Chapter - 354"အရက်သောက်ကြခြင်း"

Zacznij od początku
                                    

အသက်ရှူသံများသည်လည်း ပုံမှန် မဟုတ်တော့သည့်အတွက် သူ၏ ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲမတတ် ဖြစ်နေခဲ့သည်။ ထို့ကြောင့် အသက်အား ဖြည်းဖြည်းချင်း ထိန်း၍ ရှူနေရသည်။

(သေတော့မလိုပါလား . . . ငါစီစဉ်ထားတာနဲ့ နည်းနည်း လွဲသလို ဖြစ်သွားတယ် . . .)

(ဒါပေမယ့် ဒီအထိ ရောက်လာလို့သာ တော်တော့တယ်။ အနန္တသူတော်စင်က ဒီနားမှာ ရှိမှာပဲ။ နေရောင်ဂိုဏ်းက လူတွေရဲ့ ဆဲနေတဲ့ အသံကို သေချာပေါက် ကြားလိမ့်မယ်။ ဒီအော်သံတွေကိုတော့ သူ လျစ်လျူမရှုဘူး ထင်တာပဲ . . .)

ရဲရှောင် တစ်ကိုယ်တည်း တွေးနေမိသည်။

နောက်ဆုံးတွင် အနန္တသူတော်စင်၏ အက်ကွဲကွဲ အသံကြီးအား ကြားလိုက်ရသည့် အခါမှသာ ရဲရှောင် စိတ်ဒုန်းဒုန်းချလိုက်မိလေသည်။

(တော်သေးတာပေါ့ . . . နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီ . . . စိတ်အေးလက်အေး နေလို့ရပြီ။ အနန္တသူတော်စင် ပေါ်လာပြီဆိုတော့ ငါအသက်လုပြီး ပြေးလွှားခဲ့ရသမျှ အလဟဿ မဖြစ်တော့ဘူး . . .)

. . .

အနန္တသူတော်စင်သည် ဒေါသယမ်းပုံ ကျလျက် ရှိသည်။

ယခုကဲ့သို့ ဒေါသထွက်စရာကောင်းသည့် အခြေအနေမျိုးနှင့် မကြုံဖူးသည့် ပုံစံပင်။

အနန္တသူတော်စင်သည် အမတ်ကြီးဇူ၏ အိမ်တော်တွင် အေးအေးဆေးဆေး နေထိုင်ရင်း သူ၏ လက်အောက်ငယ်သား ၂ ယောက်နှင့်အတူ သောက်စားနေခဲ့သည်။

လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ဦးအဖို့ အရက်သောက်ခြင်းသည် ကောင်းသောအလုပ် မဟုတ်ချေ။
လျှို့ဝှက်စွာ နေထိုင်ကြရသူများ ဖြစ်သည့်အတွက် သတိလက်လွတ်၍လည်း မရပေ။ စိတ်အာရုံပျံ့လွင့်မှု အနည်းငယ် ဖြစ်မည် ဆိုလျှင်ပင် ကိုယ်လုပ်ရမည့် အလုပ်များ အောင်မြင်မှုနှင့် ဝေးကွာကာ ကျရှုံးသွားရပေလိမ့်မည်။ အဆိုးဆုံး အခြေအနေအရ အသက်ပင် စတေးရနိုင်ပေသည်။ ထို့ကြောင့် အနည်းငယ်မျှ အမှားခံ၍ မရချေ။

သို့သော် ယောက်ျားသဘာဝအရ တခါရံတွင် အပျင်းပြေ သဘောမျိုးဖြင့် သောက်ချင်ကြသေးသည်။ ထိုအရက်သည်ပင်လျှင် လုပ်ကြံသတ်ဖြတ်သူ တစ်ဦးအတွက် ကိုယ့်သေတွင်းကိုယ်တူးမိစေနိုင်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားOpowieści tętniące życiem. Odkryj je teraz