Chapter (490)"ဘယ်တော့မှအလျော့မပေးဘူး"

Start from the beginning
                                    

ရဲရှောင်သည် ရေခဲတမျှ အေးစက်လှသော လေသံဖြင့် ပြောလိုက်ပါတော့သည်။

*****

ဝမ်အာနှင့် ချူးအာတို့ တစ်ယောက်မျက်နှာ တစ်ယောက်လှမ်း၍ ကြည့်လိုက်ကြသည်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်း မသိကြတော့ပေ။

ဖန်ဧကရာဇ်၏ စိတ်အား ပျော့သွားအောင် မည်သို့ လုပ်ရမည် ဆိုသည်ကိုလည်း မစဉ်းစား တတ်ကြတော့ပေ။ ကူရာကယ်ရာ မဲ့နေကြချေပြီ။

ထိုအချိန် လင်းဝုရှဲ့မှ -

“ခင်ဗျားအနေနဲ့ အခုချိန် ဘာမှမပြောချင်တော့ဘူးလို့  ထင်ထားတာ၊ ခုနက ကျုပ်တို့ကိုတောင် ပြန်ခိုင်းနေပြီ မဟုတ်လား၊ ဒါပေမယ့် ပိုင်ရှင်းယွဲ့ အကြောင်းလည်း ပြောလိုက်ရော စကားတွေ အများကြီး ပြောလာပါလား။ ခင်ဗျား ကျုပ်တို့ကို ပြန်စေချင်တဲ့ စိတ်ရော ရှိသေးရဲ့လား . . .”

လင်းဝုရှဲ့ ပြုံးလျက် ရှိသည်။

“ကျုပ်ကတော့ တော်တော်ကို စိတ်ဝင်စားသွားမိပြီ။ ဘယ်လောက်လှပပြီး နှလုံးသား ဖြူစင်တဲ့ မိန်းကလေးက ဖန်ဧကရာဇ်ရဲ့ စိတ်ကို ဒီလိုဖြစ်သွားအောင် လုပ်နိုင်တာပါလိမ့်။ သေချာတာတော့ ကျုပ်ကို စိတ်ပျက်စေမှာ မဟုတ်ဘူးပဲ . . .”

ရဲရှောင် အံ့ဩသွားသည်။ ထို့နောက် လင်းဝုရှဲ့အား အင်မတန် အေးစက်လှသည့် အကြည့်မျိုးဖြင့် လှမ်းကြည့်လိုက်သည်။

လင်းဝုရှဲ့မှာမူ ပြုံးလျက်သာ ရှိနေလေသည်။ ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြန်ရင်း -

“ဘာသဘောမှ မဟုတ်ပါဘူးဗျာ၊ ကျုပ်စကားပြောလောကြီးသွားလို့ ဒီအတိုင်း ပြောလိုက်မိတာပါ”

ရဲရှောင်မှ -

“ကိစ္စမရှိပါဘူး။ လောကြီးကြီး မကြီးကြီး ကျုပ်ပြောတာ မှန်မမှန် ဆိုတာကို ခင်ဗျား သိရမှာပါ။ ကျုပ်ဘက်က အလျော့ပေးမှာတော့ မဟုတ်ဘူး . . .”

ထို့နောက် ရဲရှောင်သည် လေးတိလေးကန် အသံမျိုးဖြင့် ဆက်လက်၍ -

“ကဲ . . . ငါ့ကို ဘာနဲ့များ ထပ်ပြီး ခြိမ်းခြောက်ဦးမှာလဲ။ လုပ်လေ . . . ငါပင်ပန်းနေပြီ။ မျက်လုံးတောင် မဖွင့်ချင်တော့ဘူး။ လုပ်ပါ၊ ငါနားထောင်နေတယ်။ မင်းတို့ကို တားမှာ မဟုတ်ဘူး။ မင်းတို့ ပြောစရာရှိတာ ပြောပြီးရင် ပြန်ကြပါတော့။ လင်းပါအိုက အစေခံတွေ အားလုံးကို ပြန်လွှတ်ထားတဲ့အတွက် မင်းတို့ကို ဘာနဲ့မှ ဧည့်ခံပေးနိုင်မှာလည်း မဟုတ်ဘူး . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now