Chapter - 232"ကယ်တင်ခြင်း (၁)"

Start from the beginning
                                    

အောက်သို့ အရှိန်ဖြင့် ပြုတ်ကျနေသည့်အတွက် သူ၏ ဆံပင်များသည် လေထဲတွင် တဖျတ်ဖျတ် လူးလွင့်နေကြသည်။ ရွှမ်ပိုင်သည် နောက်ဆုံးတွင်မူ စိတ်လျှော့လိုက်သည်။ သူ၏ မျက်လုံးများအား တင်းတင်းကြပ်ကြပ် မှိတ်ထားရင်း -

[အရာအားလုံးကို အုပ်စိုးနိုင်ခဲ့ပေမယ့် အခုတော့ ဒီလို အဆင့်နိမ့်နယ်ပယ် တစ်ခုမှာ အသေဆိုးနဲ့ သေရတော့မှာပါလား။ ငါ့နေရာကို ဆက်ခံမယ့် လူကိုတောင် ဘာမှ အကျိုးအကြောင်း မပြောပြနိုင်လိုက်ဘူး . . .]

သေရတော့မည့်အချိန်တွင် မလုပ်လိုက်ရသည့် ကိစ္စများအား တွေးရင်း ရွှမ်ပိုင်တစ်ယောက် ဝမ်းနည်းနေမိသည်။ ထိုအချိန်တွင် မြေပြင်နှင့် တဖြည်းဖြည်း နီးကပ်လာသည်ကိုလည်း ခံစားလိုက်ရသည်။

သူ၏ဘဝ နေဝင်ချိန်သို့ ရောက်ရှိပေတော့မည်။

ကမ္ဘာတစ်ခုလုံးအား တုန်လှုပ်စေခဲ့သည့် တိုက်ပွဲသည် အဆုံးသတ်ခဲ့ချေပြီ။ တိုက်ပွဲတွင် ဝင်ပါရန် ကြိုးစားကြသည့် လူများသည်လည်း သေကြေပျက်ဆီးခဲ့ရသည်။

ရဲရှောင်မှလွဲ၍ ပညာရှင်ကြီးနှစ်ဦး တိုက်ပွဲဖြစ်နေသည်ကို မည်သူမျှ မသိကြချေ။ မော်တယ်ကမ္ဘာတစ်ခုလုံး သည်းထန်စွာ ရွာသွန်းသော မိုးကြောင့် ကြောက်ရွံ့ ထိတ်လန့် နေကြသည်။ ယခုကဲ့သို့ မိုးရွာသွန်းမှုသည် နှစ်ပေါင်း သန်းချီအတွင်း တစ်ကြိမ်တစ်ခါမျှ မဖြစ်ခဲ့ဘူးပေ။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်တယ်ကမ္ဘာတစ်ခုလုံး ရေများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ထိုကဲ့သို့သာ ရက်အနည်းငယ် ဆက်လက် ရွာသွန်းနေမည် ဆိုပါက မော်တယ်ကမ္ဘာကြီးလည်း ရေအောက်သို့ နစ်မြုပ်သွားပေလိမ့်မည်။ ယခုတွင်ပင် မော်တယ်ကမ္ဘာ၏ အနိမ့်ပိုင်း နေရာများအား ရေများဖုံးလွှမ်းသွားပြီ ဖြစ်သည်။ ပျက်ဆီးမှုများသည်လည်း နေရာတိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည်။

ကံကောင်းသည့် အချက်မှာ အဆိုပါမိုးများ ရွာသွန်းအောင် ပြုလုပ်ခဲ့သည့် ပညာရှင်နှစ်ဦး၏ တိုက်ပွဲသည် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲရပ်သွားသည်နှင့် ရွာသွန်းနေသော မိုးသည်လည်း တိခနဲပင် ရပ်တန့်သွားသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now