အပိုင်း ၁၂ ။ ကျန်းယွီ​မော့ဘဝ

15.8K 2.1K 105
                                    

[Zawgyi]

"ကျန့်​မိန်းက​လေး မင်္ဂလာပါ"
ကွေ့အတွင်း​ရေးမှူး မတ်​တပ်​ရပ်​လိုက်​ပြီး ကျန့်​ရှင်း
ကိုပြုံးပြလိုက်​တယ်

"ကွေ့အတွင်း​ရေးမှူး ...ကျွန်​မအကို့ကို​နေလည့်​စာတူတူစားဖို့လာရှာ​တာ"
ကျန့်​ရှင်း ​ကွေ့အတွင်း​ရေးမှူးစားပွဲဆီ​ပေါ့​ပေါ့ပါးပါး ​လျှောက်​လာတယ်​ ဒါ​ပေမဲ့ ရှန့်​ခယ်​ဆီအကြည့်​​ရောက်​သွား​တော့ရပ်​သွားတယ်​ သွားတယ်

ရှန့်​ခယ်​ကပြုံးပြီး​ပြောလိုက်​တယ်
"ကိုယ်​ဒီကို အချိန်​ခဏ​လောက်​ အလုပ်​သင်​အဖြစ်​ လုပ်​​နေတာ"

"အလုပ်​သင်​လား" ကျန့်​ရှင်း ​ခေါင်းငုံ့လိုက်​တယ်​ သူ့ရဲ့မျက်​၀န်းထဲမှာရွံရှာမှု​တွေပြည့်​သွားတယ်​ လွမ်​ခဲ့တဲ့ရက်အနည်းငယ်တည်းက​​​​​ ကျန်းယွီ​မော့ကသူမ​နောက်​လိုက်​ကပ်​​နေခဲ့တာ ဒါ​ပေမဲ့ အခုတ​လော အရမ်းတိတ်​ဆိတ်​သွားလို့ သူအ​လျှော့​ပေးသွားပြီလို့ထင်​​နေခဲ့မိတယ်​ နည်းလမ်း​တွေ​ပြောင်း
လိုက်​ရုံပဲလို့သူမ မထင်​မိခဲ့ဘူး သူကျန်းယွီ​မော့ကို သ​ဘောမကျဘူးဆိုတာ ကိုကြီးသိပါတယ်​ ဒါဆို ဘာလို့ ကုမ္ပဏီကိုဝင်​လာခွင့်​ပြုတာလဲ...အလုပ်သင်လုပ်ဖို့လား ..အလုပ်သင်လို့ရမဲ့ သူတို့ကိုယ်ပိုင်ကျန်း​​​​​​​​​​​​ကုမ္ပဏီရှိတယ်​မဟုတ်​လား..

ကျန့်​ချန်​ဖုန်းက ရုံးခန်းထဲ​လျှောက်​လာကာ ရှန့်​ခယ်​ သူ့ညီမကို "နှာဘူးအကြည့်​"​တွေနဲ့စိုက်​ကြည့်​​နေတာ ​တွေ့​တော့ သတိ​​ပေးတဲ့အကြည့်​ပြလိုက်​တယ်
ဒီ့​​နောက်​​တော့ သူ့ညီမ​ကို​ပြောလိုက်​တယ်
"ရှင်းအာ သွား​ရ​အောင်​"

"ဟမ်​.." ကျန့်​ရှင်းက ရှန့်​ခယ်​ ကို တစ်​ချက်​ကြည့်​ပြီး တုံ့ဆိုင်းဟန်​နဲ့​မေးလိုက်​တယ်
"အဲကျန်း​​ဒုတိယသခင်​​လေးက..."

"သူ့ကိုအာရုံထားဖိုမလိုဘူး ညီမ​လေး..သူ​ဌေးတစ်​​ယောာက်​မှာ '၀န်​ထမ်း' တစ်​​​ယောက်​နဲ့ ​နေ့လည်​စာ စားစရာမလိုဘူး" ကျန့်​ချန်​ဖုန်း အဓိပ္ပါယ်က​တော့
ရှင်းလင်းသည်​။သူဒီကုမ္ပဏီမှာ အလုပ်​လုပ်​​နေတာ ဖြစ်​လို့ ကျန်းယွီ​မော့က သူ့အလုပ်​၀န်​ထမ်းသာဖြစ်​ပြီး ကျန်းမိသားစုရဲ့ သခင်​​လေးမဟုတ်​​ပေ။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now