Chapter - 367"စံပြပုဂ္ဂိုလ်"

Start from the beginning
                                    

ဝတ်ရုံနက်ဖြင့်လူမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေး ပညာရှင်တစ်ဦးဟုပင် ဖြစ်ရမည်ဟု အားလုံး၏ စိတ်ထဲ၌ မှတ်ယူထားလိုက်ကြပါတော့သည်။

********

ထိုအချိန်တွင် ဖြစ်စဉ် အစအဆုံးအား ထိုင်ကြည့်နေခဲ့သည့် လူတစ်ဦး ရှိလေသည်။ ထိုလူမှာ အစီအစဉ်ကြီး တစ်ခုလုံး၏ ပဲ့ကိုင်ရှင်ဖြစ်သော ရဲရှောင်ပင် ဖြစ်သည်။

ရဲရှောင်သည် နေရောင်ဂိုဏ်းနှင့် အနန္တရေကန်အဖွဲ့အား ရန်တိုက်ပေးခဲ့ရသည့်အတွက် အလွန် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ လျူချန်းဂျန်အနေဖြင့် ပေးအပ်သည့် တာဝန်အား ကျေပွန်စွာ ထမ်းဆောင်နိုင်လိမ့်မည်ဟု ရဲရှောင် ထင်မြင်မိခဲ့သည်။ ထို့ကြောင့် အခြေအနေများအား သွားရောက် စစ်ဆေးရန် မလိုအပ်ကြောင်း ယူဆထားခဲ့သည်။ သို့သော် စိတ်ထဲတွင် စိုးရိမ်လာမိသဖြင့် လျူချန်းဂျန် ရှိရာသို့ ရောက်လာခဲ့သည်။ ရဲရှောင်ရောက်သည့်အချိန်၌ နင်ဘီလျူ၏ ပြကွက်ဆန်းများအား မြင်တွေ့လိုက်သည်။

လူအုပ်ကြီးအား ကြည့်ရင်း ရဲရှောင်၏ ရင်ထဲတွင် ဗလောင်ဆူသွားကာ တုန်လှုပ်သွားမိသည်။

(ဘုရားရေ . . . နင်က တော်တော်ကို စွမ်းတာပါလား။ ဒီအတိုင်း ရပ်နေရင်းနဲ့ကို ရန်သူတွေ တုန်လှုပ်ခြောက်ခြားသွားအောင် လုပ်နိုင်ခဲ့တယ်။ လေးစားစရာပဲ . . .)

(ဒါပေမယ့် . . . ဒါပေမယ့် ငါက ကောလဟလအတုကို သတင်းဖြန့်ခိုင်းတာလေ။ ခင်ဗျားတို့ လုပ်ရမယ့် တာဝန်ကို မကျေပွန်ဘဲ ဒီလို ပညာပြနေတာတော့ မဟုတ်သေးဘူး။ ကျုပ်ခိုင်းတဲ့ အလုပ်ကြ မပြီးမြောက်သွားဘူးပေါ့ . . .)

ရဲရှောင်၏ စိတ်ထဲတွင် မကျေမချမ်း ဖြစ်သွားမိသည်။

(ခင်ဗျားတို့က သတင်းဖြန့်ရမယ့်အစား အစွမ်းပြနေကြတယ်။ ကျုပ်ပဲ ခင်ဗျားတို့ကို အရှုံးပေးလိုက်ပါတော့မယ် . . .)

“တော်တော်ကို မိုက်တယ်ဗျာ . . . တကယ့်ကို အံ့သြစရာပဲ . . .”

လျူချန်းဂျန်သည် ထိုစကားလုံးများကိုသာ အားပါးတရဖြင့် ထပ်ခါတလဲလဲ ပြောဆိုနေလျက် ရှိသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now