Chapter (418)"ရှက်ရွံ့နေသည့်သခင်ကြီးဘိုင်"

En başından başla
                                    

“ဘယ်သူများလဲ . . . ဒီလိုဖြစ်အောင် ဘယ်သူလုပ်ရတာလဲ။ တော်တော် အကြင်နာတရား ခေါင်းပါးတဲ့လူပါလား . . .”

“တော်တော်ကို ရက်စက်တဲ့လူ . . . ဒီလိုမျိုးဖြစ်အောင်ကို ရိုက်သွားတာ အတော်ကို ခံရခက်စရာပဲ”

ဝမ်အာ ရှိုက်ငိုရင်း ပြောလိုက်သည်။

ဝမ်အာ၏ စကားကြောင့် သခင်ကြီးဘိုင် ရှက်ရွံ့နေမိသည်။ ပါးစပ်ဟလိုက်ရင်း တစ်စုံတစ်ခု ပြောရန်ဟန်ပြင်သည့်တိုင် မပြောနိုင် ဖြစ်နေလေသည်။

(ငါဘာများ ပြောရဦးမှာလဲ . . .)

(ဒီမော်တယ်ကမ္ဘာကလူပဲ ငါ့ကို ရိုက်သွားတယ်ဆိုတာ ပြောပြလိုက်ရမှာလား . . . ဝက်ခေါင်းလို ဖြစ်အောင် အထိုးခံခဲ့ရတာကို ပြန်ပြောပြနေရမှာလား . . .)

သခင်ကြီးဘိုင် သက်ပြင်းချလိုက်ရင်း -

“အေးအေးဆေးဆေးပဲ နေကြပါ။ ဒါအပြင်ပန်း ဒဏ်ရာတွေပါကွာ။ မင်းတို့ကိုယ် မင်းတို့လည်း ပြန်ကြည့်ဦး၊ အရမ်းကို အစိုးရိမ်လွန်နေကြပြီ။ ငါဘာမှ မဖြစ်ပါဘူး။ အားလုံး ပြန်သက်သာဖို့အတွက် နေ့ဝက်လောက်ပဲ လိုတာလေ။ ဘာလို့များ ဒီလောက်ထိ ဝမ်းနည်းနေရတာလဲ။ ငါဒဏ်ရာရရင် ပြန်ကောင်းဖို့ ဘယ်လောက်မြန်လဲဆိုတာ မင်းတို့လည်း သိထားပြီးသားဟာ . . .”

“ကျွန်မ ရင်ထဲမှာ နာကျင်ရတယ် . . .”

“ဒီလိုဖြစ်အောင် ဘယ်သူလုပ်တာလဲ။ သူလုပ်သွားတာကိုလည်း ကြည့်ပါဦး . . . လူရုပ်တောင် မပေါ်တော့ဘူး . . .”

ဝမ်အာ မျက်ရည်များ စီးကျရင်း ပြောလိုက်သည်။

သခင်ကြီးဘိုင် သက်ပြင်းသာ ချလိုက်မိသည်။

(အရူးမလေးတွေပဲ . . . ငါ့ကို စိတ်သက်သာရာရအောင် လုပ်နေတာလား၊ စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နေကြတာလား၊ ဒီစကားတွေကို မင်းတို့စိတ်ထဲမှာပဲ ထားကြလေ။ ဘာလို့ ဒီလိုတွေ ထုတ်ဖော်ပြောဆိုနေရတာလဲ . . .)

(ငါကတော့ သူတို့ကို ညနေလောက်မှ ပြန်ရောက်ကြမယ်လို့ တွေးနေတာ၊ အဲဒီအချိန် ငါလည်း သက်သာနေလောက်ပြီပေါ့၊ အခုတော့ မထင်မှတ်ဘဲ ခဏလေးနဲ့ ရောက်လာကြတယ်။ ငါတော့ အရှက်ကွဲရပါပြီ . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားHikayelerin yaşadığı yer. Şimdi keşfedin