလေးသည် ရုတ်တရက်ပေါ်လာပြီး ချင်ယွန်ကို တားဆီးထားလိုက်သည်။ ထို့အပြင် ချင်ယွန်အား ကျူးကျော်သူတစ်ယောက် အဖြစ် ကြည့်နေသေး၏။
ချင်ယွန်သည် လှိုင်းလုံးလေး၏ အပြုအမူကို ဗွေမယူချေ။ သူသည် ရှန့်ခယ်လက်ကို ဆွဲကာ လှိုင်းလုံးလေးကို အလယ်မှာ ထား၍ နမ်းလိုက်သည်။ လှိုင်းလုံးလေးသည် ဒေါသထွက်စွာ ခေါင်းယမ်းခါလိုက်ရင်း နှစ်ယောက်ကြား အတင်းဝင်လိုက်သည်။ သူ့၏ ကြားအတင်းဝင်ကာ ခွဲရန် အကောင်းဆုံး ကြိုးစားပြီးနောက်တွင် ထိုနှစ်ယောက်အား ခွဲနိုင်လိုက်သည်။
ချင်ယွန် မျက်နှာသည် မသာမယာ ဖြစ်သွားပေမဲ့ ရှန့်ခယ်သည် ပြုံးမြဲ ပြုံးနေ၏။ သူနုးညံ့လှသည့် ဆံပင်သည် ရေထဲတွင် မျှောနေပြီး အိမ်မက်မှ နိုးထလာသည့် ဟန် ပေါ်နေသည်။
ချင်ယွန်သည် ရေထဲရှိ မီးတောက်လေးသည် အလှပဆုံး မီးတောက်လေး ဖြစ်သည်ဟု ခံစားမိ၏။ သူဘဝတစ်လျောက်လုံးတွင် သူသည် ထိုသူ့အတွက် အရာအားလုံး ရင်းကာ ပင်လယ်အား ကာကွယ်စောင့်ရှောက်ပေးရန် အလိုရှိ၏။
ရှန့်ခယ်သည် သဝန်တိုနေသော လှိုင်းလုံးလေးကို ချော့မြူလိုက်ပြီး လှိုင်းလုံးလေး လစ်သည့်အချိန်တွင် ချင်ယွန်ပါးအား ထို အနှောင့်ယှက်ခံလိုက်ရသည့် အနမ်းအစား ခိုးနမ်းလိုက်သည်။
ချင်ယွန်နှလုံးသားသည် တပ်မက်မှု ဖြစ်ပေါ်လာပြီး သူသည် မီးတောက်လေးကို ဆွဲကာ ချစ်ပစ်လိုက်ချင်၏။ သို့သော် သူသည် မီးတောက်လေးက သူနှင့် မိတ်လိုက်ရန် အလိုရှိသည် မရှိသည်ကို မသေချာသေးပေ။ ထို့အပြင် အနမ်းသည်ကား လင်းပိုင်များ၏ ရင်းနှီးမှုဖော်ပြသည်နည်းလမ်း တစ်ခုဖြစ်ပြီး သူ့အား မိတ်ဖက်အဖြစ် ဆက်ဆံနေခြင်းဟု မဆိုလိုပေ။
ထိုညတွင် ရှန့်ခယ်သည် ကုတင်ပေါ်ထိုင်ရင်း လင်းပိုင်ခေါင်းအုံးကို ဖက်ထားကာ တဘက်အပိုင်းလေးသာ ပတ်ထားသော ချင်ယွန်အား ရိုးသားစွာ ငေးကြည့်နေလေသည်။ အဝတ်မပါလုနီးပါး ခန္ဓာကိုယ်အား ငေးကြည့်နေခြင်းသည် သူနှင့် တစ်အိပ်ယာထဲ ဝေမျှချင်စိတ်ကို ဖြစ်စေသည်။ သို့သော် မျိုးစိတ်ခြားနားမှု အကြောင်းတွေးမိလျှင် ချင်ယွန်သည် သူ့အား ကြောက်လန့်သွားစေမလားဟု တွေးပူကာ သူ့ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း မပြနိုင်ပေ။
