Chapter - 341"ဝမ်အာရောက်လာခြင်း"

Start from the beginning
                                    

နင်ဘီလျူ ရဲရှောင်အား ကြည့်ရင်း ပြန်ဖြေလိုက်သည်။

ရဲရှောင် မျက်မှောက်ကြုတ်လျက် -

“ခင်ဗျားက ကျုပ်အပေါ် ဘာအကြွေးတင်နေတာလဲ . . .”

ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုအား သတိရသွားသည့်ဟန်ဖြင့် -

“အင်း . . . ဟုတ်တယ်။ အခု ခင်ဗျားအကူအညီကို ပြန်ယူရတော့မှာပဲ . . .”

နင်ဘီလျူသည် တည်ငြိမ်သော အကြည့်များဖြင့် ရဲရှောင်အား ကြည့်ရင်း -

“ဘယ်လိုအရာဖြစ်ဖြစ်၊ ဘယ်အချိန်ဖြစ်ဖြစ်၊ ငါ့အသက် သေဆိုရင်တောင် သေပေးလို့ရတယ် . . ."

ရဲရှောင် အသက်ပြင်း တစ်ချက် ရှူသွင်းလိုက်ကာ -

“ကောင်းပြီ . . .”

“အခု အခြေအနေတွေက ရှုပ်ထွေးနေတယ်။ ခင်ဗျားလိုလူ ကျုပ်ဘက် ရှိတော့ ကျုပ်အတွက် ခံသာသေးတာပေါ့ . . .”

တကယ်လက်တွေ့တွင်လည်း ရဲရှောင်အနေဖြင့် နင်ဘီလျူအား မြင်တွေ့လိုက်ရသည့်အတွက် မိမိကိုယ်ကို ပို၍ ယုံကြည်မှု ရှိလာသည့်အလား ခံစားလိုက်ရသည်။

နင်ဘီလျူသည် အရိပ်ပြ အကောင်မြင်သောသူ တစ်ဦးဖြစ်သည်။

ထို့နောက် ရဲရှောင်တို့သည် အိမ်သို့ ပြန်လာခဲ့ကြသည်။

ရဲရှောင်သည် အကြံအစည်တစ်ခုအား အကောင်အထည်ဖော်ရန် ကြိုးစားနေခြင်းပင် ဖြစ်ပါတော့သည်။

. . .

ထိုနေ့ညမှာပင် ဝမ်အာသည် မြို့၏ အရှေ့ပိုင်းသို့ ရောက်လာခဲ့သည်။

“နေရောင်ဂိုဏ်းကလူတွေ . . . မြန်မြန်ထွက်လာခဲ့ကြစမ်း . . .”

ဝမ်အာ၏ အသံသည် ချိုသာသော်လည်း သြဇာလွှမ်းမိုးမှု အပြည့်ပါဝင်လျက် ရှိသည်။

သူမ၏ အသံအား ကြားလိုက်ရသောအခါ အိမ်ထဲမှ အရည်ရှည်ရှည် ဗလတောင့်တောင့် လူတစ်ဦးသည် ဒေါကြီးမောကြီးဖြင့် -

“ဘယ်ကခွေးမ ရောက်လာတာလဲ။ ငါတို့ကိုများ ဒီလို ပြောရဲသေးတယ်။ နေရောင်ဂိုဏ်းကို ဘာထင်နေလဲ။ အခုပဲ လည်ပင်းပြတ်ပြီမှတ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now