Chapter - 238"ဘဝတူ"

Start from the beginning
                                    

တစ်နေ့ထက်တစ်နေ့ မိန်းကလေးသည် ရဲရှောင်အပေါ်တွင် တွယ်တာသထက် တွယ်တာလာခဲ့သည်။ ရဲရှောင်အား မြင်တွေ့လိုက်သည့်အခါတိုင်း ကလေးတစ်ယောက်ကဲ့သို့ အလွန်အမင်း ပျော်ရွှင်သွားတတ်သည်။

မိန်းကလေး၏ ခန္ဓာကိုယ်မှ ဒဏ်ရာများသည် အလွန် ပြင်းထန်လှသည်။ ကိုယ်တွင်းကိုယ်ပြင် ဒဏ်ရာ များကြောင့် အလွန်အမင်း နာကျင်စွာ ခံစားနေရသည်။ ရဲရှောင်၏ ပြုစုစောင့်ရှောက်မှုများကြောင့် အသက်ရှင်ခွင့် ရခဲ့သည့်တိုင် လှုပ်ရှားနိုင်ခြင်းတော့ မရှိသေးပေ။ မည်သည့်ကိစ္စမဆို ရဲရှောင်၏ အကူအညီအား ရယူရသည်။ ကျင်ကြီး ကျင်ငယ် ကိစ္စများကိုပင် ရဲရှောင် လုပ်ပေးရလေသည်။ ရေချိုးခန်းအတွင်း ရဲရှောင် ကူညီပေးသည့် အခါတိုင်း သူ
မိန်းကလေးသည် သူ၏ မျက်လုံးများအား တင်းတင်းကြပ်ကြပ် ပိတ်ထားတတ်သည်။ ထို့ပြင် မျက်နှာတစ်ခုလုံးသည်လည်း နီရဲလျက်ရှိသည်။

ရဲရှောင်အား ရှက်ရွံ့နေသည့် ပုံစံပင်။

ရဲရှောင်လည်း မိန်းကလေးနှင့်ထပ်တူ ခံစားနေရသည်။ ရဲရှောင် စဉ်းစားနေမိသည်မှာ မိန်းကလေးသည် သူမကိုယ်သူမ အသက် ၆ နှစ်ဟု ထင်မြင်နေပါလျှင် အဘယ်ကြောင့် ရှက်ရွံ့သည့် အမူအယာမျိုး ဖြစ်နေသည် ဆိုသည့် အချက်ကိုပင် ဖြစ်သည်။

တစ်ခါတွင် မိန်းကလေးမေးလိုက်သော မေးခွန်းကြောင့် ရဲရှောင်တစ်ယောက် ဟက်ဟက်ပက်ပက်ပင် ရယ်ချင်သွားခဲ့မိသည်။ မိန်းကလေးသည် သူမ၏ ရင်သားများအား ငုံ့ကြည့်ရင်း တအံ့တသြဖြင့် -

“အစ်ကိုကြီး . . . ကျွန် . . . ကျွန်မရဲ့ ရင်ဘတ်က ဘာလို့ အရမ်းကို ယောင်နေရတာလဲ။ အဖုကြီးက အကြီးကြီးပဲနော်။ ဒါပေမယ့် ကျွန်မ နာလည်း မနာပါလား . . .”

မိန်းကလေး၏ ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများဖြင့် ပြည့်နေသဖြင့် အဝတ်အစားဝတ်ရန်ပင် အခက်အခဲ ဖြစ်နေရသည်။ အဝတ်အစားများနှင့် အနာများ ပွတ်တိုက်မိသည့်အခါတိုင်း သူမအဖို့ အလွန်ခံရခက်လေသည်။ ထို့ကြောင့် ရဲရှောင်သည် မိန်းကလေးအား ကိုယ်လုံးတီးဖြင့်သာ နေစေခဲ့သည်။

ထို့အတွက်ကြောင့် ရဲရှောင်အဖို့ နေ့စဉ်ရက်ဆက်
စိန်ခေါ်မှုကြီးတစ်ရပ်နှင့် ရင်ဆိုင်နေရသကဲ့သို့ပင် ဖြစ်နေရသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now