အပိုင်း ၈၅ ။ ယွဲ့ကျယ်ဘဝ

5K 928 73
                                    

[Zawgyi]

ကားပြိုင်ပွဲပြီးနောက် ရှန့်ခယ်၏ ဖုန်းcontact စာရင်းက အထက်တန်းလွှာမှာ ကလေးအမျိုးမျိုး၏ ဖုန်းနံပါတ်များ ပါဝင်လာသည်။ တစ်ခုက မင်းသားယီယွင် အပိုင်ပင်။

ယီယွင် လူအုပ်ကြီးဝန်းရံခံရလျက် ကွင်းထဲကနေထွက်လာသည်။ သူ ဂိတ်ကနေထွက်ထွက်ချင်း လုရှုဖ်ျ ရှေ့တည့်တည့်တွင် ရပ်နေတာမြင်လိုက်ရသည်။ သူ့တည်ကြည်လွန်းသည့်စရိုက်နှင့် သူ့ပေါ်ကျရောက်နေသော နေရောင်ခြည်ကပင် အေးစက်သွားပုံပေါ်သည်။

စူးရှသော မျက်ဝန်းနှစ်စုံက လူအုပ်ကြီးကိုဝေ့ကြည့်ချိန် စကားပြောရယ်မောနေကြသည့် လူများမှာ ချက်ချင်းတိတ်သွားကာ သူတို့အမူအရာများကိုတစ်ယောက်ပြီးတစ်ယောက်ပြင်ရင်း သတိတကြီး အလေးပြု လာကြသည်။

လုရှုဖန် သူတို့ကိုခေါင်းတစ်ချက်ညိတ်ပြပြီးနောက် ရှန့်ခယ်ကိုကြည့်လာသည်။

ရှန့်ခယ် ယီယွင့်ကို ဦးညွှတ်ပြီးနောက် လုရှုဖန်ရှိရာဆီ လှည့်ထွက်ခဲ့သည်။

ရှန့်ခယ် အနားတိုးသွားချိန် အနီးအနားမှလူများမှာ လုရှုဖန်၏ စရိုက်က သိမ်မွေ့သောအပြောင်းအလဲများဖြစ်သွားခဲ့ပြီး ဓားအိမ်ထဲကဓားကိုဆွဲထုတ်လိုက်သည့်ပမာ ချမ်းစိမ့်စိမ့်ဓာတ်က ပျောက်ကွယ်သွားခဲ့တာသိလိုက်ရ၍ အံ့သြ​ကုန်ကြသည်။

လုရှုဖန်က ခေါင်းညွှတ်ကာမေးလိုက်သည်။
"မင်း အချိန်ကောင်းရခဲ့လား"

"ဟုတ်ကဲ့" ရှန့်ခယ်က ပေါ့ပါးစွာပြန်လာပြီး သူ့တည်ငြိမ်နေသောအသံထဲ မည်သည့်ခံစားချက်မျှမရှိပင်မဲ့ အနည်းငယ်နှင်းဆီရောင်သမ်းနေသော အသားအရောင်က အသက်ဝင်မှု အရိပ်အယောင်ပေးစွမ်းနေသည်။

"ဦးရီးတော် ဘယ်ချိန်ကရောက်လာတာလဲ" ယီယွင်က ရောက်လာပြီး ပြုံးရွှင်ကာမေးသည်။
"ရှန့်ကျယ်ကားပြိုင်ပွဲကိုရော မြင်ခဲ့လား"

"ခုမှရောက်တာ၊ မကြည့်ရသေးဘူး"
ဒါပေမဲ့ သူ့တွင် ဗီဒီယိုင်ဖိုင်ကော်ပီရှိကာ စောင့်နေသည်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now