Chapter – 287
"သိမ်းသွင်းခြင်း"

ရဲရှောင်သည် တည်ငြိမ်စွာဖြင့် -
“ကျုပ်တို့ဘက်က အဲ့ဒီ ဂိုဏ်းကြီးနှစ်ခုထဲက တစ်ခုကို အကျိုးအမြတ် နည

းနည်း ခွဲပေးလိုက်မယ်ဆိုရင် ဒီကိစ္စက ပြီးပါတယ်။ ဘာမှမရတဲ့ ဂိုဏ်းကိုတော့
ရသွားတဲ့ဂိုဏ်းက ရင်ဆိုင်ပေးလိမ့်မယ်။ အဲ့ဒီတော့ ကျုပ်တို့ လင်းပါအို
အနေနဲ့လည်း မုန်တိုင်းအိမ်တော်ကို နောက်နောင် တခမ်းတနားနဲ့ ကြိုနေစရာ
မလိုတော့ဘူးပေါ့ . . .”
သခင်ကြီးဘိုင်သည် ရဲရှောင်၏ စကားကြောင့် ရုတ်တရက် အံ့သြသွား
သော်လည်း ချက်ချင်းပင် ပြန်ပြုံးလိုက်ကာ -
“ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်နေတာလား . . .” ရဲရှောင် ရယ်မောလိုက်ရင်း -
“အမှန်တရားက နည်းနည်းတော့ ခါးတယ်။ ကျုပ် တို့တွေ ဂိုဏ်းကြီး ၂
ခုရဲ့ ရန်ကနေ မလွတ်နိုင်မှတော့ ခင်ဗျားတို့ မုန်တိုင်းအိမ်တော်ကိုလည်း
ဘာထည့်တွက်စရာ လိုတော့မှာလဲ။ ခင်ဗျားပြောသလို လင်းပါအိုက သူတို့ကို
ရင်ဆိုင်နိုင်မှာ မဟုတ်ဘူးလေ။ အဲဒီတော့ ရင်မဆိုင်နိုင်မယ့် အတူတူ
နောက်ထပ် ရန်သူထပ်တိုးတော့လည်း ကျုပ်တို့အတွက် ဘာများ ထူးပြီး
ပြောင်းလဲသွားမှာ မို့လို့လဲ။ သန်းခေါင်ထက်တော့ ညဉ့်မနက်တော့ပါဘူးဗျာ . .
.”
သခင်ကြီးဘိုင်သည် ပြုံးလိုက်ကာ -
“မှန်တယ် . . . သန်းခေါင်ထက်တော့ ဘယ်ညဉ့်နက်ပါတော့မလဲ၊
ခင်ဗျားက ဂိုဏ်းကြီး ၂ ခုကို မနိုင် မယ့်တူတူ ကျုပ်တို့ မုန်တိုင်းအိမ်တော်က
ခင်ဗျားတို့နဲ့ ရန်သူဖြစ်သွားလည်း ဘာမှ ထူးခြားသွားမှာမှ မဟုတ်တာ။
အဲ့ဒီအတွက် ခင်ဗျားအနေနဲ့လည်း ထူးပြီး ဂရုစိုက်နေစရာ မလိုတော့ဘူးလေ . .
.”
ဝမ်အာသည် ရဲရှောင်အား အံ့သြနေသည့် အကြည့်များဖြင့် ကြည့်လျက်
ရှိသည်။
သူမအဖို့ ယနေ့သည် အံ့သြစရာများဖြင့် ပြည့်နှက်နေခဲ့သည်။
သခင်ကြီးဘိုင်၏ အကြည့်မှ ရဲရှောင် လွတ်မြောက်အောင်
လုပ်နိုင်ခဲ့သည့်အတွက်လည်း အံ့သြခဲ့ရသည်။
ယခုအခါတွင်လည်း သခင်ကြီးဘိုင်၏ အကူအညီအား လိုချင်နေ
သောလူသည် သခင်ကြီးဘိုင်ကိုပင် ပြန်၍ ခြိမ်းခြောက်
ပြောဆိုနေသည်ကိုလည်း တွေ့လိုက်ရပြန်သည်။ မုန်တိုင်းအိမ်တော်အား
ခြိမ်းခြောက်ဝံ့သည့် လူဟူ၍ မရှိခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီပင် ရှိနေပြီ
ဖြစ်သည်။ ဖန်ဇီလင်သည် ရဲတင်းလွန်းသည့်အတွက် မုန်တိုင်းအိမ်တော်၏
သမိုင်းတွင် မှတ်တမ်းတင်ထားရမည့် လူဟုပင် ဝမ်အာ၏ စိတ်ထဲတွင်
တွေးနေမိသည်။
“ဆရာဘိုင်ပြောတာ မှန်တယ်။ ဂိုဏ်းကြီး ၂ ခုကို သူတို့လိုချင်တာ
မပေးဘဲ ဆန့်ကျင်မယ်ဆိုရင် လင်းပါအိုက သေချာပေါက် ကျဆုံးရမှာပဲ။
မုန်တိုင်းအိမ်တော်ကလည်း ကျုပ်တို့ကို အကူအညီမပေးဘူးဆိုမှတော့
ကျုပ်ခင်ဗျားကို ဆန့်ကျင်လဲ ဘာအရေးလဲ။ အဲ့ဒါအမှန်တရားပဲ မဟုတ်လား . .
