Chapter - 345"သေသည့်တိုင် တာဝန်ယူမည်"

Start from the beginning
                                    

နင်ဘီလျူသည် ထိုစကားများအား အေးဆေးတည်ငြိမ်စွာ ပြောနေသော်လည်း ရဲရှောင်နှင့် လျူချန်းဂျန်တို့မှာမူ နင်ဘီလျူ၏ ရင်ထဲမှ အမုန်းတရားများအား ခံစားမိလိုက်ကြသည်။

“အဲဒီ ၅ နှစ်မှာ ငါတို့တွေ လူမဆန်တဲ့ကောင်တွေနဲ့ အတူနေခဲ့ကြရတယ်။ ငါဆိုရင် သေလုမျောပါး အရိုက်ခံခဲ့ရတာ အကြိမ်ရေတောင် မရေတွက်နိုင်ဘူး။ လူကြီးအချို့က ငါ့ကို အမြဲ ကယ်တင်ပေးခဲ့တယ်။ သူတို့ထဲက တချို့ဆိုရင်လည်း င့ါကြောင့် သေရင်သေ၊ မသေရင် ဒုက္ခိတ ဖြစ်ကုန်ကြရတယ် . . .”

“နောက်ဆုံးတော့ ငါလွတ်မြောက်လာခဲ့တယ်။ အများကြီးလည်း နားလည် သင်ယူနိုင်ခဲ့တယ်။ ငါအဲဒီနေရာကို ပြန်ရောက်တော့ ဒီလူတွေ အားလုံးကိုသတ်ဖို့အတွက် တစ်နှစ်လုံး အချိန်ပေးခဲ့ရတယ်။ အနက်ရောင်ဝတ် လူပေါင်း ၇ ထောင်ကျော်ကိုပေါ့ . . .”

“ဒါပေမယ့် ငါတို့လူ ၅ ထောင်လောက်ပဲ အသက်ရှင် ကျန်နေတော့တယ်။ သူတို့ကို ငါကယ်တင်ခဲ့ တယ်။ သူတို့တွေ သနားစရာ ကောင်းလောက်အောင် နှိပ်စက်ခံခဲ့ကြရတယ်။ အဲဒီထဲက လူ ၄ ထောင်က ဒုက္ခိတတွေပဲ . . .”

“ကလေးစုစုပေါင်းက ၂၀၀ လောက် ရှိလိမ့်မယ် . . .”

“ဒါငါလျစ်လျူရှုထားလို့ မရတဲ့ င့ါတာဝန်ပဲ . . .”

ထိုစကားများအား ပြောဆိုနေသည့် နင်ဘီလျူ၏ မျက်နှာသည် လေးနက်တည်ကြည် လျက်ရှိသည်။

“အလုပ်တွေကို ရူးသွပ်ရလောက်အောင်ထိ လက်ခံခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့အားလုံးအတွက် ငါငွေလိုတယ်လေ . . .”

“ဘယ်တော့မှ လောက်ငှတယ်ဆိုတာ မရှိဘူး . . .”

“အဲဒီလိုနဲ့ သူတို့ထဲက လူငယ်မျိုးဆက်သစ်တွေက ငါနဲ့အတူ အလုပ်လုပ်ဖို့ ပြောလာကြတယ်”

ရဲရှောင်နှင့် လျူချန်းဂျန်တို့သည် နင်ဘီလျူ ဆက်ပြောမည့် စကားများအား ကြို၍ ရိပ်မိသွားကြသည်။ နင်ဘီလျူပင် ပြောပြနေစရာ မလိုတော့ချေ။

ထိုလူငယ်များသည် နင်ဘီလျူ၏ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့ဝင်များပင် ဖြစ်ပေလိမ့်မည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now