Chapter (482)"ဒုက္ခလှိုင်းများ"

Start from the beginning
                                    

ရဲရှောင် အနောက်မှ လူများအားလုံး ချွေးပြန်သွားကြသည်။

(သေစမ်း . . . သူသာ ငါတို့မျိုးနွယ်စုတွေ ရှိတဲ့ နေရာက လုပ်ငန်းခွဲတွေကို လိုက်ကြည့်တဲ့အချိန် ငါတို့တွေဘက်က သူတို့အပေါ် တစ်ခုခု လုပ်ထားမိတာကိုသာ ရှာတွေ့သွားမယ် ဆိုလို့ကတော့ ဘဝပျက်ပြီပဲ။ အသက်ဘယ်က ထွက်သွားမလဲတောင် သိလိုက်ရပါ့မလား . . .)

(ခရီးထွက်သလို လုပ်မယ်တဲ့ . . . အပျင်းပြေ လူသတ်ဖို့ ခရီးထွက်သလို ဖြစ်နေမှာ သေချာတယ်။ ဓားနဲ့ပဲခုတ်မလား အဆိပ်နဲ့ပဲ သတ်မလားဆိုတာ မပြောတတ်ဘူး . . .)

(ကြိုက်တဲ့နေရာကို ခရီးထွက်ချင်ထွက်ပါ ကျုပ်တို့ဆီတော့ မလာပါနဲ့ . . . ကျုပ်ပြန်ရောက်ရင်၊ မဟုတ်သေးဘူး ပြန်မရောက်ခင်မှာကိုပဲ ကျုပ်မျိုးနွယ်စုကို စာပို့ပြီး မှာထားလိုက်ပါ့မယ်။ အခု ငါတို့အားလုံးက လင်းပါအိုနဲ့ ပူးပေါင်းလိုက်ပြီဆိုတော့ လင်းပါအိုကိစ္စက ငါတို့ကိစ္စပဲ . . .)

(မဟုတ်သေးဘူး . . . သူတို့ အမှားလုပ်ခဲ့တာကို ဝန်ခံလိုက်မယ် ဆိုရင်တောင် လုံလောက်ဦးမှာ မဟုတ်ဘူး။ လင်းပါအိုက ဒီသတ်ဖြတ်ခြင်း နတ်ဘုရားကို စိတ်ကျေနပ်အောင် လုပ်မှကို ဖြစ်မှာ . . .)

(အခုငါတို့ အခြေအနေတွေကိုလည်း သေချာသိရပြီဆိုတော့ နောက်ပိုင်း လင်းပါအိုနဲ့ ဆက်ဆံတဲ့ အခါမှာလည်း သေချာသတိထားမှဖြစ်မယ်။ အမှားသေးသေးလေးက ငါတို့အားလုံးကို ငရဲပို့ခံရမယ့်သဘော ရှိတယ် . . .)

ထိုလူများ အတွေးနယ်ချဲ့နေကြစဉ် ပြာပုံအတွင်းမှ ဆေးလုံးများသည် လေထဲသို့ မြောက်တက် လာကြသည်။ ထို့နောက် လေထဲသို့ ရွေ့လျားသွားပြန်သည်။

အားလုံးသည် ထိုမြင်ကွင်းအား ကြည့်ရင်း တစ်စုံတစ်ခု ထူးခြားပြီ ဆိုသည်ကို သဘောပေါက်သွား ကြသည်။ သို့သော် ပတ်ဝန်းကျင်အား ကြည့်လိုက်သောအခါတွင်လည်း ထူးခြားမှု မတွေ့ကြရချေ။

တခဏအကြာတွင် ကောင်းကင်ထံမှ ကြည်လင်ပြတ်သားသော အသံဖြင့် -

“ထူးခြားအစွမ်းထက် ဆေးလုံးတွေပါလား။ ဖန်ဧကရာဇ်က မယူချင်မှတော့ ကျုပ်ယူလိုက်လို့ ဘာမှ မဖြစ်လောက်ဘူး ထင်တယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now