အပိုင်း ၉ ။ ​ကေ့(ခ်ျ​)ဘဝ

18.1K 2.3K 265
                                    

[Zawgyi]

သူ ပစ်​ခံရတဲ့အချိန်​က​နေစပြီး ရှန့်​ခယ်​ ၀ိဥာဉ်​က သူ့ကိုယ်​က​နေ ထွက်​ခွာသွားတယ်​ ဒါ​ပေမဲ့ System အာကာသနယ်​ဆီချက်​ချင်းမပြန်​ရဘူး..ဒါ​ပေမဲ့ သိပ်​ပြီး ကြာမှာ​တော့မဟုတ်​ဘူး..အလွန်​ဆုံး ဒီကမ္ဘာက​နေ ​နောက်​ထပ်​ဆယ်​မိနစ်​နီးပါး​လောက်​ထပ်​​စောင့်​ရုံပဲ

"သူ့ကိုကယ်​..မင်းဘယ်​လိုနည်းသုံးသုံးငါဂရုမစိုက်​ဘူး အ​ရေးကြီးတာသူပြန်​ရှင်​လာဖို့ပဲ! "
ရာဗယ်​(လ်​) ဘန်​နီရဲ့လက်​​ကောက်​၀တ်​ကိုဆွဲပြီး ​ပြောလိုက်​တဲ့အချိန်​မှာ မျက်​၀န်း​တွေက ​ကြောက်​မက်​ဖွယ်​​ကောင်း​လောက်​​အောင်​ ​အေးစက်​​နေခဲ့တယ်​..

ဘန်​နီ သူ့လက်​နာ​နေတာကို အာရုံမထားဘဲ စိတ်​ရှည်​ရှည်​​ပြောလိုက်​တယ်
"အရှင်​မင်းကြီး...​ပူ​ဆွေး​သောက​ရောက်​​မ​နေပါနဲ့​တော့..​ကေ့(ခ်ျ​)ကို ကယ်​ဖို့ဆိုတာမဖြစ်​နိုင်​​တော့ဘူး တကယ်​လို့အတင်းအကြပ်​ကယ်​ဖို့ကြိုးစား​နေရင်​..
သူ့လက်​ကျန်​အင်္ဂါ​တွေပဲပိုချို့ယွင်းသွားလိမ့်​မယ်​ အရှင်​မင်းကြီးဒီလိုမြင်​ချင်​တာလား.."

ရာဗယ်​(လ်​)လက်​​ကိုဖြည်းဖြည်းချင်းလွှတ်​​​ပေးလိုက်​တယ်​..သူ့ရဲ့အကြည့်​​တွေက ​မြေပြင်​​ပေါ်က ​ကောင်​​လေးဆီပြန်​​ရောက်​သွားတယ်​..ကြည်​လင်​​နေတဲ့​ရေခဲလွှာထဲက​ကောင်​​လေးကပြုံး​နေတယ်​..မျက်​၀န်း​တွေက ထုံးစံအတိုင်းနူးညံ့​နေပြီး အသက်​၀င်​​တောက်​ပ​နေတုန်းပဲ လွန်​ခဲ့တဲ့ မိနစ်​အနည်းငယ်​ကတင်​ သူ့​ဘေးနားမှာ ရပ်​​နေခဲ့ သူ့လက်​ကိုဆွဲခဲ့ပြီး သူနဲ့ အတူတူ ပန်း​ခွေဂါဝရပြုခဲ့ကြ​သေးတယ်​​လေ...​နောက်​တစ်​စက္ကန့်​အတွင်းမှာပဲ သူ့လက်​ထဲ​သေဆုံး​သွားရတာကို ဘာမှမတတ်​နိုင်​ပဲ ကြည့်​​နေရတယ်​..

ဒီငတုံး​ကောင်​..! လမ်း​တောင်​​ကောင်း​ကောင်းမ​လျှောက်​နိုင်​​သေးပဲ သူ့ကိုကယ်​ဖို့လုပ်​​သေးတယ်​!

ရာဗယ်​(လ်​)့အ​တွေးထဲ ​ကေ့(ခ်ျ​) သူ့​ရှေ့ခုန်​၀င်​လာတဲ့ ပုံစံက ထပ်​တလဲလဲ ၀င်​လာ​နေတယ်​ သူ့ရဲ့ ​အေးစက်​လှတဲ့မျက်​၀န်းပြာ​တွေက မြူမှုန်​​တွေဖုံးထားသလိုပဲဝါး​နေတယ်​..

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now