သို့သော် ရှန့်ခယ်သည် သူ့အား ဘဝပေါင်းများစွာ သိခဲ့သည့်အတွက် သူ့၏ တည်ကြည်လေးနက်သည့် မျက်နှာဖြင့် လှည့်စား၍ မရချေ။ လင်းပိုင်၏ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ရန် ရှန့်ခယ်သည် ပို၍ သတိထားသင့်ကြောင်း ခံစားမိ၏။ စိတ်ရှည်မှုသည် ကြီးမားသည့် ဆုလာဘ်တို့ ပေးနိုင်၏။ သူ ဆက်၍ သည်းမခံနိုင်သည့်အခါ သူသည် လှုပ်ရှားမှုတစ်ခု တည်းဖြင့် အနိုင်ယူလိုက်မည်။
ရှန့်ခယ်သည် သူမျက်နှာအား ခေါင်းအုံးတွင် ဝှက်ထားကာ သူ၏ ဉာဏ်နီဉာဏ်နက်အား ချီးကျူးလိုက်၏။
သို့သော်လည်း သူသည် ချင်ယွန်၏ သမာဓိအားကို အထင်သေးမိလေ၏။ ထိုသူက မေးလိုက်သည် "မီးတောက်လေး.... ကိုယ့်ရေချိုးခန်းမှာ ရေချိုးဇလုံရှိတယ်.... ရေကစားချင်သေးလား....."
ရှန့်ခယ် သည် ဘာမှ ပြန်မပြောခဲ့ပေ။ လင်းပိုင်တွေကို ဒီလောက် အလွယ်တကူ လှည့်ဖျားလို့ ရမယ် ထင်နေတာလား....
ညဘက် ရေဆော့ရအောင် ခင်ဗျားတိုက်တွန်းမှုက တကယ် ပြင်းထန်တာပဲ......
သို့သော်လည်း ကြာပန်းဖြူလေးအဖြစ် ရှန့်ခယ်သည် သဘောတူလိုက်သည်။ သူသည် ရေချိုးခန်းထဲသို့ အကာအကွယ် မရှိစွာ ဝံပုလွေဆိုး နောက်သို့ နောက်သွားလေသည်။
လက်ကို မြောက်လိုက်ပြီး ချင်ယွန်အား သူ့အင်္ကျီချွတ်ခွင့် ပေးလိုက်ကာ သူ့အကြည့်အောက်တွင် သူ့ကိုယ်သူ ဖော်ပြလိုက်သည်။ ဒီဘဝရှိ သူခန္ဓာကိုယ်သည် အနည်းငယ် ပိန်ပါးနေသော်လည်း သူသည် အချိုးအစားကျ၍ အသားရေသည် ချောမွတ်နူးညံ့လှသည်။ သူလှပသည့်အကြောင်းကို တရပ်စက် ပြောမိတော့မလို ဖြစ်မိ၏။
ရှန့်ခယ်သည် ရေကန်ထဲ ဝင်လိုက်ပြီး ဘေးကို အားရပါးရ ပက်ဖျန်းဆော့နေလေသည်။ ချင်ယွန်သည် သူ့နောက်မှ လိုက်ပြီး ဆံပင်နဲ့ နောက်ကျောကို ညင်သာစွာ ဆေးကြောပေးနေလေသည်။
