Chapter – 327
“ယုံကြည်မှု”
ဝမ်ရမ်ချူးချူးသည် ဖန်ဇီလင်ကို ရှာမရသဖြင့် အံတကြိတ်ကြိတ်
ဖြစ်နေလေသည်။ သူမ၏ စိတ်ထဲတွင် -
(ဖန်ဇီလင် . . . ရှင်ကတော့ အချိန်ဖြုန်းနိုင်ပေမဲ့ ကျွန်မကတော့
အချိန်မဖြုန်းနိုင်ဘူး . . .)
လင်းပါအို၏ လုပ်ရပ်သည် စစ်ပွဲအား အပြောင်းလဲကြီး
ပြောင်းလဲစေခဲ့သည်။ ချန်နိုင်ငံတော်၏ ရန်သူများအဖို့ အဆိုးဆုံး
အခြေနေများကို ရင်ဆိုင်နေရချေပြီ။ အပြာရောင်လေနိုင်ငံတော်၏ မင်းသမီးဖြစ်သူ ဝမ်ရမ်ချူးချူးမှာ သူမ၏ နိုင်ငံအတွက် လွန်စွာ
စိုးရိမ်နေမိလေ၏။
ပိုင်ရှင်းယွဲ့မှာမူ တည်တည်ငြိမ်ငြိမ်ပါပင်။ တိတ်တဆိတ်သာ နေနေပြီး
ဖန်ဇီလင်ကို တွေ့ချင်နေသည့်တိုင် လှုပ်ရှားမှု မပြုချေ။
ထိုကဲ့သို့ ဖန်ဇီလင်ကို တွေ့ချင်သည့် ဆန္ဒမှာ သူမ၏ ရောဂါကြောင့်
မဟုတ်ဘူး ဆိုတာကိုတော့ သူမကိုယ်တိုင် ကောင်းစွာသိနေပါတော့သည်။
. . .
အင်အားစုတိုင်းရှိ လူတိုင်း သတိအနေအထားဖြင့် ရှိနေကြသည်။
ထူးဆန်းသည့် အချက်မှာ ကမာ္ဘတစ်ခုလုံးကို တုန်လှုပ်ဖွယ်
ဖြစ်စေနိုင်သော မုန်တိုင်းအိမ်တော်သည် ထိုရက်များအတွင်း ငြိမ်သက်နေခြင်း
ဖြစ်၏။ လှုပ်ရှားမှု တစ်စုံတစ်ခုကိုမျှ မမြင်တွေ့ကြရချေ။
မုန်တိုင်းအိမ်တော်သည် စစ်ပွဲကို အာရုံထားဟန် မရှိချေ။
အပြင်ရောက်နေသည့် သူတို့၏ လူများကိုပင် ပြန်ခေါ်ကြ၏။
လူတိုင်းအဖို့ နားမလည်နိုင်အောင်ပင် ဖြစ်ကြရသည်။ သခင်ကြီးဘိုင်
မည်သို့ ကြံစည်နေသည်ကို မည်သူမျှ မှန်းဆနိုင်ခြင်း မရှိပါချေ။
နှစ်ထောင်ပေါင်းများစွာ မုန်တိုင်းအိမ်တော်သည် မော်တယ်ကမာ္ဘကြီး
တစ်ခုလုံးအား ဗြောင်းဆန်အောင် လုပ်ခဲ့၏။ သူတို့၏ ပစ်မှတ်အား
လျင်လျင်မြန်မြန်ပင် အဆုံးသတ်ခဲ့ကြ၏။ သူတို့ အမြဲလုပ်နေကျ အလုပ်ပင်
ဖြစ်သည်။
ယခုအခေါက် မုန်တိုင်းအိမ်တော်၏ ပစ်မှတ်သည် ချန်နိုင်ငံတော်ဖြစ်၏။
ချန်နိုင်ငံတော် လေးဖက်လေးလံလုံးတွင် ရန်သူများ ဝိုင်းရံထားကြ၏။
သို့သော်လည်း မမျှော်လင့်စရာ အဖြစ်အပျက်များ တစ်ခုပြီးတစ်ခု
ဖြစ်ခဲ့ရလေသည်။ မုန်တိုင်းအိမ်တော်၏ လှုပ်ရှားမှုကိုပင် မတွေ့ရတော့ချေ။
မုန်တိုင်းအိမ်တော်၏ သခင်ကြီးဘိုင်အား ထိုကဲ့သို့ စိတ်ပြောင်းအောင်
