Chapter - 252"နူးညံ့မှု"

Start from the beginning
                                    

. . .

နောက်ထပ် ၆ နာရီမျှ ကြာသည်အထိ ရဲရှောင်သည် ပိုင်ရှင်းယွဲ့၏ ကိုယ်တွင်းမှ အအေးစွမ်းအင်များ အား စုပ်ယူပေးနေခဲ့သည်။ ညအချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည့်တိုင် ပိုင်ရှင်းယွဲ့ထံမှ စွမ်းအင် ၁၀ ရာခိုင်နှုန်းခန့်သာ စုပ်ယူ၍ ပြီးစီးသေးသည်။

အမှန်တကယ်တွင်မူ ၁၀ ရာခိုင်နှုန်းပင် ရှိချင်မှ ရှိပေလိမ့်မည်။

ပိုင်ရှင်းယွဲ့အား ကုသပေးရခြင်းသည် ဝမ်ရမ်ချူးချူးထက်ပင် များစွာ ခက်ခဲနေလေသည်။

အကယ်၍ ရဲရှောင်သည်သာ ကောင်းကင်အဆင့်သို့ ရောက်ရှိခြင်း မရှိသေးပါက ပိုင်ရှင်းယွဲ့၏ ရေခဲချီဓာတ်များမှ တုံ့ပြန်မှုအား ကောင်းစွာ ထိန်းချုပ်နိုင်မည် မဟုတ်ချေ။

“နောက်နေ့မှ ပြန်စကြတာပေါ့ . . .”

“တစ်နေကုန်ကြီးဆိုတော့ ရှင်လည်း ပင်ပန်းနေရော့မယ်။ မနက်ဖြန်လည်း လေလံပွဲက ရှိသေးတယ် မဟုတ်လား။ အဲ့ဒါကြောင့် ရှင် အနားယူလိုက်ပါတော့ . . .”

ပိုင်ရှင်းယွဲ့၏ အသံသည် ယခင်ကကဲ့သို့ အေးစက်စက် အသံမျိုး မဟုတ်တော့ဘဲ နူးညံ့ချိုသာလျက် ရှိသည်။

အကယ်၍ အဆိုပါ မြင်ကွင်းအား ဝမ်ရမ်ချုးချုးသာ
မြင်သွားခဲ့မည် ဆိုပါက အံ့သြလွန်းသဖြင့် ငုတ်တုပ်ပင် မေ့သွားနိုင်လေသည်။ အဘယ့်ကြောင့်ဆိုသော်ဆရာဖြစ်သူသည် ရဲရှောင်နှင့်တွေ့မှ အလွန်မိန်းမဆန်နေခဲ့ပြီ မဟုတ်ပါလော။

သို့သော် မိန်းမကျမ်းမကြေသည့် ရဲရှောင်မှာမူ ပိုင်ရှင်းယွဲ့၏ ပြောင်းလဲမှုအား သတိမပြုမိချေ။

“ဟုတ်တယ် . . . နောက်နေ့မှ ဆက်လုပ်ကြတာပေါ့ . . .”

ရဲရှောင် သွက်သွက်လက်လက်ပင် ပြောလိုက်သည်။

ထို့နောက် ရဲရှောင်သည် မတ်တတ်ထ၍ အခန်းအပြင်သို့ ထွက်ရန် ဟန်ပြင်လိုက်သည်။ သူ၏ ပုံစံသည် လောင်အိမ်ထဲမှ ပျံသန်းသွားသည့် ဌက်တစ်ကောင်အလား ယခုမှပင် လွတ်လပ်ပေါ့ပါးသွားသည့် ပုံစံမျိုးပင် ဖြစ်နေလေသည်။

ပိုင်ရှင်းယွဲ့လည်း ရဲရှောင်အား ငေးကြည့်နေရာမှ
သူ၏ အဝတ်အစားများအား သပ်သပ်ရပ်ရပ်ဖြစ်စေရန် ပြင်ဆင်လိုက်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now