ရှန့်ခယ်က ရေချိုးကန်အစွန်းတွင် ထိုင်လိုက်ပြီး ချင်ယွန်အား သူ့တစ်ကိုယ်လုံး တိုက်ရန် ခွင့်ပြုထားကာ မျက်လုံးမှေး အရသာခံ၍ ကြည့်နေလေသည်။ ထိုလူက သူ့အား ထိုမျှ လုပ်ဆောင်ခွင့်ပေးထားလျှင် ထိန်းချုပ်မှု လွတ်လာမည်ဟု တွေးထင်ထား၏။
ထိုအရာကို တွေးမိပြီး သူသည် သူ့ခန္ဓာပေါ်က ကြီးမားသော လက်တစ်စုံသည် သူ့ရင်ဘတ်နှင့် ခါးကြားတွင် စုံဆန်ကူးကာ မရိုးသားစွာ ပွတ်သပ်နေကြောင်း ခံစားမိလိုက်၏။ ပူနွေးနေသော ခန္ဓာကိုယ်ကလဲ သူ့နောက်ဘက် ချည်းကပ်လာကာ သူ့စိတ်ဆန္ဒများအား ဖော်ပြနေလေသည်။
မီးတောက်လေး ဘေးတွင် ချင်ယွန်သည် ဟန်ဆောင်ရန် မလိုအပ်ပေ။ သူသည် မီးတောက်လေးက သူ့အား လက်ခံ အသိမှတ်ပြုကာ သူ့အပိုင် ဖြစ်လာဖို့သာ ဆန္ဒရှိလေသည်။
"မီးတောက်လေး...." ချင်ယွန်နှုတ်ခမ်းသည် ရှန့်ခယ်လည်ပင်နားတွင် တတိတိ ကိုက်နေရင်း ဝင်သက်ထွက်သက် လေပူများသည် သူ့အရည်ပြားပေါ် ထိရိုက်နေကာ ရွစိရွစိ ခံစားချက်ကို ပေးစွမ်းနေလေသည်။
ချင်ယွန်သည် ရှန့်ခယ် ဘက်လှည့်လိုက်ပြီး သူ့ခြေထောက်ကြားသို့ ဝင်လာကာ ခါးကို ကိုင်ထားရင်း နက်ရှိုင်းစွာ အနမ်းခြွေလိုက်သည်။
ရှန့်ခယ်သည် သူ့အား အားလုံး ရုတ်လျော့မလာခင်အထိ နမ်းနေလေသည်။ သူသည် တစ်ယောက်ယောက်၏ အနမ်းစကေးသည် တစ်ဘဝပြီး တစ်ဘဝ တိုးတက်လာကြောင်း တွေးမိလိုက်၏။ ထိုအရည်အချင်းများသည် မျိုးရိုးအလိုက် စုပြုံလာသည်များလား....
အားရပါးရ အသက်ရှုနေကြပြီး ရှန့်ခယ်အား တစ်ယောက်ယောက်မှ မရပ်မနား ကြိုးစားနေလေသည်။ တည်ကြည်မှုတွေ၊ ဖြားယောင်းမှု အားလုံးသည် သူ့ချစ်သူ၏ အားကောင်းလှသည့် ထိုးစစ်အောက်တွင် အငွေ့ပျံသွားကြလေသည်။
ချင်ယွန်သည် သူ့အား အရင်ရင်းနှီးမှု ရယူချင်သော်လည်း ပို၍ ထိတွေ့လာသည်နှင့်အမျှ သူ့ကိုယ်သူ ပျောက်ဆုံးသွားလေသည်။ မီးတောက်လေးက နားလိုက်သောအခါ သူသည် အနောက်ပေါက်ကို အလိုအလျောက် ရောက်သွားကာ အနက်ရှိုင်းဆုံးသို့ တိုးဝင်မိလိုက်သည်။
