Chapter (411)"ကြိုးစားခွင့်"

Start from the beginning
                                    

လူအားလုံး၏ စိတ်ထဲတွင် ထိုကဲ့သို့ တွေးမိလိုက်ကြသည်။ ဖန်ဧကရာဇ်၏လက် ရွှေရောင်တောက်ပသွားစဉ်က ထိုလက်ဖြင့် ချင်ဝု၏ ဓားအား ရှောင်တိမ်းခြင်း မပြုဘဲ တည့်တိုးပင်ခံလိုက်သည်။

အကယ်၍ ရှောင်တိမ်းလိုက်မည် ဆိုပါက ဖန်ဇီလင်၏ အစွမ်းအား ကောင်းစွာ သိနိုင်ကြမည် မဟုတ်ပေ။ ထိပ်တိုက် ထိမှန်စေလိုက်ခြင်းဖြင့် သူ၏ စွမ်းအင်အမှန်များအား ပြသလိုက်သည့်ပုံပင်။

ထို့ကြောင့်ပင် ကောင်းကင်အဆင့် ၄ ပညာရှင်ဖြစ်သည့် ချင်ဝုသည်လည်း ရပ်တန့်သွားခဲ့ရခြင်း ဖြစ်သည်။ တဟုန်ထိုး တိုက်ခိုက်ရန် ဟန်ပြင်နေရာမှ ရုတ်တရက် တန့်သွားရခြင်း ဖြစ်သည်။

ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပင် ဖန်ဧကရာဇ်သည် ချင်ဝုအား သတ်ဖြတ်နိုင်ခဲ့သည်။

ထိုလှုပ်ရှားမှုများအား ဖန်ဇီလင်သည် တစ်ချက်မှ နား
ခြင်း မရှိဘဲ ဆက်တိုက်လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။ သူ၏ လှုပ်ရှားမှုများနှင့် တိုက်ခိုက်မှုများသည် တိကျသေသပ်၍ အမှားအယွင်းဟူ၍ လုံးဝမရှိပေ။

ချင်ဝု၏ ဓားချက်သည် ဖန်ဇီလင်အား ထိခိုက်အောင် မလုပ်နိုင်ခဲ့သည့်အပြင် အခွင့်အရေး ပေးလိုက်သလိုပင် ဖြစ်သွားခဲ့သည်။

သူ၏ အဖွဲ့သားများ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားသည့်အချိန်တွင် ဂျိမိန်ဇန်သည် သွေးအေးအေး မနေနိုင်တော့ချေ။ ထို့ကြောင့် ဘေးရှိ အဘိုးကြီး ၂ ယောက်အား အံကြိတ်၍ ကြည့်လိုက်ရင်း -

“ဒါကအဆင့် ၂ ဟုတ်လား . . . ခင်ဗျားတို့ ပြောတော့ သေချာတယ်ဆို . . .”

အဘိုးကြီး ၂ ဦးလည်း ရှက်အမ်းအမ်းဖြင့် မည်သို့ မည်ပုံ ပြန်ပြောရမည်ကို မသိတော့ချေ။

အဘိုးကြီး ၂ဦး အနေဖြင့် ဖန်ဇီလင်နှင့် မတွေ့ခင်အချိန်က တစ်ဖက်လူ၏ အဆင့်အတန်းအား ခန့်မှန်းသည့် နေရာတွင် မည်သည့်အခါမျှ မလွဲခဲ့ဖူးချေ။ တစ်ခါတစ်ရံ အနည်းငယ်ကွာခြားချက် ရှိနေသည့်တိုင် ယခုလောက်အထိ မမှားယွင်းခဲ့ဖူးကြချေ။ လက်ရှိအချိန်တွင် သူတို့၏ ခန့်မှန်းချက်များသည် တက်တက်စင်အောင်ပင် လွဲချော်နေခဲ့သည် မဟုတ်ပါလော။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now