Chapter - 339"အစော်ကားခံရသည့်ဖန်ဧကရာဇ်"

Start from the beginning
                                    

ရဲရှောင်လည်း သူ့အား ရှေ့ထား၍ ပယ်ပယ်နယ်နယ်ပင် ပြောနေသော ဇုဝူကျီအား လက်ထဲရှိ ခွက်ဖြင့် ပစ်ပေါက်ချင်နေမိသည်။ သို့သော် ထိုသို့ လုပ်၍ မဖြစ်သေးချေ။

ရှေ့နောက်မဆင်ခြင်ဘဲ လုပ်လိုက်မည်ဆိုပါ သူ၏ သရုပ်မှန် ပေါ်သွားပေလိမ့်မည်။

“ဆက်ပြောစမ်းပါဦး၊ အဓိက လိုရင်းကိုသာ ပြောစမ်းပါကွာ . . .”

ရဲရှောင် စိတ်မရှည်သည့်ဟန်ဖြင့် ပြောလိုက်သည်။

“ဒီလို အပြစ်ထိုင်တင်နေရုံနဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘူးလေကွာ။ နောက်ပြီး သူက ငါတို့ နိုင်ငံ အတွက် ၇၀ ဘီလီယံကျော်တောင် လှူခဲ့တာကွ။ မင်းတောင် သူ့လို လှူနိုင်လို့လား . . .”

ရဲရှောင်၏ စကားကြောင့် ဇုဝူကျီ အနည်းငယ် ဒေါသထွက်သွားကာ -

“ဘာ . . . မင်းက သူ့ဘက်က ကာပြောပေးနေတာလား။ ဘာလဲ မင်းနဲ့ သူ ပက်သက်နေလို့လား . . .”

ရဲရှောင်လည်း မကျေမနပ် ဖြစ်နေသည့် မျက်နှာဖြင့် -

“ငါပြောတာက ဖန်ဇီလင်ဆိုတာ ငါတို့နိုင်ငံရဲ့ သူရဲကောင်း တစ်ဦးပဲ။ ငါ့အနေနဲ့ ငါ့ယုံကြည်တဲ့ လူကို အစော်ကား မခံစေချင်လို့ ပြောနေတာ . . .”

ဇုဝူကျီမှ ရဲရှောင်အား အတန်ကြာ ငေးကြည့်နေမိရင်း ခဏအကြာမှသာ -

“အင်း . . . မင်းပြောတာ ငါမငြင်းပါဘူး။ သူ့လုပ်ပုံလုပ်နည်း လွဲနေတာကို ပြောချင်တာပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် လေးစားစရာ ကောင်းတာကတော့ အမှန်ပဲ။ မင်းပြောသလို ငါတို့နိုင်ငံရဲ့ သူရဲကောင်းပေါ့ကွာ . . .”

ရဲရှောင်လည်း ထိုအခါကြမှသာ စိတ်ပြေသွားသည့် အမူအယာဖြင့် -

“အင်း . . . မင်းဆက်ပြောလေ . . .”

ဇုဝူကျီမှ -

“ပြောနေတာပဲလေကွာ၊ ဘာတွေ လောနေရတာလဲ . . .”

ဇုဝူကျီ လည်ချောင်း တစ်ချက် ရှင်းလိုက်ပြန်ရင်း -

“လေလံပွဲက ငါတို့နိုင်ငံရဲ့ အကြီးမားဆုံး ပြဿနာကို ဖြေရှင်းပေးနိုင်လိုက်တယ် ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ပြဿနာတွေကိုလည်း တသီတတန်းကြီး ဖြစ်စေခဲ့တယ်ကွ။ နိုင်ငံအတွက် တစ်ခါ အကျိုးအမြတ် ရစေပေမယ့် အကြာကြီး ဒုက္ခခံစားရအောင် လုပ်လိုက်သလို ဖြစ်သွားတယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now