Chapter - 236"ဥတစ်ဥနှင့်လူတစ်ယောက်"

Start from the beginning
                                    

“မင်းနိုးပြီလား . . .”

ရဲရှောင် ထပ်မံ၍ မေးလိုက်သည်။

မိန်းကလေးသည် မျက်လုံးများ ပုတ်ခတ် ပုတ်ခတ် လုပ်လျက်ရှိသည်။ သူမ၏ မျက်ဝန်းများထဲတွင် စိတ်ရှုပ်ထွေးမှုများအား အထင်းသား ပေါ်လွင်နေသည်။ ရဲရှောင်အား တအံ့တသြဖြင့် ကြည့်နေရင်းမှ တဖြည်းဖြည်း ကြောက်ရွံ့ထိတ်လန့်သည့်ပုံ ဖြစ်သွားလေသည်။

ထိုကဲ့သို့ ကြောက်ရွံ့နေသည့်ဟန်မှ စိတ်ရှုပ်ထွေးသွားသည့်ပုံ ဖြစ်သွားပြန်သည်။

ထိုမှတဖန် ကြောက်ရွံ့သည့်ဟန် ဖြစ်ပေါ်လာပြန်သည်။

မိန်းကလေးသည် မြင်မြင်သမျှအား မျက်လုံးအဝိုင်းသားဖြင့် အထူးအဆန်းသဖွယ် လိုက်ကြည့်လျက် ရှိသည်။ သို့သော် ဘာဆိုဘာမှ မမှတ်မိပေ။ ကိုယ့်ကိုယ်ကိုပင် မမှတ်မိတော့၍ မည်သူမည်ဝါ ဖြစ်သည်ဆိုသည်ကိုပင် မသိတော့ချေ။ မိန်းကလေးသည် သူ၏ ခေါင်းအား လက်ဖြင့် ဖိထားရင်း -

[ငါ . . . ငါ . . . ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ ။ ငါက ဘယ်သူလဲ၊ ငါ့နာမည်ကရော . . . နောက်ပြီး ငါက ဘယ်ကလာတာပါလိမ့် . . .]

အရာအားလုံး မေ့လျော့သွားချေပြီ ဖြစ်သည်။

မိန်းကလေးသည် စကားပြောရန် ကြိုးစားကြည့်လျက် ရှိသည်။ သို့သော် မည်မျှပင်ကြိုးစားစေကာမူ စကားမပြောနိုင် ဖြစ်နေသည်။ လက်ချောင်းများကိုပင် မလှုပ်နိုင် ဖြစ်နေခြင်း ဖြစ်သည်။

ယခုအချိန်တွင် သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာသည် မျက်လုံးဖွင့်ခြင်း ပိတ်ခြင်းပင် ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်အား သူ မပိုင်သကဲ့သို့ ခံစားနေရပြီး မည်သည့် အစိတ်အပိုင်းကိုမျှ လှုပ်ရှား၍ မရချေ။

[ငါဘယ်သူလဲ . . . ငါဒီကို ဘယ်လို ရောက်နေရတာလဲ၊ ဘာလို့ အခုလို ပုံစံမျိုး ဖြစ်နေရတာလဲ . . .]

သူ၏ ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ အစီအရီ ပေါ်လာလေသည်။ သို့သော် အဖြေကိုမူ ရှာမတွေ့ချေ။

မိန်းကလေး၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့သည့် အရိပ်အယောင်များ ပိုမိုယှက်သန်းလာသည်ကို ရဲရှောင် မြင်တွေ့လိုက်ရသည်။ မိန်းကလေးသည် စကားပြောရန် ကြိုးစားနေသည့်တိုင် မပြောနိုင် ဖြစ်နေသည်။ အသံတစ်သံပင် မထွက်နိုင်ချေ။ ရဲရှောင်အား စိတ်ရှုပ်ထွေး၍ ကြောက်ရွံ့ထိတ်လန့်သည့် အကြည့်မျိုးဖြင့်သာ ကြည့်နေလျက် ရှိသည်။ ထို့နောက် ခဏအကြာတွင် သူမ၏ မျက်လုံးများ မှိတ်ကာ ပြန်လည် မေ့မြောသွားပြန်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now