.”
ထို့နောက် ရဲရှောင်သည် တစ်ချက် ပြုံးလိုက်ပြန်ရင်း -
“သာမန်လိုဆိုရင်တော့ ကျုပ်တို့ ဒီလို အသိဉာဏ်နည်းတဲ့ အပြုအမူမျိုး
ဘယ်လုပ်လိမ့်မလဲ။ ကျုပ်အတွေးထဲ အဲဒီလို အတွေးမျိုး ရှိနေရင်တောင်
ခင်ဗျားရှေ့မှာတော့ ပြောမှာ မဟုတ်ဘူးလေ။ ဒါပေမယ့် အခုက
ကျုပ်တို့အတွက် အရမ်းကို အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီ။
လုပ်စရာရှိတာ မြန်မြန်လုပ်မှ ဖြစ်တော့မယ်။ ခင်ဗျားအတွက်ရော
ကျုပ်အတွက်ရော အချိန်က တန်ဖိုးရှိတော့ အချိန်မဖြုန်းချင်တော့လို့ပါ။ ခင်
ဗျားလည်း ကြားဖူးတယ် မှတ်လား အချိန်နဲ့ ဒီရေက လူကိုမစောင့်ဆိုတာ . . .”
“အဲ့ဒီတော့ အချိန်ကလည်း မရှိတော့ဘူးဆိုတော့ ကျုပ်အနေနဲ့
ဒီနည်းကိုပဲ သုံးရမှာပဲ။ လုပ်စရာရှိတာ မြန်မြန်လုပ်မှ အခွင့်အရေးဆိုတာ
မျှော်လင့်လို့ ရတာမှတ်လား . . .”
သခင်ကြီးဘိုင် စိတ်ဝင်စားသွားဟန်ဖြင့် -
“ဒါပေမယ့် ဒီလို ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့ အခြေအနေမျိုးမှာတောင်
ခင်ဗျားက ခင်ဗျားရဲ့ သရုပ်အမှန်နဲ့ ပတ်သက်ပြီး ဘာမှ မပြောဘူးလေ။
လင်းပါအို ကျဆုံးခြင်းထက် အရေးကြီးတာများ ခင်ဗျားမှာ ရှိနေတာလား . . .”
ရဲရှောင် တခဏမျှ နှုတ်ဆိတ်သွားပြီးနောက် - “ကျုပ်အတွက် အခက်အခဲ ရှိနေလို့ပါ . . .”
သခင်ကြီးဘိုင်သည် နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်ကာ -
“ဒါဆိုရင် ခင်ဗျားရဲ့ လျှို့ဝှက်ချက်က လင်းပါအိုထက် ပိုပြီး
အရေးကြီးနေတာပေါ့။ အင်း တကယ်တော့ ခင်ဗျားမှာလည်း
အရန်အစီအစဉ်ဆိုတာ ရှိထားပြီးသားနေမှာပါ။ လင်းပါအို ကျဆုံးခဲ့ရင်တောင်
ခင်ဗျားကတော့ နောက်ထပ် သရုပ်တစ်မျိုးနဲ့ အေးအေးဆေးဆေး နေနိုင်မှာပဲ
မဟုတ်လား။ ခင်ဗျားကို ဖန် ဧကရာဇ်ဆိုတာလည်း ဘယ်သူမှ သိနိုင်မှာ
မဟုတ်ဘူးလေ . . .”
“ခင်ဗျားလို လူတစ်ယောက်အတွက် နောက်ထပ် လင်းပါအိုခန်းမတစ်ခု
ထပ်ပြီး တည်ထောင်ဖို့ဆိုတာ ထမင်းစား ရေသောက်ထက်ကို ပိုပြီး လွယ်ကူတဲ့
အလုပ်ပဲ . . .”
