Chapter - 221"အမည်မသိ"

Start from the beginning
                                    

. . .

မော်တယ်ကမ္ဘာတွင် ဝမ်ရမ်ချူးချူးနှင့် ပိုင်ရှင်းယွဲ့တို့ နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး စကားမဆိုဘဲ နှုတ်ဆိတ်လျက်သာရှိသည်။ ဖန်ဇီလင်နှင့် ပတ်သက်၍ တွေးတောနေကြသောကြောင့်ပင် ဖြစ်သည်။ သို့သော် သူတို့နှစ်ဦး၏ အတွေးများသည် တူညီနိုင်မည် မဟုတ်ပေ။

နောက်ဆုံးတွင်မူ ပိုင်ရှင်းယွဲ့သည် တိတ်ဆိတ်မှုအား စတင်၍ ဖြိုခွင်းလိုက်သည်။

"ချူးချူး . . . ငါ အများကြီး စဉ်းစားပြီးသွားပြီ။ ဖန်ဇီလင်ကို ဖမ်းပြီး ငါတို့ဂိုဏ်းမှာ ခိုင်းထားမယ်ဆိုရင် ဘယ်လို ဆက်ဖြစ်လာမယ်လို့ မင်းထင်လဲ . . ."

ဝမ်ရမ်ချူးချူး၏ မျက်နှာသည် ချက်ချင်းပင် ဖြူရော်ရော် ဖြစ်သွားကာ -

"ဆရာ . . . ဒီလိုလုပ်တာ တရားနည်းလမ်း ကျပါ့မလား . . ."

ပိုင်ရှင်းယွဲ့သည် သက်ပြင်းတစ်ချက် ချလိုက်ရင်း -

"မတရားဘူးဆိုတာ ငါသိပါတယ်။ သူနဲ့ ငါတို့ကြားက ဆက်ဆံရေးကလည်း ဘယ်လိုမှ ကောင်းစရာ မရှိတော့ဘူး။ ဒါပေမယ့် ဒီလူက ငါတို့ တိမ်မြူခိုးနန်းတော်အတွက် အရမ်းကို အရေးပါလွန်းတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတို့ ဆုံးဖြတ်ချက်မှားလို့ မဖြစ်ဘူး . . ."

ပိုင်ရှင်းယွဲ့တို့နှစ်ဦး စကားပြောနေသည့်အချိန်တွင်
ချင်းယန်နယ်ပယ်၌ အနက်ရောင်ပုံရိပ်တစ်ခုသည် ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုပုံရိပ်သည် သူ၏ လက်ဖြင့် တိမ်မည်းများကို ဝေ့ယမ်းလိုက်ပြီး ဟင်းလင်းပြင်အား အက်ကွဲစေလိုက်သည်။

ထို့နောက် ဟင်းလင်းပြင် အက်ကွဲကြောင်းမှတစ်ဆင့် မော်တယ်ကမ္ဘာသို့ ဆင်းသက်လာလေသည်။

ဝမ်ရမ်ချူးချူးသည် ဆရာဖြစ်သူအား ကြည့်ရင်း -

"ဆရာ . . . ဆရာ ဘာမှမသိသေးဘူးနော်။ ဖန်ဇီလင်ဆိုတဲ့လူက တကယ်ခေါင်းမာတဲ့လူ။ ကျွန်မတို့ ထင်ထားတာထက်ကို ပိုပြီး ခေါင်းမာသေးတယ်။ ကျွန်မ သူနဲ့ စတွေ့တုန်းကဆိုရင် သူ့ကို ရန်သူတွေ ဝိုင်းရိုက်ထားလို့ ဒဏ်ရာအပြင်းအထန်ရပြီး လဲကျနေတာ။ အဲဒီနေ့က သူ့ဘာသာသူတစ်ယောက်တည်း နာကျင်မှုတွေကို အံကြိတ်ခံနေတာ။ သူ့ကို ကြည့်နေတဲ့ ကျွန်မတောင်မှ တော်တော် အသည်းယားမိတယ်။ ဒါပေမယ့် အဲ့ဒီလို ဒဏ်ရာအပြင်းအထန် ရထားလည်း တစ်ချက်မညည်းဘူးနော်။ ဒီလို ခေါင်းမာတဲ့ လူတစ်ယောက်ကို ကျွန်မတို့သာ ဖမ်းလိုက်မယ်ဆိုရင် သူနဲ့ ကျွန်မတို့ ဆက်ဆံရေး ပြတ်သွားရုံတင် မဟုတ်ဘူး၊ ကျွန်မတို့ကို မကူညီချင်တာနဲ့ သူ့ကိုယ်သူပါ သတ်သေသွားလောက်တယ်။ အဲဒီအခါကြမှ ကျွန်မတို့ဂိုဏ်းအတွက် ပိုပြီးတော့တောင် မျှော်လင့်ချက် မဲ့သွားလိမ့်မယ် . . ."

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now