အပိုင်း ၉၃ ။ ယွဲ့ကျယ်ဘဝ

3.7K 809 17
                                    

[Zawgyi]

ယွဲ့ရွှမ်ကို သီးသန့်ခန်းထဲသို့ ပြန်​ခေါ်လာပြီးနောက် သခင်မကြီးချန်းသည် ချက်ချင်းဆိုသလိုသူ့​ဘေးပစ်ဝင်ထိုင်ကာ မျက်နှာကိုကိုင်၍ ကတုန်ကယင် ​မေးလေသည်​။
"​ရှောင်ရွှမ်၊ မင်းဘယ်လို​နေလဲ"
ယွဲ့ရွှမ်သည် သခင်မကြီးချန်းကို မျက်နှာ​သေအမူအရာဖြင့်သာ ကြည့်​နေပြီး စကားတစ်လုံးမှမ​ပြော​ပေ။

သခင်မကြီးချန်းမျက်ဝန်းထဲမှ မျက်ရည်များစီးကျလာကာ အသံတုန်တုန်ယင်ယင်ဖြင့်​ ပြောတော့သည်။
"သူတို့​တွေမင်းကို တကယ်ပဲ ခွဲစိတ်ခဲ့တာလား၊ ​ရှောင်ရွှမ်း ​ကျေးဇူးပြုပြီး မမှန်ဘူးလို့ အ​မေ့ကို​ပြောပါဦး"
ယွဲ့ရွှမ်သည် စကားတစ်လုံးမှ မ​ပြော​သေးပေ။ သူ့မျက်ဝန်းများသည် အသက်မဲ့​နေပြီး ငြိမ်သက်​နေကာ ​ရေ​သေကန်တစ်ခုအလား သက်ဝင်တက်ကြွမှု မရှိ​ပေ။

သခင်မကြီးချန်း၏နှလုံးသားသည် ထိုမြင်ကွင်းကြောင့် အဆုံးအစမဲ့ နာကျင်သွားကာ အပြင်ဘက်ရှိလူများကို အရူးမတစ်​ယောက်ကဲ့သို့ ​အော်ဟစ်​ပြောတော့သည်။
"လုရှုဖန် မင်း အမိန့်အာဏာမရှိပဲ အတ္တတကြီးနဲ့ ပြုမူခဲ့တာ၊ ယွဲ့မိသားစုနဲ့ချန်းမိသားစုက ​သေချာ​ပေါက် မင်းဆီက တရားမျှတမှု ရ​အောင်ပြန်ရှာမယ်"

လုရှုဖန်သည် အခန်းပြင်တွင် ရပ်​နေကာ
ဂရုမထား​သော မျက်နှာဖြင့် ခံစားချက်မဲ့စွာကြည့်နေသည်။

ထိုအခိုက်အတန့်တွင် သူ့ ဆက်သွယ်ရေးကိရိယာ မြည်လာသည်။ ဖုန်းခေါ်ဆိုသူက ရှန့်ခယ်အတွက် ငှားထားသည့် သက်တော်​စောင့်များထဲမှ တစ်​ယောက်ဖြစ်နေသည်။

လုရှုဖန် ဖုန်းဖြေလိုက်ပြီး စကားလုံးအနည်းငယ် နားထောင်ပြီးနောက်မှာတင်
သူ့အမူအရာက အင်မတန်ကို​ကြောက်လန့်ဖွယ်​ကောင်းသွားသည်။ သူချက်ချင်းလှည့်ထွက်ပြီး အ​စောင့်များကို​ခေါ်ကာ သက်ဖြတ်ချင်စိတ်များ လွှင့်ထုတ်​နေတော့၏။

သူ့ကာကွယ်မှုအောက်တွင်ရှိနေတုန်း ရှန့်ခယ်သည် ဒီလိုမျိုး အန္တရာယ်ကြုံရသည်!
လု့ရှုဖန်၏ ခန္ဓာကိုယ်တင်းမာသွားပြီး
တစ်စုံတစ်​ယောက်ကိုကိုက်ရန် ပြင်ဆင်​နေ​သော ဆာ​လောင်​နေသည့် သားရဲတစ်ကောင်ပမာဖြစ်နေသည်။ ပတ်ပတ်လည်မှ အ​စောင့်များမှာ ​ကြောက်ရွံ့လှ၍ အသက်တောင် ရဲရဲမရှုရဲကြ​ပေ။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now