အပိုင်း ၈၂ ။ ယွဲ့ကျယ်ဘဝ

5.2K 962 34
                                    

[Zawgyi]

ရှန့်ခယ် ဈေးကွက်မြို့တော်ခန်းမအနားက ကော်ဖီဆိုင်ထဲရှိ
ပြတင်းပေါက်ဘေးထိုင်ခုံကိုရွေးလိုက်သည်။ သူက ကော်ဖီကို စိမ်ပြေနပြေသောက်ရင်း webတွင် ဟိုဟိုဒီဒီရှာဖတ်နေသည်။

သူ နောက်ဆုံးတင်ထားသည့် postကို ကြုံကြိုက်မြင်သွားလေသည်။ ခေါင်းစဉ်က

[ဟိတ်လူတို့၊ ဖော့ဒ်ယာ့စီရင်စုရဲ့ မြို့ထဲမှာ မထင်မှတ်ထားပဲ ပန်းကန်ပြားပျံကြီးပေါ်လာတယ်၊ ကြည့်ကြည့်ကြဦး!!!]
ပင်။ သူ postကိုဖွင့်လိုက်သည်နှင့် ရှန့်ခယ် ပါးစပ်ထဲက ကော်ဖီအပြည့် ထွေးထုတ်မိမလိုဖြစ်သွားသည်။ postက သူ့ ရူးလောက်စရာ ကားမောင်းထားသည့် ဗီဒီယိုပင်။ အဲတုန်းက သူ မြန်ဆန်လွန်းစွာမောင်းနေ၍ ဗီဒီယိုကေတာ့ စက္ကန့်အနည်းငယ်သာကြာသည်။

သို့သော်ငြား ဒါက အွန်လိုင်းသုံးစွဲသူများအပေါ် သိပ်ပြီး မဆွဲဆောင်နိုင်သေးပေ။ ဒါဇင်နှင့်ချီ ဒါမှမဟုတ် အသုံးမဝင်သော ပြန်စာများအောက်တွင်တော့ တစ်စုံတစ်ယောက်က ဗီဒီယိုအတိုလေးတစ်ခုကို တင်ခဲ့သည်။ ဗီဒီယိုက အဓိကpostတင်သူ၏ ဗီဒီယိုနှင့်အချိတ်အဆက်မိလုနီးပါးပင်။ သူက စက္ကန့်တော်တော်များများပါလေသည်။ ဗီဒီယိုထဲတွင် ရှန့်ခယ်မောင်းနေသော ရစ်ဝဲနေသည့်ကားက အမည်းရောင်လျှပ်စီးပမာ မောင်းသွားပြီး ရှုပ်ထွေးနေသောအဆောက်အဦးများကို ကွေ့ကောက်ဖြတ်ကျော်သွားခဲ့သည်။ အစက လူအမ်ားစုမွာ သူတို့ ဘာကြည့်နေရသလဲကို မပြောနိုင်ကြသေး။ ပညာရှင်တစ်ယောက်က ကား၏ လမ်းကြောင်း၊ အချိုးအကွေ့ထောင့်များနှင့် အင်မတန်ခဲယဉ်းသော အဆင့်ကျွမ်းကျင်မှုအမျိုးမျိုးကိုအသုံးချထားပုံအား ဝေဖန်ဆန်းစစ် တင်ပြလိုက်သည်။

ဆံဖျားတစ်ထောက်စာ အမှားကပင် အရာအားလုံးကိုဆုံးဖြတ်နိုင်သည်ဟုပြောသည်။ ကားဖြတ်မောင်းသွားသောအချိုးအကွေ့တိုင်းထိုနည်းတူပင်။ အဓိကအားဖြင့် အချိန်ကိုက်ညီလှမှုကြောင့် သူတို့မင်သက်နေမိကာ ဒရိုက္ဘာ၏ ကြည်ညိုစရာ စွမ်းရည်အား မင်သက်အံ့သြနေကြသည်!

[ငါဒူးထောက်လိုက်ပြီ!]

[ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်တော်ဒူးထောက်တာကို လက်ခံပေးပါ!]

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now