မည်သူကများ လုပ်လိုက်ပါသနည်း။ ဝါးရုံတောအတွင်း လေပြည်လေညှင်း တိုက်ခတ်မှုကြောင့် သစ်ရွက်များ
တစ်ရွက်ပြီးတစ်ရွက် ကြွေကျလျက် ရှိ၏။
သခင်ကြီးဘိုင်သည် သူထိုင်နေကျ ဘီးတပ်ကုလားထိုင်တွင်ပင်
တည်တည်ငြိမ်ငြိမ် ထိုင်နေလျက် ရှိ၏။ ဝါးရုံတောအား စိုက်ကြည့်နေပြီး
အဓိပ္ပါယ်ပါသော အပြုံးမျိုးကိုလည်း ပြုံးထားလေ၏။
သူသည် စကားတစ်ခွန်းမျှ မပြောချေ။ ဝါးရုံတောနှင့်
တောင်တန်းများသည် သူနှင့် တသားတည်း ဖြစ်နေသလို တိတ်ဆိတ်စွာပင်
ရှိနေခြင်း ဖြစ်၏။
သူသည် သဘာဝနှင့် ပေါင်းစပ်လျက် ရှိပြီး နေ၊ လတို့နှင့်အတူ
အသက်ရှူနေသလိုပင်။
သူသည် ကမာ္ဘကြီးနှင့် ပတ်သက်သည့် အရေးကိစ္စများအား
စဉ်းစားနေခြင်း မဟုတ်သလို ကောင်းကင်လျှို့ဝှက် ရတနာ အကြောင်းကိုပင်
မတွေးတော့ချေ။
သူသည် လောက၏ လျှို့ဝှက်ချက်များကို နားလည်ထားသော
သူတော်စင်တစ်ဦးကဲ့သို့ ရှိနေလေသည်။ သူ့အရှေ့ရှိ ဝါးရုံတောအလှကို
ငေးမောရင်း သဘာဝကို နှစ်ခြိုက်စွာ ခံစားနေလေတော့ သည်။
ထိုအချိန် ဝါးရုံတောအတွင်း ကြွေကျနေသော သစ်ရွက်များပေါ်မှ
ခြေသံအချို့ ကြားလိုက်ရသည်။ လှပနွဲ့နှောင်းသော ခန္ဓာကိုယ်ပိုင်ရှင်တစ်ဦး
ဖြစ်ပြီး သူမသည် သခင်ကြီးဘိုင်ကို မြင်သောအခါ ဘာမျှ မပြောတော့ဘဲ
သခင်ကြီးဘိုင်ဘေးသို့ ချက်ချင်း သွားရပ်ရင်း သဘာဝအလှကို နှစ်ခြိုက်စွာ
ခံစားနေပြန်သည်။
အချိန်တခဏအတွင်းမှာပင် သူတို့ ၂ ဦးလုံး၏ စိတ်သည်
ငြိမ်အေးသွားကြသည်။
လေတိုးသံ၊ သစ်ရွက်အချင်းချင်း ထိတွေ့သံများသည်ပင်လျှင်
သူတို့အတွက် သာယာလှသော အသံများ ဖြစ်နေပါတော့သည်။ အတော်ကြာပြီးနောက် သခင်ကြီးဘိုင် ရုတ်တရက် ရယ်မောလိုက်ရင်း -
“ဝမ်အာ . . . မင်းရဲ့ စိတ်အခြေအနေ တော်တော် တိုးတက်လာပါလား။
ငါတကယ် ဝမ်းသာမိ တယ် . . .”
ရပ်နေသော မိန်းကလေးမှာ ဝမ်အာပင် ဖြစ်လေ၏။ ဝမ်အာမှ -
“ကံကောင်းမှုကြောင့်ပါ။ ဆရာ့ကို ကျေးဇူးတင်ပါတယ်။ လေလံပွဲနေ့က
ကျွန်မကို အပြည့်အဝ စီမံခွင့် ပေးခဲ့လို့လေ။ အဲဒီအချိန်တုန်းက ကျွန်မ စိတ်တွေ
ရှုပ်ထွေးနောက်ကျိနေတာ။ နောက်တော့ ကျွန်မလည်း စိတ်ရှိလက်ရှိ
နေပစ်လိုက်တာ အဲဒီအချိန်ကစပြီး ကျွန်မရဲ့ စိတ်အခြေအနေလည်း
တိုးတက်လာတော့တာပဲ . . .”
