အပိုင်း ၅၈ ။ ဖီ(လ်)မောဘဝ

6.1K 1K 19
                                    

[Zawgyi]

သူ့နှလုံးသား အောက်ခြေကနေ လှိုက်ပျော်သွားခဲ့ပြီး 'မြင်မြင်ချင်းအချစ်' အကြောင်းပြချက်သုံးရန်ပြင်ဆင်ခဲ့သော်ငြား လူကမှားယွင်းနေသည် ! ရှန့်ခယ် အင်မတန် စိတ်ပျက်သွားပြီး သူ့စိတ်အခြေအနေကလည်း အင်မတန်လေးလံသွားသည်။

တစ်စက္ကန့်စာ ကြယ်များကဲ့သို့တောက်ပနေခဲ့သော သူ့မျက်ဝန်းများမှာ နောက်တစ်စက္ကန့်တွင် မှေးမှိန်သွားခဲ့သည်။

ရွိုင်း သူ့လက်ကိုသူ မသိစိတ်ကနေ လေ့လာကြည့်နေမိသည်။ အသားမာတစ်ချို့ရှိသော်ငြား လက်ပုံသဏ္ဍာန်က သွယ်လျသော လက်ချောင်းများ၊ တင့်တယ်စွာ ငေါထွက်နေသော လက်ဖျံရိုးနှင့်အတူ ပြီးပြည့်စုံလှသည်။ တစ်စုံတစ်ယောက် အသက်ရှင်ဖို့ မီးကုန်ယမ်းကိုငြင်းဆန်သွားရလောက်သည်အထိတော့ ရုပ်မဆိုးဘူးမဟုတ်လား။

ထိုအတွေးများထဲ သူနစ်မြုပ်နေတုန်း ရှန့်ခယ်လက်ထဲမှ ဓားမှာ 'ချွင်' ကနဲ မြေကြီးပေါ်ပြုတ်ကျသွားပြီး လူကိုယ်တိုင်ကတော့ ဘေးဘက်လဲကျသွားလေသည်။ ရွိုင်းက သူ့ကိုလှမ်းဖမ်းလိုက်ပြီး သူ့ကို ထိမိမိချင်း ပထမဆုံးခံစားရသည်မှာ လက်ဖဝါးများအောက်ရှိ အပူချိန်ပင်။မြင့်မားလှသော အပူချိန်နှင့် တောင့်တင်းနေသော ကြွက်သားများမှာ ယခုလက်ရှိ သူ့အခြေအနေက လုံးဝအကောင်းဘက်မရှိကြောင်းပြနေသည်။ သူတို့ဒီကိုအပြေးအလွှား မရောက်လာခင်ထိ တောင့်ခံပြီးနောက်မှ မေ့လဲသွားဖို့မှာ သူ့ စိတ်ဆန္ဒကအမှန်ကို အံ့သြဖို့ကောင်းလှသည်။

ရွိုင်း ရှန့်ခယ်အားပြန်ခေါ်လာချိန် စစ်သားအကုန်လုံးနီးပါး သူတို့ကိုထွက်တွေ့ကြသည်။ မျက်ရည်ပူများက ရှန့်ခယ်ကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာများနှင့် သွေးကွက်များကို မြင်ချိန် စစ်သားတစ်ယောက်ချင်းစီကနေ ကျဆင်းလာခဲ့သည် ။ 'Sir' ဟုခေါ်သည့် အော်သံများက တစ်သံပြီးတစ်သံ ပဲ့တင်ထပ်နေခဲ့သည်။

ရွိုင်းက ရှန့်ခယ်အား ဆေးကုသရေးစင်တာဆီ ပို့လိုက်သည်။ ထိုနေရာက လူများနှင့်ပြည့်​သိပ်​​နေပြီဖြစ်​​သော်​ငြား ဆရာဝန်​များက သူ့အတွက်​ တစ်​​ယောက်​အခန်း ပြင်​​ပေးထား​သေးသည်​။ ယခုလက်​ရှိ ​ဆေးဝါးနည်းပညာနှင့်​ဆိုလျှင်​ ပုံမှန်​ပြင်​ပဒဏ်​ရာများအားလုံးကို ​ရိုးရိုး​လေးပင်​ကုသနိုင်​သည်​။ပြီး​တော့ alphaတစ်​​ကောင်​၏ ခန္ဓာကိုယ်​ အရည်​အ​သွေးနှင့်​ သူတို့၏ အလိုအ​လျောက်​ သက်​သာနှုန်းမှာ beta ၊ omegaများထက်​ အဆများစွာ ပိုမိုမြင့်​မားသည်​။ သူတို့အသက်​ရှင်​​နေ​သေးသ​ရွေ့ ခွန်​အာြး​ကီး​သောတိုက်​ခိုက်​​ရေးသမားအဖြစ်​ ပြန်​လည်​​ရောက်​ရှိဖို့ အချိန်​သိပ်​မလို​ပေ။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now