Chapter - 338"စဉ်းစားခန်းဝင်ခြင်း"

Start from the beginning
                                    

“ကျန်တဲ့ မျိုးနွယ်စုကြီး ၅ စုကတော့ တခြားသူတွေရဲ့ အိမ်တွေမှာ မတည်းခိုကြဘူး။ တည်းခိုဆောင်တွေမှာပဲ နေကြတယ်။ သူတို့မှာလည်း ရည်ရွယ်ချက်ကိုယ်စီ ရှိနေကြလိမ့်မယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က သူတို့တွေနေတဲ့ တည်းခိုဆောင်တွေကလည်း မတူကြဘူး။ အနီးဆုံး တည်းခိုဆောင် ၂ ခုတောင်မှ ၇ မိုင်လောက် ဝေးတယ်။ ဒီမျိုးနွယ်စုကြီးတွေကလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ တည့်ကြဟန် မရှိဘူး။ အကြံအစည်ကိုယ်စီ ရှိနေကြတယ် . . .”

“သိပ်မကြာသေးခင်ကပဲ မျိုးနွယ်စုကြီး ၄ စုလုံးက ချန်ရှင်းမြို့ထဲက အကြီးဆုံး တည်းခိုဆောင်ကြီးကို ပြောင်းလာခဲ့ကြတယ်။ အဲဒီနေရာမှာ နဂိုက လောင်မျိုးနွယ် နေနေတာ။ ကျန်တဲ့ သူတွေပါ ပြောင်းလာတော့ သူတို့ စိတ်ကျဉ်းကြပ်သလို ခံစားရမှာတော့ သေချာပေါက်ပဲ။ မျိုးနွယ်စုတွေကလည်း တခြားအဖွဲ့အစည်းတွေကို ရင်ဆိုင်ဖို့အတွက် သူတို့ချင်း ပူးပေါင်းမှ ဖြစ်မယ်ဆိုတာကို သိနေကြပုံပဲ။ တစ်ဖွဲ့တည်း နေတာထက် စုစုစည်းစည်း ရှိနေတော့ ပိုပြီး အင်အားကောင်းသလို ဖြစ်တာပေါ့။ သူတို့ လိုချင်တဲ့ တစ်ခုတည်းသော အရာက လုံခြုံမှုပဲ။ ကျန်တဲ့သူတွေ သူတို့ကို သတ်ဖြတ်လုယူလာမှာကို ကြောက်ကြတယ်ထင်တယ် . . .”

ဇုဝူကျီသည် ရဲရှောင်အား နိုင်ငံအသီးသီးနှင့် အဆက်အသွယ် ရှိနေသော မျိုးနွယ်စုကြီး ၈ ခုအကြောင်း ပြောပြနေခြင်း ဖြစ်သည်။

စိတ်ဝင်တစားဖြင့် နားထောင်နေသော ရဲရှောင်၏ မျက်လုံးများသည်လည်း အရောင်ဝင်းလက်လျက် ရှိသည်။

“အပြာရောင်မိုးတိမ်ဂိုဏ်းက အရှေ့ပိုင်းမှာ ရှိတယ်။ သူတို့က အဲဒီမှာ နေနေကြတုန်းပဲ။ တခြားဂိုဏ်းတွေနဲ့ အဆက်အသွယ် လုပ်ချင်ဟန်လည်း မရှိဘူး။ ဒါပေမယ့် သူတို့က အင်အားကြီး ဂိုဏ်းကြီး ၂ ခုထက်တော့ အားနည်းမှာ သေချာတယ်။ ဒါဆို သူတို့ ဘာလို့များ မကြောက်ကြတာလဲ။ နောက်ပြီး ဒီရက်တွေထဲ အပြာရောင်မိုးတိမ်ဂိုဏ်းက ဘယ်သူမှ မြို့ထဲကို မဝင်လာကြဘူး။ ဒါက ထူးခြားချက်ပဲ။ အဲ့ဒါကိုကြည့်ခြင်းအားဖြင့် သူတို့မှာ ကျောထောက်နောက်ခံ ကောင်းကောင်း ရှိနေကြလို့ ဖြစ်မယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now