လင်းပိုင်တစ်ကောင်၏ ရုပ်ပိုင်းဆိုင်ရာ အင်အားသည် အမှန်တကယ်ကို အံ့ဖွယ် ဖြစ်၏။ တညတာလုံး အင်အားအပြည့် ဆင်နွဲထားသော်လည်း သူသည် နှစ်နာရီ အနားယူရုံဖြင့် ပြန်လည် လန်းဆန်းလာလေသည်။ တစ်ဖက်တွင် ချင်ယွန်မှာ သစ်တုံးကဲ့သို့ ကုလားသေ ကုလားမော အိပ်ပျော်နေလေသည်။ သူသည် များသွားလွန်းသောကြောင့်လား သို့မဟုတ် စိတ်ကျေနပ်မှု အပြည့်အဝရသွားလို့လားကြောင့်တော့ မသိပေ။ ရှန့်ခယ်သည် နေ့တဝက်လောက် ကုတင်ပေါ် ဟိုလိမ့်ဒီလိမ့် လုပ်နေသော်ငြား သူ့အား နှိုးရန် မစွမ်းဆောင်နိုင်ချေ။
ထိုအရာကို သူဘာမှ မတတ်နိုင်ပေ။ ရှန့်ခယ်သည် သူ့ဘာသာ ထလိုက်ပြီး တွေ့ရာ ကောက်ဝတ်ထားကာ ဆေးကြောပြီး ဖိနပ်ပါးစီး၍ အခန်းမှ ထွက်လာလိုက်သည်။
မီးဖိုချောင် ရောက်သောအခါ ရှန့်ခယ်သည် ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်ပြီး ထိုထဲတွင် ဟင်းချက်စရာ အများအပြားကို မြင်လိုက်ရသည်။ တချို့အား အရင်က မမြင်ဖူးချေ၊ သူသည် အရင်က မမြင်ဖူးသည့်အရာများကို ထုတ်ယူလိုက်ပြီး ဟင်းချက်စာအုပ်ကို ဖတ်လိုက်ကာ ပြောထားသည့်အတိုင်း စတင်ချက်ပြုတ်လိုက်သည်။
ရှန့်ခယ် ဟင်းချက်သည့် အထဲ အာရုံရောက်နေစဉ် ချင်ယွန် မီးဖိုချောင်ထဲ ရောက်လာသောကြောင့် သတိမမူခဲ့ပေ။ သူသည် စာအုပ်ကြည့်ကာ ချက်ပြုတ်ရန် အလုပ်ရှုပ်နေသည့် ချစ်စရာ ပုံရိပ်လေးအား ငေးကြည့်နေလေ၏။
ရှန့်ခယ်သည် ဆိုဒ်အကြီးကြီး ရှပ်သာ ဝတ်ဆင်ထားသောကြောင့် သူ့၏ သေးသွယ်သော ခြေတံများပေါ်တွင် ခရမ်းရောင် အမှတ်အသားများကို မြင်တွေ့နေရ၏။ ထိုအမှတ်အသားများသည် အထင်ရှားဆုံး ဖြစ်ပြီး အများစုသည် ပေါင်အတွင်းဘက်တွင် စုကာ တည်ရှိနေ၏။
ချင်ယွန်၏ အကြည့်သည် ရာဂစိတ် ကျွမ်းလာပြီး သူ့ဆီ ဖြေးဖြေးချင်း လျှောက်လှမ်းသွားကာ နောက်မှ ခါးကို ဖက်ထားရင်း အသံဩဩဖြင့် ပြောလိုက်သည် "ကောင်းသော မနက်ခင်းလေးပါ....."
