အခန်း ၂၂- သူတို့က မိုမိုကို လုချင်နေတာ

Start from the beginning
                                    

ရှုမင်းကျိန်းက တံခါးဝသို့ ကလေးလေးယောက်နှင့် ယွမ်ကဲချင်ကိုခေါ်သွားပြီး စောင့်နေသည်။

သိပ်မကြာခင်မှာပဲ ထန်းဝမ်စစ် ပြန်လာသည်။ သူ့မျက်နှာတွင် အပျော်တွေက ဖုံးကွယ်မရနိုင်အောင် ဖြစ်နေသည်။

ဒါပေမယ့် သူက ဘာမှမပြောလာသေးဘဲနေနေသည်။ ဝေမိသားစုကို နှုတ်ဆက်ပြီးနောက် ရှုမင်းကျနးရယ် ကလေးတွေရယ်ကို ခေါ်ပြီး ပြန်လိုက်သည်။

သူတို့အိမ်ကိုရောက်တော့ ကားမောင်းသူကို ယွမ်ကဲချင်အား အိမ်ပြန်ပို့ခိုင်းလိုက်သည်။

ယွမ်ကဲချင်ကို အိမ်၌ကစားရန်မခေါ်သလို သူတို့ကိုယ်တိုင်လည်း ပြန်ပို့ပေးခြင်းမရှိပေ။

ရှုမင်းကျန်းအတွက်ကြောင့် ထန်းဝမ်စစ်က ယွမ်မိသားစုရဲ့ အိမ်ဦးစီးနှင့် သမီးကို ဂရုစိုက်ပေးတာဖြစ်သည်။

သို့သော်လည်း ယွမ်ကဲချင်က ထန်းမိုကို အသုံးချပြီး အပေါ်ကို ခုန်တက်ချင်နေသည်။ ဒါက ထန်းဝမ်စစ်ကို စိတ်ဆိုးသွားစေ၏။

ထန်းဝမ်စစ်က သူ့ရဲ့တစ်ဦးတည်းသော သမီးလေးနှင့် ပတ်သက်လာရင် အရာအားလုံးကို သတိထားသည်။

ယွမ်ကဲချင်ကို ပို့ခိုင်းလိုက်ပြီးနောက် ထန်းမိသားစုက အိမ်ထဲသို့ဝင်လာသည်။

ထန်းဝမ်စစ်က သူ့မိသားစုကို ပြောလာသည်။ "အဝတ်အစားလဲပြီးရင် အကုန်လုံး ဧည့်ခန်းကို ပြန်လာကြနော်... ပါး ပြောစရာလေးရှိလို့"

အကုန်လုံး အဝတ်အစား အမြန်ပြေးလဲကြပြီး ပထမထပ်ရှိ ဧည့်ခန်းသို့ ပြန်လာကြသည်။

"ဘာကိစ္စလဲ" ရှုမင်းကျန်းက ဝေမင်ဝမ်နှင့် ထန်းဝမ်စစ်တို့ သီးသန့်ပြောဆိုမှုက တစ်ခုခုဆိုတာကို အာရုံခံမိနေသည်။

ဝေမိသားစုကများ စီးပွါးရေးနှင့်ပတ်သက်ပြီး ပူးပေါင်းမှာများလား?

အဲ့လိုဆိုလည်း ကောင်းတာပဲဖြစ်သည်။

ထန်းဝမ်စစ်က သူ့မျက်နှာရှိ အပျော်ကို ထိန်းချုပ်ဖို့ ခက်ခဲစွာဖြင့် ပြောလာသည်။ "ရှန်းယွဲ့တံခါးဝမှာ ဝေမင်ဝမ်က ကို့ကို သီးသန့်ပြောလာတာရှိတယ်...အဲဒါကလည်း မိုမိုနဲ့ပတ်သက်နေတာ"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now