အပိုင်း ၉၈ ။ ယွဲ့ကျယ်ဘဝ

3.2K 620 5
                                    

[Zawgyi]

လုရှုဖန် ရှန့်ခယ်အား ဗီလာတစ်ခုလုံးဆီ လိုက်ပြသည်။ ဗီလာနှစ်ခုလုံးနှင့် စံအိမ်သည် ခပ်ဆင်ဆင်စတိုင်များရှိကြသည်။ အံ့ဩစရာအကောင်းဆုံးအရာသည် ဓာတ်ခွဲခန်းမှာ ယခုလက်ရှိ ဆောက်လုပ်ဆဲဖြစ်နေသည်။ ဆေးဝါးများ၊ ရောဂါများ၊ ဆေးကိရိယာများနှင့် နှစ်ရာချီ ကပ်ဘေးပမာကျန်ရစ်နေသည့် စိတ်ဗိုင်းရပ်စ်ကဲ့သို့သော အခြားပရောဂျက်များအား အဓိကလေ့လာရန်ဖြစ်၏။ ဒီပရောဂျက်ကို နဂိုက တစ်ခဏ ရပ်ဆိုင်းခဲ့ရသော်ငြား လုရှုဖန်ကခုတလော ပြန်စတင်ခဲ့သည်။

သူ ရှန့်ခယ်အား ဒီဗီလာဆီခေါ်လာရခြင်းသည် ပို၍လျင်မြန်သောနှုန်းနှင့် ပြန်လည်သက်သာစေရန်၊ ဆာဂျရီ ဘေးထွက်ဆိုးကျိုးများမှ ပြန်လည်သက်သာစေရန် ဖြစ်သည်။

ရှန့်ခယ်ဓာတ်ခွဲခန်းကို သတိထားမိသွားသည်နှင့် လုရှုဖန် သူ့ဆုတောင်းများကို ဖြေပေးသလို ခံစားလိုက်ရ၏။

Systemသည် သူ့ကို ဆေးဝါးများ သုတေသနပြုလုပ်ရန် တာဝန်ပေးခဲ့သည်။ လုရှုဖန်ကတော့ သူ့ကို အဆင့်သင့်ပြုလုပ်ထားသော သုတေသန ကိရိယာများနှင့် နယ်ပယ်ထဲရှိ ကျွမ်းကျင်သူအားလုံးကို ထောက်ပံ့ခဲ့သည်။ သူ ဦးနှောက်ပြုပြင်မှုအရည်ကြည်ကို ဒီတိုင်းပေးလိုက်လို့မရတာတောင် အကူအညီလိုချိန်တိုင်း ဒီပညာရှင်များနှင့် ဆွေးနွေးနိုင်သည်။

ဒီကမ္ဘာ၏မစ်ရှင်သည် လုရှုဖန်ကူညီပေးချိန် သိပ်မခက်ခဲတော့ပေ။

ရှန့်ခယ် လုရှုဖန်အား စူးစူးစိုက်စိုက်ကြည့်နေသည်မှာ တစ်ဖက်လူက tablet ပေါ်တွင် တုံ့ပြန်မှုတစ်ခု ရေး‌လာသည်အထိပင်။

【တစ်ခုခုဖြစ်လို့လား】

သူ ရုတ်တရက် သူတို့ အိုမင်းသည်အထိ အတူတူနေနိုင်လောက်မည်ဟု ခံစားချက်ရသွားခဲ့သည်။

ရှန့်ခယ်ခေါင်းယမ်းလိုက်ပြီး ဘာမှမပြောခဲ့ချေ။

ဖြန့်ဝေရေး စင်တာတွင်ဖြစ်ပျက်သောအဖြစ်အပျက်များကို လုရှုဖန်ငှားထားသော အေးဂျင့်ဆီ တင်ပြရသည်။ ယွဲ့မိသားစုသည် အရိုက်အရာခံသူအသစ်ကို ပြင်ပြီးပြီ။ ဒါက သူ့ကို ဗီလာတွင် အနားယူရန်နှင့် သိပ္ပံစမ်းသပ်မှုများဆောင်ရွက်ရန် အချိန်ပိုရစေ၏။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now