သခင်ကြီးဘိုင် ပြုံးလိုက်ရင်း -
“ဟုတ်တယ်၊ မင်းရဲ့ စိတ်ကို ထွက်ပေါက်ပေးလိုက်တာက မင်းအတွက်
အခွင့်အရေး ရစေခဲ့တာပဲ။ တကယ်တော့ မင်းက အရမ်းနူးညံ့သိမ်မွေ့တယ်
ဝမ်အာ . . . မင်းအဲဒီလို သိမ်သိမ်မွေ့မွေ့ နေတဲ့အတွက် အားနည်းသလို
ဖြစ်နေတာ မင်းရဲ့ အားနည်းချက်ပဲ။ ဒီလောကမှာနေရင် အားနည်းလို့ မဖြစ်ဘူး။
အမြင်အားဖြင့်ကို အားနည်းတဲ့ပုံ မပေါက်ရဘူး။ မင်းမှာရှိတဲ့ နူးညံ့သိမ်မွေ့မှုက
တချို့သော မိန်းကလေးတွေ အတွက်ကတော့ အကျင့်ကောင်းတစ်ခု
ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ မင်းမှာတော့ ဒီလို မဖြစ်ရဘူး . . .”
“မုန်တိုင်းအိမ်တော်က ဝမ်အာဆိုတာ ပျော့ညံ့တဲ့
မိန်းကလေးတစ်ယောက် မဖြစ်ရဘူးလေ . . .”
ဝမ်အာမှ -
“ဟုတ်ကဲ့ပါ ဆရာ . . .”
“အဲဒါကြောင့် မင်းပြောင်းလဲရမယ်။ ဒါပေမဲ့ မင်းက တိုက်တာခိုက်တာကို
သဘောမကျဘူး ဆိုတာ ငါသိတယ်။ သွေးသံရဲရဲ မြင်ကွင်းတွေကို
မနှစ်မြို့တတ်ဘူး။ မင်းငါနဲ့အတူ ပြန်ပြီး နေကောင်းလာတိုင်း အဲဒီစိတ်ကြီးက ခံနေတော့ မင်းအတွက် ထင်သလောက် ခရီးမရောက်ဘဲ သဘာဝကို
ဆန့်ကျင်သလို ဖြစ်နေတယ် . . .”
“မင်းရဲ့ စိတ်က မလွတ်လပ်ဘူး ဖြစ်နေတယ် . . .”
“အဲဒါကြောင့်ပဲ ပျော်ပျော်ရွှင်ရွှင် မနေနိုင်ဘူး . . .”
သခင်ကြီးဘိုင် အသက်တစ်ချက် ရှူသွင်းလိုက်သည်။
“ငါ့သဘောအရ ဆိုရင်တော့ မင်းရဲ့ နူးညံ့သိမ်မွေ့မှုကို ငါတကယ်
သဘောကျတယ်။ ယောက်ျားတစ်ယောက်က တုံးတိုက်တိုက် ကျားကိုက်ကိုက်
ရဲဝံ့ပြတ်သားတဲ့ စိတ်ထားမျိုး ရှိရတယ်။ မိန်းကလေးတစ်ယောက်ကတော့
ပန်းလေးတစ်ပွင့်လို လှပပြီး နူးညံ့သိမ်မွေ့မှုက အရေးကြီးပြန်တယ်။
ဒီလိုယောက်ျားနဲ့ ဒီလိုမိန်းမ ပေါင်းဖက်ရင်တော့ နတ်ဖက်တဲ့ စုံတွဲလို့တောင်
ပြောလို့ရတယ် . . .”
“အဲဒါကြောင့် ငါသဘောကျတာ . . .”
“ငါ့အခြေအနေသာ အရင်လို အခြေအနေမျိုး ပြန်ဖြစ်လာရင် ငါ့ကို
အနိုင်ယူနိုင်မဲ့လူဆိုတာ မရှိနိုင်ဘူး။ အဲဒီလိုနေ့ကျရင်တော့ မင်းလည်း
လှပနူးညံ့သိမ်မွေ့တဲ့ မိန်းကလေးအဖြစ် ငါ့ဘေးမှာ နေပေးပေါ့။ ငါလည်း
သဘောကျတယ်လေ . . .”
