Chapter (416)"လှုံ့ဆော်မှု"

Depuis le début
                                    

ယခုလို အချိန်တွင် သူသည် မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ ဖြစ်နေချေပြီ။ သူ၏ အသွေးထဲအသားထဲမှ စွမ်းအားများ အကုန်အစင် ထုတ်သုံးနေခြင်းဖြစ်ပြီး ယခုနေ နင်ဘီလျူနှင့် ရင်ဆိုင်တိုက်ခိုက်မည် ဆိုလျှင်ပင် နင်ဘီလျူသာ ရှုံးနိမ့်သွားပေလိမ့်မည်။

ကျောင်းဖင်းရှန်အဖို့ သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အစွမ်းကုန် တိုက်ခိုက်နေခြင်း ဖြစ်ပေသည်။
အရာအားလုံးသာ ဂျိမိန်ဇန် တွေးထင်ထားသကဲ့သို့ ဖြစ်လာမည် ဆိုလျှင် ယခုလို အစွမ်းမျိုး ကျောင်းဖင်းရှန် ထုတ်ပြနိုင်လိမ့်မည် မဟုတ်ပေ။

ယခုအချိန်တွင် ရဲရှောင်၏ ကံကောင်းခြင်းလား၊ ဂျိမိန်ဇန်၏ ကံဆိုးခြင်းလား ဟူ၍ မခွဲနိုင်တော့သလိုပါပင်။

ကျောင်းဖင်းရှန်နှင့် ရဲရှောင်တို့၏ အနောက်တွင် ခေါင်းပြတ်များ၊ ခြေပြတ်၊ လက်ပြတ်များဖြင့် ပြည့်နေပြီ ဖြစ်သည်။

“ငါတို့တွေ အချိန်အကြာကြီး အတူတူလက်တွဲလာခဲ့တဲ့ သံယောဇဉ်ကြောင့် နောက်ဆုံး အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ မြန်မြန်ထွက်သွားကြစမ်း၊ ဒီလိုမှ မဟုတ်ရင် အားလုံးကို သတ်ပစ်မယ်”

ကျောင်းဖင်းရှန် အော်ပြောလိုက်သည်။ သူသည် ဂျိမိန်ဇန်အား အေးစက်စက် မျက်လုံးများဖြင့် ကြည့်နေလေ၏။

ဂျိမိန်ဇန်၏မျက်နှာ ဖြူရော်ရော် ဖြစ်သွားလေသည်။ အလွန်အမင်း ထိတ်လန့် တုန်လှုပ်နေသလို စိတ်လည်းတိုနေ၏။

“ကျောင်းဖင်းရှန် . . . မင်းက ကိုယ့်စကားကိုယ် မတည်ဘူး။ တော်တော် အရှက်မဲ့တဲ့ကောင်ပဲ။ ငါ့ဆီက ငွေစတစ်သိန်းကို လက်ခံခဲ့တာ မေ့သွားပြီလား။ လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်တစ်ယောက်ရဲ့ ကျင့်ဝတ်ကို ဖောက်ဖျက်လိုက်တာပဲ။ မင်းလိုလူမျိုးအတွက် လုပ်ကြံသတ်ဖြတ်ရေး လောကမှာ နေရာမရှိတော့ဘူး . . .”

ကျောင်းဖင်းရှန်သည် သူ့ကို ပြောနေသည့် စကားလုံးများအား မကြားသကဲ့သို့  ခြေလှမ်းကြဲကြီးများဖြင့် ဆက်လျှောက်နေဆဲ ဖြစ်သည်။ သူ၏ဓားမှလည်း အပြာရောင် အလင်းတန်းများ လင်းလက်လျက် ရှိနေ၏။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားOù les histoires vivent. Découvrez maintenant