ရှန့်ခယ်သည် ချက်ပြုတ်ရာတွင် စိတ်နှစ်နေသောကြောင့် ဂရုမစိုက်ပေ။ သူသည် တံတောင်ဖြင့် ဗိုက်အားတွန်းလွတ်ကာ ဘေးမှာစောင့်နေဖို့ မျက်နှာရိပ်ပြလိုက်သည်။ အရေးကြီးတာ မဟုတ်လျှင် သူ့အား လာအနှောင့်ယှက် မပေးရန် ပါ ပါလေသည်။
ဒါရိုက်တာချင်သည် ပြောထားသည့်အတိုင်း နာခံကာ ဘေးတွင် ခန့်ညားသည့် လူသားရုပ်ထုကဲ့သို့ ငြိမ်သက်စွာ ရပ်နေလေသည်။
မကြာခင်တွင် အစားအစာ ရနံသင်းသင်းလေးသည် နှာခေါင်းသို့ လာရောက်ကြည့်စယ်သောကြောင့် ချင်ယွန်သည် ရှန့်ခယ် ချက်ပြုတ်ထားသည့်အရာများသည် အလွန်တရာလက်ရာမြောက်နေကြောင်း တွေ့ရှိလိုက်ရသည်။ သူ ဟင်းချက်စာအုပ် ကိုင်သည်ကို တွေ့စဉ်က သူသည် လူသားအစားအစာများကို သင်ယူလိုသောကြောင့်သာ ကြည့်နေသည်ဟု ထင်မိလေ၏။
စာအုပ်တွင် ချက်နည်းများ ပါဝင်သော်လည်း ချင်ယွန်သည် သူ့အား အကုန်နားလည်ကာ ချက်ပြုတ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သို့သော် သူသည် ပထမဆုံးအကြိမ်တွင် အံ့ဩဖွယ် ဟင်းလျာကို ချက်ပြုတ်နိုင်လေသည်။ ထိုသည်က အမှန်တကယ် တုန်လှုပ်အံ့အားသင့်ဖွယ် ဖြစ်၏။
ချင်ယွန်သည် သူ့အား နေ့စဉ် ၂နာရီလောက် အမျိုးမျိုးသော ဗဟုသုတများကို သင်ပြပေးရန် ဆုံးဖြတ်လိုက်သည်။ သူသင်ယူနိုင်နှုန်းနှင့် လေ့လာနှုန်းတို့အပေါ် မူတည်၍ သူ့အသိဉာဏ်သည် သာမာန်လူသားထက် နိမ့်မည် မဟုတ်ပေ။
ရှန့်ခယ်သည် စားပွဲပေါ်တွင် တစ်ခုပြီး တစ်ခု တည့်ခင်းကာ ချင်ယွန်အား စားရန် လှမ်း လက်ပြလိုက်သည်။
ချင်ယွန်သည် ဟင်းလျာများသည် အရသာရှိဟန် ရှိသော်လည်း စိတ်ထဲတွင် မနှစ်သက်တောင် အစားကို ကုန်အောင်စားမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ သူမြည်းစမ်းလိုက်သည့်အခါ ထိုသည်က တကယ့်စားဖိုမှူးများနှင့် ယှဉ်နိုင်ကြောင်း တွေ့ရှိသွား၏။
ချင်ယွန်သည် ရွှေထုတ်ပိုက်မိသလို ခံစားရ၏။ သူသည် ဟင်းကောင်းကောင်းချက်နိုင်ပြီး အတူတူ အိပ်ယာဝင်နိုင်သည့် နာမည်ကြီး လင်းပိုင်ကို တွေ့ရှိလိုက်ခြင်း ဖြစ်လေ၏။
ရှန့်ခယ်သည် လူသားအဖြစ် သုံးရက်တာ ဆက်တိုက် ကျန်ရှိနေသည်။ နေ့ဘက်တွင် သူသည် လှိုင်းလုံးလေးနှင့် နေပေးပြီး ညဘက်တွင် ချင်ယွန်နှင့် အိပ်စက်ပေးလေသည်။ သူ့ဘဝသည် အလွန်ကျေနပ်ဖို့ ကောင်းလှသည်။ အဓိက မစ်ရှင် အောင်မြင်ပြီးနောက်တွင် ရှန့်ခယ်အပေါ်ရှိ ဖိအားသည် အတော်သင့် လျော့ကျသွားလေ၏။ သူသည် လွတ်လွတ်လပ်လပ် နေဖို့ရန် ကြံစဉ်ထားပြီး နောက်မှ အပိုမစ်ရှင်ကို စဉ်းစားရန် ရည်ရွယ်ထားလေ၏။
