Chapter - 212 "သူဘယ်လိုသိ"

Почніть із самого початку
                                    

ပိုင်ရှင်းယွဲ့ ပြုံးရုံသာ ပြုံး၍ မည်သည့်စကားမျှ ထပ်မပြောတော့ချေ။

ပိုင်ရှင်းယွဲ့သည် ရဲရှောင်၏ နှုတ်မှ “တိမ်မြူခိုးပိုင်ရှင်းယွဲ့” ဟု ပြောလိုက်သည့်အချိန်ကတည်းပင် ရဲရှောင်အပေါ် သံသယဝင်ခဲ့မိသည်။

သူမအဖို့ ထိုလျှိ့ဝှက်ချက်ကိုပင် သိနေသော လူတစ်ဦးအား သတ်ပစ်ရမည် ဖြစ်သော်လည်း ထိုလူသည်
ယုံကြည်စိတ်ချ၍ ရနိုင်သည်ဟု ခံစားနေမိသည်။ ထို့ပြင် ချူးချူးကိုသာမက ဂိုဏ်းတစ်ခုလုံးကိုပင် ဒုက္ခပေးမည့် လူတစ်ယောက်ဟုလည်း မထင်မိချေ။

အဘယ့်အတွက်ကြောင့် ထိုကဲ့သို့ ခံစားနေမိသည်ကို သူမကိုယ်တိုင်ပင် နားမလည်နိုင်အောင် ဖြစ်လျက်ရှိသည်။

ပိုင်ရှင်းယွဲ့၏ စိတ်ထဲတွင် နားမလည်နိုင်အောင် ဖြစ်နေသည့် အခြားအချက် တစ်ချက်လည်း ရှိသေးသည်။ သူမသည် ရဲရှောင်အား အကဲခတ်သည့် သဘောမျိုးဖြင့် ကြည့်လိုက်ရင်း အတိတ်က အကြောင်းအရာများအား တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေမိသည်။

[အစ်မကျွင့်က ငါ့ကို လူတွေရှိန်နေကြဖို့ သူ့နာမည်နဲ့ တွဲထားဖို့ စီစဉ်တုန်းက ငါသဘောမတူခဲ့ဘူး။ သဘောမတူတာကလည်း ငါက အင်အားကြီးတဲ့ ဂိုဏ်းကဖြစ်နေလို့ မာန်တက်နေလို့ မဟုတ်ပါဘူး သူ့ကြောင့် သူ့ကိုထည့်တွက်ခဲ့လို့။ ငါ့ဂိုဏ်းတစ်ခုလုံး ကံဆိုးမိုးမှောင်ကျနေတဲ့အချိန် အစ်မကျွင့်ပါ ငါနဲ့အတူ ရောယောင်ပြီး ဒုက္ခရောက်သွားနိုင်တယ် . . .]

[ငါ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ နာမည်ဂုဏ်သတင်းက သူနဲ့ဘယ်လိုမှ ယှဉ်လို့မရပါဘူး။ အဲဒါကြောင့်ပဲ ငါငြင်းခဲ့မိတာ။ ငါတို့ဂိုဏ်းတစ်ခုလုံး ဒုက္ခရောက်ခဲ့ပေမယ့်
ကံကောင်းစွာနဲ့ပဲ အစ်မကျွင့်ကတော့ ဘာမှမဖြစ်ခဲ့ဘူး။ သေချာတာက ချင်းယန် နယ်ပယ်မှာ ဒီစကားစုကို သိတာ လက်ငါးချောင်း မပြည့်လောက်ဘူး၊ အဲဒီထက်တောင် နည်းဦးမယ်။ တကယ်တမ်းဆို ၃ ယောက်ပဲသိရမှာ။ ဒီကိစ္စတစ်ခုလုံးကို လူသုံးယောက်ပဲ သိကြတာ။ ရှောင်ဧကရာဇ်၊ ငါနဲ့ အစ်မကျွင့်ပဲ သိကြတာပဲဟာ . . .]

[အဲဒီတုန်းက ရှောင်ဧကရာဇ်က အစ်မကျွင့် ချစ်ရတဲ့သူ၊ ငါကတော့ သူ့ကို သေအောင်မုန်းတယ်။ သူက ငါ့အစ်မကျွင့်ရဲ့ ဘဝကို ဖျက်ဆီးတဲ့လူပဲ . . .]

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now