“ခင်ဗျားက သေချာပေါက်ကို အရည်အချင်း ရှိတဲ့လူ တစ်ယောက်ပဲ။
ခင်ဗျားမှာ လျှို့ဝှက်ချက် တစ်ခုခုတော့ ရှိရမယ်။ လင်းပါအိုလို ခိုင်မာတဲ့
နောက်ခံအင်အားလည်း ရှိနေတယ်။ နောက်ပြီး ခင်ဗျားက
ချန်နိုင်ငံတော်အတွက် အရေးပါတဲ့ လူတစ်ယောက် ဖြစ်နိုင်တယ်။ အင်း . . .
အရေးကြီး ပုဂ္ဂိုလ် တစ်ယောက်ယောက်ရဲ့ သားတွေဘာတွေများ
ဖြစ်နေမလားပဲ . . .”
ရဲရှောင် ပြုံးရုံသာ ပြုံးလိုက်မိသည်။ ပြန်တော့ မဖြေလိုက်ချေ။
သခင်ကြီးဘိုင်၏ ဉာဏ်အမျှော်ကြီးမှု တွေးခေါ်နိုင်မှုတို့သည် ရဲရှောင်လို
လူကိုပင် ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့သည်။
သာမန် အချက်အလက်လေးများမှတစ်ဆင့် ကိစ္စအတော်များများအား
အစဆွဲထုတ်နိုင်လျက် ရှိသည်။ ခန့်မှန်းချက်များမှာလည်း မလွဲချေ။
ထို့ကြောင့် ရဲရှောင်ဘက်မှ သတိကြီးစွာထား၍ ပြောဆိုနေရသည်။
တစ်ခွန်းမှားသွားသည်နှင့် သူ၏ သရုပ်မှန် ပေါ်သွားနိုင်ပေသည်။ သခင်ကြီးဘိုင်သည် ဒူးအား လက်ဖြင့် ပုတ်လျက်ရှိပြီး ရဲရှောင်အား
မကြည့်တော့ချေ။ သူ၏ အကြည့်များသည် ဒူးပေါ်တွင် တင်ထားသည့် လက်
ချောင်းများထံတွင်သာ ရှိတော့သည်။ ခဏအကြာတွင် တိုးညှင်းသော
လေသံဖြင့် -
“ခင်ဗျားက ခင်ဗျားဘယ်သူလဲဆိုတာ ကျုပ်ကို မပြောပြချင်ဘဲ
အကူအညီကြတော့ လိုချင်တယ်ပေါ့။ ခင်ဗျားက ပူးပေါင်းချင်တာလို့
ပြောခဲ့တယ်နော်။ ကောင်းပြီ . . . ဒါဆို ခင်ဗျားမှာ ကျုပ်လိုချင်တာ တစ်ခုခု
ရှိနေမှာပေါ့ . . .”
“အဲဒါကြောင့်မို့လို့ ခင်ဗျားက ယုံကြည်မှုရှိရှိနဲ့ အရာအားလုံးကို
အေးဆေးဆေးဆေး နေနေနိုင်တာပေါ့ . . .”
“ခင်ဗျားပေးမယ့် အရာကို ထုတ်ပြောလိုက်ရင် ကျုပ်ဘက်က
ခင်ဗျားတောင်းဆိုမှုကို လက်ခံမယ်လို့လည်း တထစ်ချ ယုံကြည်နေပုံရတယ်။
အဲဒီအရာက ခင်ဗျားရဲ့ ဝှက်ဖဲပေါ့။ တန်ဖိုးကြီးတဲ့ အရာလည်း ဖြစ်လိမ့်မယ်။
ကျုပ်ပြောတာ ဟုတ်တယ်မလား . . .”
“ခင်ဗျားက ခင်ဗျားရဲ့ သရုပ်အမှန်ကို မပြောပေမယ့်
အရန်အစီအစဉ်တွေလည်း ရှိနေလို့သာ အခုလို ကျုပ်ဆီ လာဝံ့တာပေါ့။
တော်တော်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိနေပုံရတယ် . . ."