သို့သော်လည်း မီးတောက်လေးကား ရက်များစွာ ပျောက်ဆုံးနေသောကြောင့် သုတေသီများသည် မည်သို့လျှစ်လျှူရှုနိုင်မည်နည်း..... သူတို့သည် ချင်ယွန်အား မီးတောက်လေးကို ပြန်ခေါ်လာရန် တောင်းဆိုခဲ့ကြ၏။ မဟုတ်လျှင် သူ့၏ တာဝန်ယူမှုအပေါ် စစ်ဆေးရလိမ့်မည်။
သူတို့သည် လင်းပိုင်မျိးစိတ်အကြောင်း အရေးတကြီး လေ့လာနေချင်ကြသည်။ အခြားသော တိရစ္ဆာန်များနှင့် စမ်းသပ်မှုတစ်ခုချင်းတွင် ကျေနပ်လောက်သော ရလဒ် ရရှိခဲ့သည်။ လူသားဒုက္ခအရင်းမြစ်ကို ဖြေရှင်းနိုင်ရန် လင်းပိုင်အပေါ်တွင် အဖြေတွေ့လိမ့်မည်ဟု ယုံကြည်ထားကြသည်။
အကယ်၍ မီးတောက်လေးက ဆက်လက်၍ မရရှိနိုင်ပါက သူတို့သည် လှိုင်းလုံးလေးအပေါ် ပြောင်းရလိမ့်မည်။
ချင်ယွန်သည် ရှန့်ခယ်ဆီမှ လျို့ဝှက်မထားသလို သူ့ဆီမှ တစ်ခုမှလဲ မတောင်းဆိုချေ။ သို့သော် ရှန့်ခယ်သည် ဒီပြဿနာကို ဖြစ်နိုင်သမျှ မြန်မြန် ဖြေရှင်းကြလိမ့်မည်ဆိုတာ သိလေ၏။ ညနက်ပိုင်းတွင် ရှန့်ခယ်က ချင်ယွန်အား နိုးကာ သူ့အား ဆွဲခေါ်သွားလိုက်သည်။
"မီးတောက်လေး... ဒီလောက် ညနက်နေမှ ဘယ်သွားဖို့ ကြံနေတာလဲ....." ချင်ယွန်သည် မေးလိုက်၏။
ရှန့်ခယ်က ပြန်မဖြေပေ။ သူသည် ရှေ့သို့သာ ဆက်လျောက်သွားလေသည်။ သူတို့သည် လျှပ်စစ်တံခါး ရောက်ရှိတာနဲ့ ချင်ယွန်အား တံခါးဖွင့်ခိုင်းလိုက်သည်။
ခဏတာ လမ်းလျှောက်ပြီးနောက်တွင် ချင်ယွန်သည် သူတို့ဦးတည်ရာကို ခန့်မှန်းမိလိုက်ပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်သည် "စမ်းသပ်ခန်းက အရှေ့မှာ ... ငါတို့က အဲကို ဘာသွားလုပ်မှာလဲ...."
နှစ်ယောက်သား စမ်းသပ်ခန်းအတွင်း ဝင်သွားလိုက်ပြီး မီးအိမ်သည် လူဝင်လာသည်ကို မှန်းမိကာ အလိုအလျောက် ပွင့်လာလေသည်။ ရှန့်ခယ်သည် ကိရိယာများဆီ လျှောက်လှမ်းသွားလိုက်ပြီး ချင်ယွန်အား ထိုသို့ သွားရန် ညွှန်ပြလိုက်သည်။
ချင်ယွန်မျက်နှာသည် နားမလည်စွာ ရှိနေရင်း သူ့ဘေးသို့ သွားလိုက်ရသည်။ သူ့စိတ်ရှုပ်ထွေးမှုသည် ရှန့်ခယ်က သူလက်မောင်းကို ဆန့်ကာ သွေးထုတ်သည့် ကိရိယာများကို မယူခင်အထိသာ ကြန့်ကြာလေသည်။ သူသည် အံ့ဩတကြီး မေးလိုက်သည် "ဘာလုပ်ဖို့..."
