Chapter - 256"ထူးဆန်းသောစွမ်းအင်"

Start from the beginning
                                    

(ဝိညာဉ်တော် ချီဓာတ်တွေ အများကြီး စုပ်ယူရဦးမှာပေါ့ . . .)

ရဲရှောင်သည် မျက်မှောင်ကြုတ်ရင်း စဉ်းစားလိုက်သည်။

အမှန်တကယ်တွင်မူ ဝိညာဉ်တော်ချီဓာတ်များအားစုပ်ယူ၍ တစ်ချိန်တည်းတွင် သန့်စင်သော ချီဓာတ်များအဖြစ် ပြောင်းလဲရမည့် အလုပ်သည် အချိန်တိုအတွင်း မဖြစ်နိုင်သေးချေ။ ရှေးဦးခရမ်းရောင်ချီဓာတ်များဖြင့် ဆိုလျှင်ပင် အနည်းဆုံး ၇ လခန့် ကြာမြင့်နိုင်ပေသည်။ ထိုပမာဏသည် အလွန်မြန်နေသည့်တိုင် ရဲရှောင်မှာမူ ထိုမျှလောက်ထိ မစောင့်ချင်တော့ပေ။

ကံကောင်းသည့် အချက်မှာ အဆင့်တက်ပြီးနောက်တွင် ပိုင်ရှင်းယွဲ့အား ကုသရန် အကြောင်းပါခဲ့ခြင်း ဖြစ်သည်။ ပိုင်ရှင်းယွဲ့ထံမှ စုပ်ယူလိုက်သည့် ယင်ဓာတ်ဖြစ်သော ရေခဲချီဓာတ်များသည် အလွန်သိပ်သည်း၍ သန့်စင်လှသည်။ ထိုချီဓာတ်များသည် ရဲရှောင်အတွက်မူ အဖိုးထိုက်တန်သော ချီဓာတ်များ ဖြစ်သည်။

ပို၍ အံ့သြစရာ ကောင်းသည့်အချက်မှာ ပိုင်ရှင်းယွဲ့ထံမှ ရရှိခဲ့သည့် စွမ်းအင်များအား ရှေးဦးခရမ်းရောင် ချီဓာတ်များဖြင့် သန့်စင်လိုက်သောအခါ အလွန်သန့်စင်သော စွမ်းအင်များ အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုစွမ်းအင်များသည် သူ၏ စွမ်းအင်သိုလှောင်ရာ အတွင်းသို့ စီးဆင်းသွားကာ ချီဓာတ်များ ဖြည့်တင်းပေးနေလျက် ရှိသည်။

ထို့ကြောင့် ရဲရှောင်သည် အလွန်ကျေနပ်နေမိသည်။
အတွေ့အကြုံ ရင့်ကျက်သည့် ပညာရှင်တစ်ဦး ဖြစ်
ခဲ့ဖူးသူပီပီ ကျင့်ကြံမှု ပြုလုပ်နေစဉ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအား ကြိုတင်၍ တွက်ဆထားမိသည်။ အလွန်သေးငယ်သော အမှားလေးတစ်ခုကပင် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်လေသည်။ ရှေးဦးခရမ်းရောင်ချီဓာတ်များဖြင့် အသွင်ပြောင်း၍ သန့်စင်ထားသည့် ယင်ရေခဲချီဓာတ်များသည် သူ့အတွက်မူ အလွန်အကျိုးရှိလှသည်။ သို့သော် ထိုချီဓာတ်များသည် အခြားလူများအတွက် အကျိုးရှိမရှိဆိုသည်ကိုမူ ရဲရှောင် အတပ်မပြောနိုင်ချေ။

အခန့်မသင့်လျှင် အဆိပ်သင့်စေနိုင်လေသည်။ ရဲရှောင်သည် စွမ်းအင်များအား သန့်စင်နေရင်းဖြင့် အ သေအချာ လေ့လာ၍ စမ်းစစ်နေမိသည်။ ထိုအခါ ထူးဆန်းသည့် အရာတစ်ခုအား တွေ့မြင်သွားလေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now