Chapter - 350"အသေအချာ သိသွားကြခြင်း"

Start from the beginning
                                    

မည်သည့်စကားမျှ မဆို နှုတ်ဆိတ်နေသော်လည်း ထိုလူ၏ မျက်လုံးများမူ စူးရှသည်ထက် စူးရှလာခဲ့သည်။ ဂျိချန်းဖန်သည် အခြေအနေ မဟန်တော့မှန်း ကြိုသိသဖြင့် အသင့်ရှိနေစေရန် သူ၏ စွမ်းအင်များအား စုစည်းထားလိုက်သည်။

ထို့နောက် ဂျိချန်းဖန်မှ -

“ဘာလဲ . . . မင်းငါပြောဒီလိုပြောတာ ဘယ်လိုမှ မခံစားရဘူးပေါ့။ ဟားဟား မင်းကို ဘယ်သူဆိုတာ သက်သေပြဖို့အတွက် စကားလုံး နည်းနည်းလောက်ပဲ လိုတာပါ . . .”

မျက်နှာဖုံးတပ် ဝတ်ရုံနက်လူသည် ရုတ်တရက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး -

“မင်းကိုယ်မင်း ဘာထင်နေလို့လဲ။ မင်းပြောခိုင်းတိုင်း ငါကပြောရမှာလား။ ဟုတ်တယ်လည်း မပြောဘူး၊ မဟုတ်ဘူးလည်း မပြောဘူးကွာ ဘာလုပ်ချင်လဲ . . .”

ဂျိချန်းဖန် ခေါင်းညိတ်လိုက်ရင်း -

“မင်းပြောပြော မပြောပြော အရေးမကြီးတော့ပါဘူး။ ဒါပေမယ့် မင်းဒီကနေ ပြန်ထွက်သွားဖို့ ဆိုရင်တော့ တော်တော် ခက်ခဲလိမ့်မယ် . . .”

ဂျိချန်းဖန် သူ၏ လက်တစ်ဖက်အား ဝေ့ယမ်းလိုက်သောအခါ နေရောင်ဂိုဏ်းမှ ထိပ်တန်းအဆင့် ပညာရှင် ၁၅ ယောက်သည် ချက်ချင်းပင် အနက်ရောင်ဝတ်လူအား ဝိုင်းထားလိုက်ကြသည်။

ထိုအခါ အနက်ရောင်ဝတ်လူသည် တစ်ချက် ရယ်လိုက်ကာ -

“မင်းတို့က တော်တော် ဉာဏ်တိမ်တဲ့ ကောင်တွေပဲ။ ကမ္ဘာကြီး ဘယ်လောက် ကျယ်ပြန့်တယ် ဆိုတာကို တကယ်မသိကြဘူးထင်တယ်။ ငါလာချင်ရင် လာနိုင်သလို ထွက်သွားချင်ရင်လည်း သွားနိုင်တယ်။ မင်းတို့က ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား။ အသုံးမကျတဲ့ မျိုးမစစ်တစ်သိုက်ကများ ငါ့ကို တားချင်နေကြသေးတယ် . . .”

ပြောနေစဉ်မှာပင် ထိုလူသည် လေထဲသို့ ခုန်တက်လိုက်၏။ အမှန်တကယ် ပြန်တော့မည့် ပုံစံပင်။

ဂျိချန်းဖန်မှ -

“မင်းသွားချင်လည်း သွားပေါ့။ ဒါပေမယ့် ငါသိချင်တာ တစ်ခုက အနန္တသူတော်စင် ဘာလို့ ငါတို့ဆီ လာစော်ကားလဲ ဆိုတာပဲ။ ငါတို့လူ ၁ ယောက်ကိုတောင် သတ်သွားသေးတယ်။ အဲဒါကိုတောင် ဘာဖြေရှင်းချက်မှ မပေးဘဲ တာဝန်မဲ့ ထွက်သွားချင်တယ်ပေါ့ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now