ရှန့်ခယ်သည် အေးအေးဆေးဆေး ကြည့်လိုက်ပြီး မြင်သာနိုင်သည့် အဓိပ္ပါယ်များ ပါဝင်နေလေသည်။ သူသည် ချင်ယွန်အား သူ့သွေးအား နမူနာ ယူစေချင်၏။
သုတေသီများသည် သူ့မျိုးစိတ်မှ သားဖွားနှုန်းကို ဖြေရှင်းနိုင်ရန် အဖြေဖော်လိုကြသည်။ စမ်းသပ်မှု ကုန်ကြမ်းများသာ ရှိနေပါက မီးတောက်လေး၏ လွှတ်လပ်မှုကို ထပ် ကန့်သတ်မည် မဟုတ်ပေ။ သို့မဟုတ် ထပ်၍ အရေးမပါတော့ပေ။ အနည်းဆုံးတော့ ထိုအရာသည် အရေးကြီးလှသည့် အချိန်တိုအတွက် မဟုတ်ပေ။
ချင်ယွန်သည် မီးတောက်လေးရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း နားလည်၍ သူ့၏ အလုံးစုံ ယုံကြည်မှုနှင့် စတေးမှုများအပေါ်တွင် စိတ်လှုပ်ရှားသွားလေသည်။ သို့သော် သူသည် မည်သို့ စိတ်ဖြင့် လုပ်ဆောင်နိုင်မည်နည်း.....
"ချင်ယွန်...." တိတ်ဆိတ်သော စမ်းသပ်ခန်းအတွင်း နူးညံ့ညင်သာလှသော အသံလေး ထွက်ပေါ်လာသည်။
ချင်ယွန်နှလုံးသားသည် တုန်လှုပ်သွားပြီး သူသည် ရှန့်ခယ်အား ကြည့်ကာ တအံ့တဩ မေးလိုက်သည် "အခု ကိုယ့်နာမည် ခေါ်လိုက်တာလား...."
ရှန့်ခယ်က ပြုံးကာ ထပ်ခေါ်လိုက်သည် "ချင်ယွန်....."
ချင်ယွန်က ဖက်ထားလိုက်ပြီး သူ့မျက်နှာတွင် ဝမ်းသာပျော်ရွှင်မှုများ လွမ်းခြုံနေကာ ထပ်ပြောလိုက်သည် "ထပ်ခေါ်ပါဦး...."
"ချင်ယွန်...."
"ဟားဟား..." ချင်ယွန်သည် သူ့နာမည်အား မီးတောက်လေးက ခေါ်ခြင်းမှာ အလွန်ကျေနပ်ဖို့ ကောင်းသောကြောင့် ဘဝင်လေဟပ်နေလေသည်။
"ချင်ယွန်... မိတ်လိုက်ရအောင်..."
ချင်ယွန် :::  ဒါက အရမ်းအဆင့်တက် မနေလွန်းဘူးလား.....
"ညတိုင်း စမ်းသပ်မှု ကုန်ကြမ်းတွေကို အခန်းထဲ ဖြုန်းတီးပစ်နေမိတာ..."
ရှန့်ခယ်၏ လူသားစကားပြောနိုင်နှုန်းသည် ပို၍ ချောမွေ့လာပေမဲ့ ချင်ယွန်၏ အာရုံအားလုံးသည် မိတ်လိုက်ခြင်းနှင့် စမ်းသပ်မှု ကုန်ကြမ်းများပေါ်တွင်သာ ကျရောက်နေလေ၏။
သူသည် တွန့်ဆုတ်စွာ မေးလိုက်သည် "စမ်းသပ်မှု ကုန်ကြမ်းဆိုတာက...."
"သုတ်...."
