Chapter - 247 "ကုသမှုအား လက်ခံလိုက်ခြင်း"

Depuis le début
                                    

ပိုင်ရှင်းယွဲ့ဘက်မှ အားတုံ့အားနာ ဖြစ်နေသည်ကို ရိပ်မိသဖြင့် ရဲရှောင်မှ တိတိကျကျပင် ပြန်ဖြေပေးလိုက်ခြင်း ဖြစ်သည်။

၂ နှစ်ဆိုသည့် စကားအား ကြားလိုက်ရသောအခါ ပိုင်ရှင်းယွဲ့၏ မျက်လုံးများသည် အရောင်တဖျတ်ဖျတ်ဖြင့် လင်းလက်သွားသည်။ ညအချိန်တွင် ထိန်ထိန်သာလျက် ရှိသော လမင်းကြီးကဲသို့ တောက်ပသော မျက်ဝန်းအစုံဖြင့် ပိုင်ရှင်းယွဲ့သည် ရဲရှောင်အား ကြည့်လိုက်သည်။

ပိုင်ရှင်းယွဲ့၏ လှပသော မျက်ဝန်းများအောက်တွင်
ရဲရှောင် တဒင်္ဂမျှ နစ်မြောသွားသည်။

ဝမ်ရမ်ချူးချူးသည်လည်း စိတ်လှုပ်ရှားလျက် ရှိနေလေသည်။

ရဲရှောင်မှ တည်ကြည်လေးနက်သော အသံဖြင့် -

“ခင်ဗျားတို့ကို ပြောရဦးမယ်။ ကျုပ်ရဲ့ ပြုစုပျိုးထောင်မှုကြောင့် မှင်ရောင်အားဖြည့် ကြာပန်းတွေအညှောင့်ပေါက်လာကြပြီ။ စုစုပေါင်း ၂၈ ပင်လောက် ဖြစ်မယ် . . .”

ရဲရှောင်၏ စကားကြောင့် ပိုင်ရှင်းယွဲ့ တုန်လှုပ်သွားသည်။ ပျော်ရွှင်မှုနှင့်အတူ စိတ်လှုပ်ရှားမှုပါ ပေါင်းစပ် ခံစားလိုက်ရသောကြောင့် မျက်လုံးများပင် ပြာဝေသွားခဲ့သည်။

အတိုင်းမသိ ပျော်ရွှင်ကျေနပ်သွားသဖြင့် ပိုင်ရှင်းယွဲ့
၏ မျက်လုံးများမှ မျက်ရည်များပင် စီးကျလာခဲ့သည်။ ထို့နောက် ခေါင်းကိုမော့၍ စီးကျလာသော မျက်ရည်များအား ချက်ချင်းပင် သုတ်လိုက်ရင်း ချင်းရန်နယ်ပယ်တွင် ကျန်ရှိခဲ့သော ဂိုဏ်းအတွက် တွေးမိလိုက်သည်။

(နောက်ဆုံးတော့ ငါတို့ဂိုဏ်းအတွက် မျှော်လင့်ချက် ရောင်ခြည်တွေ သမ်းလာခဲ့ပြီပဲ . . .)

“ဒီပုံစံအတိုင်း ဆက်သွားမယ်၊ ကျုပ်မှာလည်း လုံလောက်တဲ့ ပစ္စည်းတွေ ရှိနေမယ်ဆိုရင် ၁၀နှစ် အတွင်းမှာ ဒီမှင်ရောင်အားဖြည့်ကြာပန်း၂၈ ပင်ကနေ အပင် ၆၀၀ လောက်အထိ ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ဆို ကျုပ်လည်း အဆင့် ၃ ဆေးပညာရှင်တစ်ယောက် ဖြစ်နေလောက်ပြီ။ အဲဒီတော့ အခုထက်ပိုပြီး
လုပ်နိုင်တော့မှာပေါ့ဗျာ။ ကျောက်စိမ်းအားဖြည့် ကြာပန်းပင်ရော ကျောက်စိမ်းအသက်ဝင် ကြာပန်းပင်ပါ လုပ်နိုင်သွားတော့မှာပါ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားOù les histoires vivent. Découvrez maintenant