ရဲရှောင်လည်း မည်သည့်စကားမျှ ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။
မုန်တိုင်းအိမ်တော်၏ ခေါင်းဆောင်ဖြစ်သော ဒဏ္ဍာရီဆန်သည့် လူသည်
ရဲရှောင်ထင်ထားသည့် အတိုင်း အရာအားလုံး သိရှိနေလေသည်။
ထိုကဲ့သို့ လိမ္မာပါးနပ်သည့် လူတစ်ဦးနှင့် အပေးအယူ
လုပ်ရသည့်အခါတွင် အချိန်ကုန် သက်သာလှသည်။
ထို့အတူ အန္တရာယ်လည်း များလွန်းလှပေသည်။ အမှားသေးသေးလေး တစ်ခုကပင် ရဲရှောင်အဖို့ အသက်နှင့်ခန္ဓာကိုယ်
အိုးစားကွဲသွား နိုင်လေသည်။ သခင်ကြီးဘိုင်သည် ရဲရှောင်ထက် အဆမတန်
အင်အားသာလွန်နေသည် မဟုတ်ပါလော။
“ဟုတ်တယ် . . . အမှန်တိုင်း ပြောရရင် ခင်ဗျားနဲ့ ပူးပေါင်းနိုင်ဖို့ဆိုတာ
ကျုပ်အတွက် ၅၀ ရာခိုင်နှုန်းလောက်ပဲ မျှော်လင့်ထားတာပါ . . .”
ရဲရှောင် တည်ငြိမ်စွာဖြင့်ပင် ပြောလိုက်သည်။
သခင်ကြီးဘိုင်သည် စိတ်ဝင်စားသွားသည့်ဟန်ဖြင့် -
“၅၀ ရာခိုင်နှုန်း . . . ခင်ဗျား ၅၀ ရာခိုင်နှုန်းလို့ ပြောလိုက်တာလား။
တကယ်တော့ ခင်ဗျား အဲဒီထက်မက မျှော်လင့်ထားမှာပါ . . .”
“အစကတော့ ကျုပ်တို့ စကားဝိုင်းကို အဆုံးသတ်ပြီး ခင်ဗျားကို
မောင်းထုတ်မလားလို့ တွေးနေတာ၊ ဒါပေမယ့် အခုတော့ စိတ်ပြောင်းသွားပြီ။
စိတ်လည်း စိတ်ဝင်စားသွားပြီ . . .”
“ခင်ဗျားမှာ ဒီလို ယုံကြည်ချက်မျိုး ဘယ်နေရာကများ ရလာတာပါလိမ့် . .
.”
သခင်ကြီးဘိုင်သည် ခေါင်းအား အနည်းငယ်စောင်း ၍ ပြောလိုက်သည်။
ထိုအခါ သူ၏ နဖူးမှ ဆံစအချို့ လှုပ်ခါသွားသည့်အတွက် စူးရှသော
မျက်လုံးများအား ပို၍ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
“ခင်ဗျားမှာ ကျုပ်စိတ်ကို လှုပ်ရှားစေလောက်မယ့် ဘယ်လို အရာမျိုး
ရှိနေတာပါလိမ့် . . .”
“ခင်ဗျားက ကျုပ်ဘယ်သူလဲ ဆိုတာကိုလည်း သိတယ်။
ဘယ်အရာကိုမဆို ရယူနိုင်စွမ်း ရှိတာကိုလည်း သိနေတာတောင်
ဘယ်အရာနဲ့များ ကျုပ်ကို သိမ်းသွင်းနိုင်ဦးမှာလဲ . . .”
သခင်ကြီးဘိုင်သည် အလွန်တရာပင် သိချင်နေပြီဖြစ်သည်။
သူ သာမက ဝမ်အာသည်လည်း ထို့အတူပင် ဖြစ် သည်။ (ဖန်ဇီလင်မှာ ငါ့ဆရာကို စိတ်လှုပ်ရှားအောင် လုပ်နိုင်တဲ့ ဘယ်လိုအရာမျိုး
ရှိနေတာပါလိမ့်၊ ကမာ္ဘပေါ်မှာ ငါ့ဆရာဘာကိုပဲလိုချင်ချင် ရနိုင်နေတာပဲ။
မရနိုင်တာ ဘာမှမရှိဘူး၊ ဘယ်အရာနဲ့မှလည်း သူ့ကို မမြူဆွယ်နိုင်ပါဘူး။ ဒါကို
မုန်တိုင်းအိမ်တော်က အားလုံးလည်း သိတယ်။ ဒါပေမဲ့ ဖန်ဇီလင်ပုံစံက
ယုံကြည်ချက် အပြည့်ရှိနေတဲ့ပုံပဲ။ ငါတို့ကိုလည်း အံ့သြအောင်
လုပ်နိုင်နေတယ်။ ဒီလိုယုံကြည်ချက်မျိုး သူဘယ်ကနေ ဘယ်
လိုရလာတာပါလိမ့် . . .)
ဝမ်အာ တစ်ကိုယ်တည်း တွေးနေမိပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now