Chapter - 365"ကျားရဲတွင်းသို့"

Start from the beginning
                                    

မိမိကိုယ်တိုင် လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်တစ်ဦး ဖြစ်သဖြင့် ထိုနေရာသို့ သွားနိုင်ရန်မှာ ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပေ။ ထိုနေရာရှိ လူအားလုံး သူပြောချင်သည့် သတင်းအား သိသွားလျှင် သူ၏ တာဝန် ကျေပြီ ဖြစ်သည်။

လျူချန်းဂျန်သည် ထိုတာဝန်အား လက်ခံရယူခဲ့စဉ်က မိမိအတွက် လွယ်ကူလွန်းလှသည်ဟု ထင်မြင်မိခဲ့သည်။ သို့သော် ထိုနေရာသို့ ရောက်ရှိသွားသည့်အခါ အထင်နှင့်အမြင် တက်တက်စင်အောင်ပင် လွဲသွားခဲ့ရသည်။ လက်ရှိအချိန်တွင် အသက်နှင့် ခန္ဓာကိုယ် အိုးစားကွဲမတတ်ပင် ထွက်ပြေးနေခဲ့ရပြီ မဟုတ်ပါလော။

“ဝှစ် ဝှစ် ဝှစ် . . .”

ထိုနေရာသို့ လျူချန်းဂျန် ရောက်သွားသည်နှင့် လုပ်ကြံသတ်ဖြတ်ရေး ပညာရှင် ရာပေါင်းများစွာတို့သည် ချက်ချင်းပင် သူရှိရာသို့ ရောက်လာကြသည်။ ထိုလူများအနက် လူတစ်ဝက်လောက်တွင် အပြာရောင် အလင်းတန်းများ ထွက်ပေါ်လျက် ရှိနေသည်။

အလွန်များပြားသော လူအုပ်ကြီးပင်ဖြစ်ပြီး မျက်စိတစ်ဆုံး မြင်နေရသည်။

အံ့ဩလွန်းသွားသဖြင့် လျူချန်းဂျန် ကြောင်ငေးသွားမိခဲ့သည်။

(ဘယ်လိုဖြစ်တာလဲ . . . မော်တယ်ကမ္ဘာမှာရှိတဲ့ ထိပ်တန်း လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်တွေ အားလုံးက ဒီရောက်နေကြတာလား . . .)

လျူချန်းဂျန်၏ အဖြစ်သည် သိုးအုပ်အတွင်း ရောက်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ပင် ရှိနေလေသည်။ အမှန်တကယ်တွင်မူ သိုးအုပ်မဟုတ်ဘဲ ခြင်္သေ့အုပ်ကြီး ဖြစ်နေခဲ့သည်။

ပညာရှင်လူအုပ်ကြီးအား ကြည့်ရင်း လျူချန်းဂျန်သည် အူလှိုက်သည်းလှိုက်ပင် ထိတ်လန့်ကြောက်ရွံ့သွားသည့်အတွက် စကားလုံး ၂ လုံးသာ ရေရွတ်နိုင်လိုက်သည်။

“သေစမ်း . . .”

ထို့သို့ ရေရွတ်လိုက်ပြီးသည်နှင့် လျူချန်းဂျန်သည် ဖနောင့်နှင့်တစ်သားတည်း ကျအောင်ပင် ပြန်လှည့်၍ ပြေးပါတော့သည်။

သို့သော် ရာပေါင်းများစွာသော လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်များသည် လျူချန်းဂျန်အား ယခုကဲ့သို့ အလွယ်တကူ အလွတ်ခံမည် မဟုတ်ချေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now