Chapter - 213 "ကျောက်စိမ်းအားဖြည့် ကြာပန်းပင်"

Beginne am Anfang
                                    

“ငါတို့အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ သန်းလာပြီပဲ . . .”

ရဲရှောင်သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားဟန်ဖြင့် -

[ဘာလဲဟ၊ သူတို့တွေ ရူးများ ရူးနေကြတာလား၊ သူတို့ရဲ့ မှင်ရောင်အားဖြည့် ကြာပန်း အစုတ် နေရာမှာ ငါကပဲ ကျောက်စိမ်းအားဖြည့် ကြာပန်းနဲ့ လဲထားမယ် ထင်နေတယ်လား။ အလုပ်မရှိ အလုပ်ရှာလို့။ ရူးများ နေသလားကွာ . . .]

စိတ်အနည်းငယ်ရှုပ်သွားသော်လည်း မျက်ရည်များပင် ကျနေသော ပိုင်ရှင်းယွဲ့အား မြင်လိုက်ရသောအခါ ရဲရှောင်လည်း သက်ပြင်း ချလိုက်မိလိုက်သည်။

တိမ်မြူခိုးနန်းတော်သည် ခက်ခဲ့သည့် အချိန်ကာလများအား ရင်ဆိုင် ဖြတ်သန်းခဲ့ရသည်။ လူတိုင်း၏ လေးစားမှုကို ခံယူထိုက်သည့် ဂိုဏ်းတစ်ဂိုဏ်းပင် ဖြစ်သည်။

ထိုဂိုဏ်းရှိ လူများသည် သူတို့ကိုယ် သူတို့ထက် အခြားသော လူများ၏ အသက်များအား ပို၍ တန်ဖိုးထားတတ်ကြသည်။

သူတို့ ပြုသမျှသည် ဂိုဏ်း နှင့် ဆရာသခင်များ အတွက်သာ ဖြစ်သည်။ ဂိုဏ်းအတွက်သာဆိုလျှင် အသက်အား ငဲ့ကွက်ခြင်းလည်း မရှိကြပေ။ ဂိုဏ်းအတွင်းရှိ လူတိုင်းပင် ထိုကဲ့သို့ ဖြစ်လေသည်။

ယောကျာ်းသား အများစုပင် တိမ်မြူခိုးနန်းတော်၏ ဂိုဏ်းသားများကဲ့သို့ လုပ်နိုင်လိမ့်မည်ဟု ရဲရှောင် မထင်မိပေ။

ထိုကဲ့သို့သော အမျိုးသမီးများသည် အလွန်ပင် လေးစားဖွယ် ကောင်းလှပေသည်။

“ဆရာဖန် . . . ရှင်မှင်ရောင်အားဖြည့် ကြာပန်းကို ယူသွားပြီး အခုလို ကျောက်စိမ်းအားဖြည့် ကြာပန်းအဖြစ် လုပ်ခဲ့တာ တစ်လလောက်ပဲ ကြာလိုက်တယ် မဟုတ်လား . . .”

ပိုင်ရှင်းယွဲ့ တောက်ပသော မျက်ဝန်းအစုံဖြင့် ရဲရှောင်အား ကြည့်ရင်း မေးလိုက်သည်။

“ဟုတ်တယ် . . . အမှန်ပဲ . . .”

ရဲရှောင် မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။

“ဖန်ဇီလင်ဆိုတဲ့ ကျုပ်က ကတိတစ်လုံးကို တန်ဖိုးအထားဆုံးပဲ။ ကျုပ် ပါးစပ်က ကတိပေးလိုက်ပြီ ဆိုကတည်းက အဲဒီကတိကို တည်အောင် အကောင်းဆုံး ကြိုးစားတယ်။ ခင်ဗျားတို့ရဲ့ အသက်ကို ကယ်တင် ပေးနိုင်မယ့် တစ်ခုတည်းသော အရာက ဒီကြာပန်းဆိုတာ ကျုပ်သိတယ်လေ။ အဲဒါကြောင့်ပဲ ကျုပ် သေချာ ကြိုးစားပေးခဲ့တာပေါ့။ ကြာပန်းက တစ်ပွင့်တည်းဆိုပေမယ့် တန်ဖိုးကြီးတဲ့ ရင်းနှီးမြုပ်နှံမှုလေးတွေတော့ ရှိတာပေါ့ဗျာ။ ဘာပဲပြောပြော နောက်ဆုံးတော့ ရသွားပြီ။ ကျုပ်လည်း တော်တော် ရင်းလိုက်ရတယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWo Geschichten leben. Entdecke jetzt