ချင်ယွန်သည် ပြောစရာမဲ့သွားလေသည်။
ရှန့်ခယ်ကား စမ်းသပ်မှု ထုတ်ကုန် ဖြစ်နိုင်ကြောင်းကို အလွန်သတိထားမိနေ၏။ သူ လူသားအသွင် ပြောင်းသွားစဉ်မှ စ၍ အပိုမစ်ရှင်သည် ဘာဖြစ်နိုင်မလဲဟု စဉ်းစားနေမိသည်။ ထိုသည်က လင်းပိုင်မျိုးစိတ်နှင့် ပတ်သတ်မှု ရှိလိမ့်မည်။
အခြားလူများက သူ့ကို လုပ်ခွင့် ပေး၍ ဖြစ်စေ ဒါမှမဟုတ် လှိုင်းလုံးလေးကို စမ်းသပ်မှု ကုန်ကြမ်းအဖြစ် အသုံးပြုခြင်းဖြစ်စေ.... သူသည် အရင်လက်ဦးမှုယူခြင်းက ပို၍ ကောင်းပေလိမ့်မည်။
လှိုင်းလုံးလေးသည် သူနှင့် မတူညီပေ။ သူသည် လူသားဖြစ်စဉ် အတွေးများရှိသည့်အပြင် စိတ်ခံစားချက်များကြောင့် စိတ်ဓာတ်မကျခဲ့ပေမဲ့ လှိုင်းလုံးလေးကား အလွန်တရာ ခံစားမှု ပြင်းလေသည်။ အကယ်၍ သူ မလုပ်ချင်သည့်အရာကို ဖိအားပေးလုပ်ပေးခဲ့ပါက သူ့အတွက် အသက်အန္တရာယ် ဖြစ်စေနိုင်သည်အထိ အခြေအနေ ဆိုးရွားနိုင်သည်။
လှိုင်းလုံးလေးအတွက် ကိုယ့်ဘာသာ စတေးခြင်းက သူရဲကောင်းဆန်ဆန် ကဏ္ဍထဲ ရှိသင့်သည်။
ချင်ယွန်သည် ခဏတာ မှင်သက်သွားသည်ကို မြင်သောအခါ ရှန့်ခယ်က မိမိဘာသာ တွေးလိုက်မိသည် ..... ဖြစ်နိုင်တာက သူအရမ်းများ အံ့ဩအောင် လုပ်မိသွားလေလား....
သူသည် ချင်ယွန်အား လေးလေးနက်နက် ကြည့်လိုက်ကာ ပြောလိုက်သည် "တကယ်လို့ မလုပ်ချင်ဘူးဆိုရင်....."
သူသည် စကားဆုံးအောင် မပြောလိုက်ရဘဲ ချင်ယွန်က စောင့်ကြည့် ကင်မရာနှင့် လျှပ်စီးမီးအားလုံး ပိတ်လိုက်သည်ကို တွေ့လိုက်ရသည်။ မီးတောက်လေးကို မြင်နိုင်ရလောက်သည့် အလင်းသာ ချန်ထားလေသည်။ သူသည် ရှန့်ခယ်အား ပွေ့လိုက်ပြီး စမ်းသပ်မှုစားပွဲပေါ် ညင်သာစွာ တင်လိုက်သည်။
"မီးတောက်လေး အဆင်သင့်ဖြစ်ပြီလား.... ကိုယ် စမ်းသပ်မှု စတော့မယ်နော်....." ချင်ယွန်သည် သူ့၏ အသံဩဩဖြင့် ပြောလိုက်သည်။
အလင်းရောင် မှိန်ဖျဖျအောက်တွင် ခန္ဓာကိုယ်နှစ်ခုသည် အပေါ်အောက်ထပ်နေပြီး တာဝန်သိစွာ စမ်းသပ်မှုကုန်ကြမ်းများကို ဝီရိယရှိစွာ အားတက်သရော ကြိုးစားနေကြသည်။


မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now