Chapter - 268"ဓားတစ်လက်ဖြစ်ပေါ်လာခြင်း"

Start from the beginning
                                    

နန်ရှန်ဆင်းအဖို့ ဖန်ဇီလင်သည် အဖိုးမဖြတ်နိုင်သော ရတနာပင် ဖြစ်သည်။ ထို့ကြောင့် ရဲရှောင်အား အရှင်ဖမ်းမိနိုင်လျှင် အကောင်းဆုံးပင် ဖြစ်သည်။ သူတို့နှစ်ဦး၏ တိုက်ခိုက်မှုအား တစ်စုံတစ်ယောက်ယောက်မှ သိသွားမည် ဆိုပါက မလိုလားအပ်သော ပြသာနာများ ဖြစ်ပေါ်လာနိုင်ပေသည်။ ထို့ပြင် လေလံပွဲကြီးသည်လည်း မကြာမီ ကျင်းပတော့မည် မဟုတ်ပါလော။

ထိုလေလံပွဲသို့ နန်ရှန်ဆင်း ကိုယ်တိုင်သည်လည်း
တက်ရဦးမည် ဖြစ်သည်။

လေလံပွဲသည် အချိန်အတိအကျ သတ်မှတ်ထားသည့်အတွက် လင်းပါအို၏ ဧကရာဇ် ဖြစ်သော ဖန်ဇီလင် တဖြစ်လဲ ရဲရှောင် သေဆုံးသွားလျှင်ပင် ဆက်၍ ကျင်းပကြမည်သာ ဖြစ်သည်။

ထို့ကြောင့် နန်ရှန်ဆင်းသည် ယခုတိုက်ပွဲအား တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ချင်နေမိပြီ ဖြစ်သည်။ ဖန်ဇီလင်အား အနိုင်ယူ၍ သူ၏ ဘက်တော်သား ဖြစ်စေရန် စည်းရုံးရပေလိမ့်မည်။ ထို့နောက် ဖန်ဇီလင်အား ဘာမှ မဖြစ်ခဲ့သည့် အနေအထားဖြင့်
လေလံပွဲသို့ တက်ခိုင်း၍ နောက်ကွယ်မှနေ၍ အကျိုးအမြတ်များ ရယူမည်ဟု နန်ရှန်ဆင်း၏ စိတ်ထဲတွင် ကြံရွယ်ထားလေသည်။

ဖန်ဇီလင်ကိုသာ ကောင်းစွာ ကိုင်တွယ်နိုင်မည် ဆိုပါက အရာအားလုံးသည် သူ၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိနေပေလိမ့်မည်။

နန်ရှန်ဆင်းသည် ဖန်ဇီလင်ထံမှ အကျိုးအမြတ်များစွာ ရရှိနိုင်မည့် အခွင့်အရေးအား တွေးရင်း စိတ်လှုပ်ရှားနေမိသည်။

ထို့ကြောင့် ရဲရှောင်အား အမြန်ဆုံး အနိုင်ယူရန် ဆုံးဖြတ်လိုက်သည်။

(မင်းက ငါ့ထက် အများကြီး အဆင့်နိမ့်ပါတယ်။ မျက်နှာချင်းဆိုင် တိုက်ခိုက်ကြစတမ်းဆိုရင် မင်းငါ့ကို ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူး။ ကြာလာတာနဲ့အမျှ မင်းပုန်းစရာ နေရာမရှိတော့ဘဲ ငါ့လက်ထဲ ရောက်ရမှာပဲ။ မင်းဟာမင်း ဘယ်လောက်ပဲ အရှောင်အတိမ်း ကျွမ်းကျွမ်း၊ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အရိုက်ခံရမှာက အရိုက်ခံရမှာပဲ။ ဉာဏ်ဘယ်လောက်ပဲကောင်းကောင်း ခွန်အားမရှိရင် သေမှာပဲ . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now