Chapter - 348"လုပ်ငန်းစတင်ခြင်း"

Start from the beginning
                                    

ညဉ့်နက်နက်တွင် လေပြည်လေညှင်းများ တိုက်ခတ်လျက် ရှိသည်။

ထိုအချိန်တွင် အနက်ရောင်ဝတ်စုံ ဝတ်ထားသော ရဲရှောင်သည် အိမ်အမိုးများပေါ်မှ လေနှင့်အတူ ပြေးလွှား နေသည်။

ရုတ်တရက် ရဲရှောင်၏ စိတ်ထဲတွင် သက်တောင့်သက်သာ ဖြစ်လာသကဲ့သို့လည်း ခံစားနေမိသည်။ ယခင်ဘဝ ချင်းယန်နယ်ပယ်တွင် နေထိုင်ခဲ့ရသည့် အကြောင်းကိုလည်း တွေးလိုက်မိသည်။

ယခုအခါ ချင်းယန်နယ်ပယ်သို့ ပြန်လည်ရောက်ရှိရန် နီးကပ်လာချေပြီ။

ထိုအချိန် နေရောင်ဂိုဏ်းမှ လူများသည် ဒေါသထွက်နေကြသည်။ ပါးစပ်မှ အဆက်မပြတ် ဆဲဆို နေမိကြသော်လည်း အသံကျယ်ကျယ်တော့ မထွက်ရဲကြချေ။ တစ်ယောက်ယောက် ကြားသွားမည်ကို လန့်နေကြသည့် ပုံပင်။

ဒဏ်ရာရသွားသည့် မုတ်ဆိတ်မွှေးများနှင့် လူသည် သာမန်လူတစ်ဦးတော့ မဟုတ်ချေ။ နေရောင်ဂိုဏ်း ဂိုဏ်းချုပ်၏ တူတစ်ဦးပင် ဖြစ်သည်။ ကျင့်ကြံမှုပိုင်းတွင်လည်း ခရီးအတော် ရောက်နေသူဖြစ်ပြီး သူ၏ နာမည်မှာ မူဇိဇူ ဖြစ်လေသည်။ အစွမ်းအစ ရှိသည့်အပြင် ကျောထောက်နောက်ခံ တောင့်တင်းသူ တစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့် ဘဝင်အနည်းငယ် မြင့်နေသောကြောင့် လူအများစုမှ မူဇိဇူအား သဘောမကျကြချေ။

အားလုံးသည် ထိုလူအား ကုသပေးရန် ကြိုးစားနေကြသည့်တိုင် မည်သူမျှ နှစ်သိမ့်စကား မပြောပေးကြပေ။ စိတ်ထဲ မနှစ်မြို့ကြသည့်တိုင် မြင်လိုက်ကြရသည့် မြင်ကွင်းမှာ သွေးပျက်စရာပင် မဟုတ်ပါလော။

နှစ်သိမ့်စကား ပြောဆိုပေးရန် ခက်ခဲသော အခြေအနေပင် ဖြစ်နေလေသည်။

"မင်းနေပြန်ကောင်းလာတဲ့ အခါကျမှ ဝမ်အာဆိုတဲ့ ခွေးမကို ပြန်ကလဲ့စား ချေပေါ့။ မုဒိန်းပါ ကျင့်ဦးမလား . . ."

မည်သူမျှ ထိုကဲ့သို့ ပြောရဲကြမည် မဟုတ်ချေ။

ရိုင်းစိုင်းသော စကားလုံးများဖြင့် တီးတိုး ရေရွတ်နေကြသည့်တိုင် ကျယ်ကျယ် မပြောရဲကြချေ။ မတော်တဆ ဝမ်အာသာ ကြားသွားမည် ဆိုပါက ချက်ချင်းပင် အသတ်ခံရဖွယ် ရှိသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now