Chapter (481)"ကျုပ်တို့မလိုချင်ပါဘူး"
ابدأ من البداية
လောင်ရှန်ယွန် ခေါင်းခါယမ်းပြလိုက်ရင်း -
“ခင်ဗျားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ဧကရာဇ် . . . ဒါပေမယ့် လောင်မျိုးနွယ် အနေနဲ့ ဒီဆေးလုံးတွေကို မယူတော့ပါဘူး . . .”
“တခြားမျိုးနွယ်စုတွေ ယူချင်ရင် ယူကြပါ။ ကျုပ်တို့ ဘာမှမပြောပါဘူး၊ ကျုပ်အကုန်လုံးကို လက်လွှတ်လိုက်ပါ့မယ် . . .”
လောင်ရှန်ယွန် အံကြိတ်ရင်း ပြောလိုက်သည်။
တခြားသော မျိုးနွယ်စုများသည်လည်း ဆေးလုံးများအား ငေးကြည့်နေကြသည်။ သို့သော် ပြာများကို မြင်သောအခါ မျက်နှာဖြူရော်ရော် ဖြစ်သွားကြပြန်သည်။
(ဒါတွေကို ကောက်ရမှာလား . . .)
(ပြီးရင် စားရမှာလား . . .)
အားလုံးသည် ကြည့်ရင်းဖြင့် အန်ချင်လာကြပြန်သည်။
“ကျုပ်တို့လည်း မလိုချင်ပါဘူး။ ဝေါ့ . . .”
“ကျုပ်တို့ရောပဲ . . . ဝေါ့ . . .”
“မလိုချင်တော့ပါဘူး . . . ဝေါ့ . . .”
ဆေးလုံးများသည် ပြာပုံများကြား လင်းလက်တောက်ပလျက် ရှိနေကြသည်။ ကမ္ဘာတစ်ခုလုံး ထိုဆေးလုံးများ ရရှိရေးအတွက် တိုက်ကြခိုက်ကြသော်လည်း ယခုအခါတွင်မူ ပြာပုံအတွင်း ဆေးလုံးများစွာ ရှိနေသည့်တိုင် မည်သူမျှ ထိပင်မထိရဲကြတော့ပေ။
ထို့ပြင် လူများအားလုံးသည် ဂိုဏ်းကြီး ၂ ဂိုဏ်းမှ လူများ အရှင်လတ်လတ် ပြာဖြစ်သွားသည်ကို အစအဆုံး မြင်တွေ့ခဲ့ကြရသည် မဟုတ်ပါလား။
ပြာများအတွင်းရှိ ဆေးလုံးများကို စားဖို့ မဆိုထားနှင့် မည်သူမျှပင် ထိရဲကြမည် မဟုတ်ပေ။ ဆေးလုံးများ၌ အဆိပ်များကပ်နေမနေ မည်သူမျှ အာမခံရဲကြမည် မဟုတ်ချေ။
မည်မျှ ရဲရင့်သည့် လူပင် ဖြစ်လင့်ကစား အသက်စွန့်၍ စွန့်စားကြမည် မဟုတ်သဖြင့် မရင်းရဲကြခြင်း ဖြစ်သည်။
ရဲရှောင်သည် ပြာပုံအတွင်းရှိ ဆေးလုံးများကို ကြည့်ရင်း -
“ဂိုဏ်းကြီး ၂ ဂိုဏ်းရဲ့ ခြိမ်းခြောက်မှုတွေကနေ ဒီနေ့ပဲ အားလုံး လွတ်မြောက်ကြရပြီ။ အခုကစပြီး ငြိမ်းငြိမ်းချမ်းချမ်း နေကြရတော့မယ် ထင်တာပဲ . . .”