အပိုင်း ၁၁၉ ။ ကျန်းယွီမော့ဘဝ (RE)

3.9K 608 10
                                    

[Zawgyi]

အဆုံးမှာတော့ ကျန့်ချန်ဖုန်းက ရှန့်ခယ် ကို အန္တာတိကတိုက်ဆီခေါ်သွားခဲ့တယ်။ လေယာဉ်က ၁၂နာရီကျော်လောက် စီးခဲ့ရတယ်။ အပျော်စီးသင်္ဘောပေါ်မှာ သူတို့ Drake ရေလက်ကြားကို ဖြတ်ချိန် ၆မီတာမြင့်တဲ့လှိုင်းလုံးကြီးနဲ့ကြုံခဲ့ရတယ်။ ပင်လယ်ရေတွေက ပြတင်းပေါက်တွေထဲ ဝင်လာပြီး အတော်လေးဖျက်ဆီးခဲ့တာ။ တကယ်ကိုထိတ်လန့်စရာ ဖြစ်ရပ်ပဲ ။ သူ နောက်တစ်ကြိမ် ပြန်သေတော့မယ်တောင် ထင်လုနီးပါးလေ။

ပင်လယ်ပြင်ထဲ မျောပါနေတဲ့ ရေခဲတုံးတွေနဲ့ ဝေးကွာလှတဲ့ နှင်းတောင်တန်းတွေဟာ တိမ်ဖြူဖြူတွေနဲ့ဆက်သွားသလိုပဲ။ စင်ရော်ငှက်တစ်အုပ်က လေပြေအေးနဲ့အတူ ပျံသန်းနေတယ်။ လေက အေးမြပြီး လန်းဆန်းလွန်းတယ်။ ရှန့်ခယ်နဲ့ ကျန့်ချန်ဖုန်း Melchiorကျွန်းဆီ ရောက်လာပြီး မရေမတွက်နိုင်တဲ့ ဓာတ်ပုံတွေရိုက်တယ် ။ပြီးတော့ တခြား ခရီးသွားတွေနဲ့အတူ Neko ဆိပ်ကမ်းဆီ ရောက်လာတယ်။ အဲနေရာက ပင်ဂွင်းတွေစုဝေးတဲ့နေရာဖြစ်ပြီး သူတို့ ခရီးရဲ့ အဓိကရည်ရွယ်ချက်တွေထဲက တစ်ခုဖြစ်တယ် - ပင်ဂွင်းကြည့်ဖို့လေ။

နှင်းခဲနေတဲ့ ရေခဲမြစ်တွေအပေါ်မှာ ဝိုင်းစက်စက် ပင်ဂွင်းလေးတွေက နေရာတိုင်းပဲ။ တစ်ချို့က နှင်းပုံတွေထဲ ပုန်းနေကြတယ် ။ တစ်ချို့ ကျောက်တုံးတွေပေါ် လှဲနေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ပင်လယ်ထဲ ယက်ကန်ကန်ဆင်းသွားတယ်..။ ရှန့်ခယ်က သူတို့နဲ့ ဓာတ်ပုံရိုက်ဖို့အခွင့်အရေးရှာခဲ့ပြီး သူတို့ကလည်း ပူးပေါင်းဆောင်ရွက်ပေးကြတယ်။ ဒါပေမဲ့ ကျန့်ချန်ဖုန်း အနားကပ်သွားတိုင်း ပင်ဂွင်းအုပ်ကြီးက ချက်ချင်းဆိုသလို သူ့ကိုတိုက်ခိုက်ကြတယ်။ ပင်ဂွင်းတွေကများ ကျန့်ချန်ဖုန်းကို စင်ရောက်ငှက်ကြီးလို့များထင်နေသလား ရှန့်ခယ်အံ့သြမိတယ်။ စင်ရော်တွေက ဥသူခိုးတွေဖြစ်တဲ့အတွက် ပင်ဂွင်းတွေက ဘယ်တော့မှ မျက်လုံးချင်းတောင် မဆိုင်ကြဘူး။

ရှန့်ခယ်ကတော့ အပြစ်ကင်းတဲ့ ကျန့်ချန်ဖုန်းအတွက် ၁၂%သာ စာနာပေးနိုင်တယ်။ရလဒ်တစ်ခုအနေနဲ့ ကျန့်ချန်ဖုန်းက စိတ်ထိခိုက်စရာအတွေ့အကြုံခံစားခဲ့ရလို့ နာရီနဲ့ချီ သူ့ခန္ဓာကိုယ်ထဲက 'နှစ်သိမ့်မှု'ကို ရှာဖွေတော့တယ်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now