Chapter - 340"နိုင်ငံရေးနားမလည်သောရဲရှောင်"

Start from the beginning
                                    

“သိပ်ပြီးလည်း အံ့သြမသွားနဲ့ဦး။ မပြီးသေးဘူး။ အံ့သြစရာကောင်းတဲ့ အပိုင်းက အခုမှလာမှာ။ ခုဏက ပြောတာ မြို့ထဲဝင်တဲ့ လူဦးရေကို ပြောတာနော်။ မြို့ထဲက ထွက်တဲ့ လူဦးရေကကျ ပုံမှန်ပဲ။ အဲဒီတော့ သဘောက မြို့ထဲမှာ လူစိမ်းတွေ ထောင်နဲ့ချီပြီး ရောက်နေကြတာ။ သူတို့က ဒီကို ဘာလာလုပ်ကြတာလဲ။ ဘယ်သူတွေလဲ . . .”

“ရှင်းပါတယ် . . . အများစုက လင်းပါအိုက ဖန်ဇီလင်ဆီ လာကြတာပေါ့။ ဝမ်ဇန်းဟိုကြောင့်လည်း ပါတယ်။ ဒါပေမယ့် ဒီလူတွေ အားလုံးက လင်းပါအို တစ်ခုတည်းကို အာရုံစိုက်ထားကြတာတော့ မဟုတ်ဘူးကွ။ ဒါက ချန်နိုင်ငံတော်ရဲ့ မြို့တော် မဟုတ်လား။ ငါ့အထင် တော်ဝင်မျိုးနွယ်ကိုလည်း စောင့်ကြည့်နေကြတာ ဖြစ်မယ်။ ပြောရရင် တစ်မြို့လုံးကို ပစ်မှတ် ထားနေတဲ့ သဘောပဲ . . .”

ရဲရှောင် ခေါင်းညိတ်လိုက်ရင်း -

“မင်းပြောချင်တာကို ငါနားလည်တယ်။ ကျိုးကြောင်းလည်း ဆီလျော်တယ်။ ဒါပေမယ့် ဒီလူတွေကို ရင်ဆိုင်နိုင်မယ့် နည်းလမ်း မင်းမှာ မရှိဘူးလား။ ဘယ်လိုများ လုပ်ရင် ရနိုင်မလဲ . . .”

ဇုဝူကျီ သူ၏ မေးစေ့အား ပွတ်လိုက်ကာ -

“ဒါက သော့ဂလောက် တစ်ခုလိုပဲ။ ဒါကို ဖွင့်နိုင်မယ့် သော့တစ်ချောင်းတော့ ရှိရမှာပေါ့။ ငါစဉ်းစားထားမိတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် လုံလောက်တဲ့ အင်အားမျိုး ရှိဖို့ လိုမယ်။ မင်းလက်ပြတ်နေရင် သူများကို လက်သီးနဲ့ ထိုးလို့ ရပါ့မလား။ အင်အားမရှိရင် ဘာမှ လုပ်မရဘူးကွ”

ရဲရှောင် ဇုဝူကျီအား စူးစိုက်ကြည့်လိုက်ရင်း -

“ဒီလိုလေကွာ၊ ငါပြောချင်တာက မင်းအတွက် လုံလောက်တဲ့ အင်အားမျိုး တစ်ယောက်ယောက်က ပေးနိုင်တယ်ဆိုရင် မင်းဒီအခြေအနေကို ဘယ်လိုရင်ဆိုင်မလဲ သိချင်တာ . . ."

ဇုဝူကျီလည်း ရဲရှောင်အား စေ့စေ့ကြည့်လျက် -

“လွယ်ပါတယ် . . . ဒီလူတွေ လိုချင်တာကို ပေးလိုက်ရုံပဲပေါ့ . . .”

“လင်းပါအို ခန်းမရယ်၊ ဖန်ဇီလင်ရယ် ဝမ်ဇန်းဟိုရယ်ကို သူတို့ ရသွားရင် ပြန်သွားကြမှာပဲလေ”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now