Chapter (437)"မခေါ်ဘဲလာသည့်ဧည့်သည်"

Start from the beginning
                                    

“ဟမ့် . . .”

ဆောင်ဂျုလည်း မည်သည့်စကားမျှ ပြောချင်စိတ် မရှိတော့သည့်ပုံပင်။ မကျေမချမ်း တစ်ချက်ရေရွတ်လိုက်ပြီးနောက် နှုတ်ဆိတ်သွားသည်။

သို့သော် သူ၏ မျက်လုံးများ အရောင်လက်သွားသည်ကိုမူ ရဲရှောင် တွေ့လိုက်ရသည်။

ဆောင်ဂျုတစ်ယောက် သက်တောင့်သက်သာရှိသွားသည့်ပုံ ရှိသော်လည်း စိတ်ရှုပ်ထွေးနေသေးသည့် ပုံပေါ်နေလေသည်။

ရဲရှောင်လည်း ဆောင်ဂျု၏ ဒဏ်ရာများအား ခပ်မြန်မြန် ကြည့်ရှုပေးလိုက်သည်။ ထို့ပြင် ဆောင်ဂျုခန္ဓာကိုယ်တွင်း ကုသရန် ကျန်နေသေးသော ရောဂါအား သူ၏ လက်ရှိအဆင့်ဖြင့် အမြစ်ပြတ် ကုသပေးလို့ ရနိုင်လောက်ပြီဟု တွေးလိုက်မိသည်။

(ဒီညပဲ သွားကုပေးလိုက်မှထင်တယ် . . .)

(လာမယ့်ရက်တွေအတွင်း ငါသာ ပြန်မလာနိုင်ခဲ့ရင် သူ့အတွက် စိုးရိမ်နေစရာ မလိုတော့ဘူး။ ဆောင်ဂျုရဲ့ ဒဏ်ရာတွေသာ ပျောက်သွားရင် သူ့ကျင့်ကြံမှုအဆင့်လည်း မြန်မြန်တိုးတက်သွားမှာပဲ။ ဒီမော်တယ်ကမ္ဘာမှာတော့ စိတ်ချလက်ချ နေလို့ရသွားလို့ရမယ်။ ဒါပေမယ့် ဒီနေ့သူ့ကြည့်ရတာ ဘာကို မပျော်မရွှင် ဖြစ်နေလဲ မသိပါဘူး . . .)

(ရဲမျိုးနွယ်ကလူတွေ ရောက်လာတယ်တဲ့၊ ချင်းယန်နယ်ပယ်က ရဲမျိုးနွယ်တဲ့၊ သူတို့က ဘာလာလုပ်ကြတာလဲ။ ဒီအရှိုးရာတွေနဲ့ ဆောင်ဂျုပြောတဲ့ ငါ့လူ ဆိုတာကရော ဘာအဓိပ္ပါယ်လဲ . . .)

ရဲရှောင်မှ ဆောင်ဂျုအား ဆက်၍ မေးမြန်းချင်နေသေးသော်လည်း ဆောင်ဂျုမှာမူ အသက်သာ အသေခံသွားမည့်ပုံပင်။

ဆောင်ဂျုတစ်ယောက် နောက်ဆုံးတွင် စိတ်မရှည်တော့သည့်ဟန်ဖြင့် -

“မင်းတို့မျိုးနွယ်က ကောင်းကွက်တစ်ခုမှ မရှိဘူး ဟုတ်တယ်မလား၊ အဲ့ဒါတောင် မင်းကဘာလို့ မေးချင်နေသေးလဲ။ မင်းအဖေကိုတောင် ဘယ်လိုပြောရမှန်းမသိတာ မင်းလည်း တော်လိုက်တော့ . . .”

ရဲရှောင်မှာမူ ထိုသို့ပြောလေ ပို၍ သိချင်လေလေပင် ဖြစ်နေမိသည်။

ဆောင်ဂျုတစ်ယောက် မည်သည့်စကားမျှ ထပ်ပြောခြင်း မရှိတော့ပေ။ နောက်ဆုံးတွင် အိပ်မောကျသွားပြီး မအိပ်ခင် “မျိုးမစစ်ကောင်” ဟူသည့် စကားတစ်လုံးသာ ပြောသွားခဲ့သည်။ မည်သူ့အား ဆဲဆိုလိုက်သည် ဆိုသည်ကို မည်သူကမျှ သိလိမ့်မည် မဟုတ်ပေ။ ရဲရှောင်အ ပြောလိုက်ခြင်း မဟုတ်သည်မှာမူ သေချာပေသည်။ ရဲရှောင်ကိုသာ ထိုသို့ ဆဲဆိုမည် ဆိုပါက “မျိုးမစစ်လေး” ဟူ၍သာ ဆဲဆိုပေလိမ့်မည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now