Chapter (430)"လက်ကိုင်တုတ်"

Start from the beginning
                                    

“ဟဲဟဲ . . . ကျုပ်က လက်ထဲမှာ ဘယ်တော့မှ ငွေစ ၁၀၀ ထက် ပိုမထားဘူး။ ခင်ဗျား မယုံနိုင် ဖြစ်နေတယ် မဟုတ်လား . . .”

ကျောင်းဖင်းရှန် ပြုံးလျက် ပြောလိုက်သည်။

ထိုအပြုံးမှာ နူးညံ့သော အပြုံးမျိုး ဖြစ်သည်။

“ငွေစတစ်ရာထက် ပိုထားမိရင် စိတ်ထဲ မသိုးမသန့် ခံစားမိလို့ ကျန်တဲ့ငွေတွေ အားလုံးကို ပေးပစ်လိုက်တာ . . .”‌

“လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်တစ်ယောက် ဖြစ်တဲ့အတွက် သူများအသက်ကို သတ်ပြီးမှ ငွေရသလို ကျုပ်ကိုယ်တိုင်လည်း အသက်စွန့်နေရတယ် မဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ရတဲ့ ငွေတွေမှာ သွေးနံ့တွေ ဖုံးလွှမ်းနေမှာပဲ။ ကျုပ်သတ်တဲ့ လူတွေအားလုံးက လူဆိုးတွေချည်း ဆိုပေမယ့် ကျုပ်က လူသတ်သမား ဖြစ်နေတယ်။ ကျုပ်ငွေရတဲ့အခါ ကျုပ်အတွက် နည်းနည်းချန်ပြီး ကျန်တာတွေ အားလုံးကို ဆင်းရဲသားတွေကို ပေးပစ်တာပဲဗျ . . .”

ကျောင်းဖင်းရှန် ပြောနေရင်းဖြင့် ဆက်မပြောတော့ဘဲ ခေတ္တခဏ နားလိုက်သည်။ ထို့နောက် တစ်ချက် ပြုံးလိုက်ရင်း -

“အထူးသဖြင့် လက်ထပ်ဖို့ ငွေမရှိတဲ့ လူငယ်စုံတွဲလေးတွေဆိုရင် ပိုပြီး ပေးဖြစ်တယ်။ အချစ်စစ် အချစ်မှန်နဲ့ ချစ်ကြတဲ့ စုံတွဲတိုင်းကို ပျော်ရွှင်စေချင်တယ်လေ . . .”

ကျောင်းဖင်းရှန်သည် ပြောနေရင်းဖြင့် သူ၏ ဘေးနားသို့ နူးညံ့သော အကြည့်မျိုးဖြင့် လှည့်ပတ်ကြည့်သည်။ ယုအာသည် သူ၏ အနားတွင် ရှိနေမှန်း သိသဖြင့် မမြင်ရသည့်တိုင် လိုက်ကြည့်နေမိခြင်း ဖြစ်သည်။

ယုအာမှာလည်း ကျောင်းဖင်းရှန် သူ့အား မမြင်နိုင်မှန်း သိသည့်တိုင် ကျောင်းဖင်းရှန် ကြည့်နေသည့်ဘက်သို့ ရွှေ့ပြောင်းလိုက်သည်။

အရမ်းချစ်ကြသော ချစ်သူနှစ်ဦးသည် ယင်နှင့်ယန်ကဲ့သို့ ဆန့်ကျင်ဘက် ဘုံဘဝသို့ ရောက်ရှိနေကြသည်။ ရဲရှောင်လည်း သက်ပြင်းသာ ချလိုက်ပြီး မည်သည့်စကားမျှ မဆိုတော့ချေ။

ပြောနေရန်လည်း မလိုအပ်တော့ပေ။ ကျောင်းဖင်းရှန်၏ ခံစားချက်အား အခြားသူများထက် ပိုမိုနားလည် စာနာမိသွားသောကြောင့် ဖြစ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now