Chapter (438)"လင်းဝုရှဲ့"
ابدأ من البداية
“ငါပြောစရာ စကားမရှိဘူးလို့ မပြောပါဘူး။ ဒါပေမယ့် မင်းကိုတော့ မပြောဘူး၊ သူတို့ကိုပဲ ပြောရမယ်”
“ငါ့မှာ ပြဿနာလေး တစ်ခုရှိတယ်ကွ။ မိန်းမလှလေးတွေဆို မမောနိုင် မပန်းနိုင် စကားပြောနိုင်တယ်လေ။ ယောကျာ်းတစ်ယောက်ကို ဆိုရင်တော့ အဲဒီယောကျာ်းက မိန်းကလေး တစ်ယောက်ထက် လှနေမယ် ဆိုရင်တောင် ပြောဖို့ စိတ်ပါမှာ မဟုတ်ဘူး။ ဒီကမိန်းမလှလေး ၂ ယောက်ကို ပြောစရာ ရှိတယ် . . .”
ဝမ်အာနှင့် ချူးအာတို့သည် တုန်လှုပ်အံ့ဩသွားကြသည်။
(ဆရာ့မှာ ဒီလိုသူငယ်ချင်း တစ်ယောက် ရှိနေတာလား။ ဒီလူက တော်တော် ယုတ်မာတဲ့ ပုံစံပဲ . . .)
လင်းဝုရှဲ့သည် ကောက်ကျစ်သော အပြုံးများဖြင့် ရယ်မောနေပြန်သည်။
“မလိုအပ်တာတွေ မပြောဘဲ မန်ဝုဇန် အကြောင်းသာ ပြောစမ်းပါ . . .”
သခင်ကြီးဘိုင်မှ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
လင်းဝုရှဲ့ ခေါင်းညိတ်လိုက်ကာ -
“အင်း . . . ကောင်းပြီ . . .”
“မင်းတို့ဆရာရဲ့ အကြီးမားဆုံး ရန်သူတော် ပြိုင်ဘက်ကြီး မန်ဝုဇန်က မူလနတ်အဆင့်ကို ကျော်ဖြတ်ပြီး ဗြုန်းစားကြီး မူလသူတော်စင် အဆင့်ကို ရောက်သွားခဲ့တယ်။ ဆိုလိုချင်တာကတော့ ဟားဟား . . . မင်းတို့ဆရာက သူ့ကို အမြဲတမ်း လွှမ်းမိုးနိုင်ခဲ့ပေမယ့် အခုတော့ သူက ပြန်လွှမ်းမိုးလာတော့မှာကို စောင့်နေရတော့မယ်၊ အဲ့ဒီ သတင်းက တော်တော် တုန်လှုပ်စရာ သတင်းပဲလေ မဟုတ်ဘူးလား . . .”
ဝမ်အာနှင့် ချူးအာတို့သည် တုန်လှုပ်အံ့ဩသွားကြသည်။
(မူလနတ်အဆင့် . . . မူလသူတော်စင်အဆင့်တဲ့၊ ဒီအဆင့် ၂ ဆင့်ကြားမှာ မူလနတ်ဘုရားအဆင့် ဆိုတာ ရှိသေးတယ် မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ရုတ်တရက် အဆင့် ၂ ဆင့် ခုန်တက်သွားရတာလဲ၊ ကောင်းကင်ဘုံကို ခြေတစ်လှမ်းနဲ့ အရောက်သွားနိုင်လိုက်သလိုပါပဲလား။ သူဘယ်လိုများ လုပ်ခဲ့တာပါလိမ့် . . .)
“ဘယ်လို ဖြစ်နိုင်မှာလဲ . . .”
သခင်ကြီးဘိုင် ဒေါသတကြီး အော်ပြောလိုက်သည်။