“ဒါပေမဲ့ အခုတော့ အဲဒီလို မရဘူး . . .”
သခင်ကြီးဘိုင် ဝမ်အာ၏ လက်ကို ကိုင်လိုက်ပြန်ရင်း -
“မင်းနဲ့ငါ ၂ ယောက်လုံး မလုပ်ချင်ပေမဲ့လည်း လုပ်ရမဲ့ အရာတွေ ရှိတယ်။
ဒီလို အခြေအနေမှာ မင်းကို နူးညံ့နေခွင့်လည်း မပေးနိုင်ဘူး . . .”
ဝမ်အာရင်ထဲ နွေးခနဲ ဖြစ်သွားသည်။ သခင်ကြီးဘိုင်၏ ရင်ဘတ်ပေါ်
မှီလိုက်ရင်း -
“ဆရာ့အတွက်ဆို ကျွန်မ ဘာကိုပဲ ပေးဆပ်ရ ပေးဆပ်ရပါ။ ဆရာနဲ့
အတူတူ ရှိနေခွင့် ရတာကိုပဲ ကျေနပ်လှပါပြီ။ ဒါကလွဲပြီး ကျန်တာ စိတ်ကူးထဲကို
မရှိပါဘူး . . .”“စိတ်အေးအေးသာထားပါ ဆရာ . . . ဆရာ့ရဲ့ အကြံအစည်တွေ
အောင်မြင်ဖို့အတွက်ဆို ကျွန်မကိုယ်ကျွန်မ ဘယ်လိုပဲ ပြောင်းလဲရ ပြောင်းလဲရ
ပြောင်းလဲပေးပါ့မယ် . . .”
သခင်ကြီးဘိုင်မှ ဝမ်အာ၏ ခါးလေးကို လှမ်းဖက်လိုက်ပြန်ရင်း -
“မင်းကို ငါယုံပါတယ် . . .”
ထို့နောက် တခဏမျှ နားလိုက်ပြန်ရင်း -
“မင်းလည်း ငါ့ကို ယုံတယ်မလား . . .”
ဝမ်အာ မျက်ရည်များ ချက်ချင်း စီးကျလာသည်။ တုန်ယင်သော အသံဖြင့်
-
“ဆရာရယ် . . .”
ထို့နောက် သူမသည် သခင်ကြီးဘိုင်၏ နှုတ်ခမ်းအား
အနမ်းခြွေလိုက်တော့၏။
အတော်ကြာ အနမ်းမိုးရွာပြီးနောက် လူချင်း ခွာလိုက်ကြသည်။
အမြဲလိုလို တည်တည်ငြိမ်ငြိမ် ရှိနေတတ်သည့် သခင်ကြီးဘိုင်၏
မျက်နှာသည် အနည်းငယ် ရဲနေလေသည်။ ပို၍ပင် ဆွဲဆောင်မှုရှိ၍
ချောမောခန့်ညားသွားသလို ထင်ရ၏။
“ဝမ်အာ . . . ဒီမှာကြည့်စမ်း . . . ငါသဘောအကျဆုံး အပင်က ဝါးပင်ပဲ။
ငါအကြည့်ချင်ဆုံး မြင်ကွင်းက ဝါးရွက်တွေ လေတိုက်လို့ပဲဖြစ်ဖြစ်၊
မိုးရွာလို့ပဲဖြစ်ဖြစ်၊ နှင်းကျလို့ပဲဖြစ်ဖြစ် ကြွေကျလာတဲ့ မြင်ကွင်းကိုပဲ . . .”
“အရက်တစ်ခွက်ကိုင်ပြီး ဝါးရုံတောထဲမှာ နှင်းတွေ ဝေနေတာကို
ကြည့်နေချင်တယ်။ လက်ဖက်ရည်ကြမ်းတစ်ခွက်နဲ့အတူ နွေဦးရာသီရဲ့
လေပြည်လေညှင်းကြောင့် ဝါးရွက်ချင်း ထိတိုက်သံကို နားဆင်ချင်မိတယ် . . .”
သခင်ကြီးဘိုင် ဝါးရုံတောအား ငေးမောရင်း ပြောလိုက်ပါတော့သည် . . .။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now