"ဘုန်း"
ခန္ဓာကိုယ်တစ်ခုလုံး တစ်ပတ်လည်ကာ dojo mat ပေါ် ကျောဖြင့် ပြန်ကျတာမို့ ဇေရှိန်ဟန့်မျက်နှာ ရှုံ့မဲ့သွားရ၏။
"အွတ်"
ဒါနဲ့ဆို ကိုစိုင်းမာန် သူ့ကို ကိုင်ပေါက်တာ သုံးကြိမ်မြှောက် ရှိပြီဖြစ်သည်။
"ထနိုင်သေးတယ်မလား...မရတော့ရင် လက်ပုတ်လိုက်"
သူ့မှာလည်း မာနရှိသေးတာမို့ ဇေရှိန်ဟန် ချက်ချင်း ပြန်ထပြီး ဂျူဒို အင်္ကျီခါးစည်းကြိုးကို မြဲအောင် ပြန်ချည်လိုက်၏။
"မင်း ကျွမ်းကျင်တဲ့ Wrestling ကိုသုံးပြီး ပြန်တိုက်လေ ရှိန်ဇေ"
ကိုစိုင်းမာန်နှင့်သူက ခန္ဓာကိုယ်အရွယ်အစားချင်း သိပ်မကွာသလို အရပ်ချင်းလည်း မတိမ်းမယိမ်းဆိုပေမယ့် သူ့ဘက်က ပုံမှန်လုပ်နိုင်စွမ်းထက် တမင်အားလျှော့ထားတာကို သိသော ကိုစိုင်းမာန်က ကျေနပ်ပုံမရပေ။
Judo နဲ့ Wrestling နှစ်ခုလုံးက လုံးထွေးသတ်ပုတ်ရသည့် ကိုယ်ခံပညာတွေ ဖြစ်ပြီး အနိုင်ရဖို့ နည်းလမ်းတွေလည်း တော်တော်များများ ဆင်တူကြသည်။
သို့သော်လည်း ကိုစိုင်းမာန်က Judoမှာ ခါးပတ်နက်ရထားသော Pro ကစားသမားဖြစ်ပြီး ဇေရှိန်ဟန်က ကျောင်းပွဲတွေမှာ Wrestling ကို အပျော်တမ်း ကစားခဲ့သော Freestyle wrestler မို့ ကွာတာကတော့ ကွာတာပဲ ဖြစ်သည်။
နောက်တစ်ချက်က ကိုစိုင်းမာန်နေရာမှာ တခြားလူသာဆို ဇေရှိန်ဟန် အနိုင်ရဖို့အတွက် ရေကုန်ရေခမ်း ပြန်ချမှာဖြစ်ပေမယ့် ကိုစိုင်းမာန်ဟာ သူ့ရည်းစားရဲ့အစ်ကိုကြီး ဟူသည့် အရှိန်က သူ့ကို သိပ်မလှုပ်သာစေ။
"ကိုမာန် ကစားချင်တဲ့အချိန်အထိ ကစားပါ...တစ်ညလုံးဆိုလည်း ကျွန်တော် ပြန်ထနိုင်တယ်"
ဇေရှိန်ဟန် သူ့ယောက်ဖလောင်းကို အနိုင်ယူဖို့ ကြိုးစားမှာမဟုတ်သလို လွယ်လွယ်ဖြင့် အရှုံးပေးမှာလည်း မဟုတ်ချေ။
"ဘုန်း"
"အ!"
ဒီတစ်ခါတော့ ကိုစိုင်းမာန်က သူ့ကို ကိုင်ပေါက်ရုံတင်မက သူ့လည်ပင်းကိုပါ လက်မောင်းနှင့်ချုပ်ပစ်လိုက်တာပင်။
"မင်း ငါ့ညီကို တကယ်ချစ်တာလား"
အံကြိတ်လျက် ပြောလာ သည့် ကိုစိုင်းမာန်က သူ လက်ပုတ်ကာ အရှုံးမပေးမချင်း လွှတ်ပေးမည့်ဟန် မရှိပေမယ့်
"တကယ်ပါ...ကျွန်တော်...သူ့ကို ချစ်...အစ်"
ခေါင်းမာသည့် သူကလည်း သတိလစ်သွားမှာတောင် ဂရုမစိုက်ဘဲ ဇွဲနပဲ ကြီးစွာဖြင့် တင်းခံထားမိသည်။
"ကျစ်!"
နောက်တော့လည်း ကိုစိုင်းမာန်ကပဲ အကြောတင်းလွန်းသည့် သူ့အား အားကုန်သုံးပြီး ချုပ်ထားရာမှ မလွှတ်ချင် လွှတ်ချင်ဖြင့် လွှတ်ပေး၏။
"ဟား!"
ဇေရှိန်ဟန်လည်း ခုခံရတာ ခြေကုန်လက်ပန်းကျသွားပြီမို့ ကြမ်းပေါ်တွင် ပက်လက် အနေအထားဖြင့်သာ ခဏ လှဲနေလိုက်သည်။
"မင်း တော်တော် သက်လုံကောင်းတာပဲ"
ကိုစိုင်းမာန်က ပြောပြောဆိုဆိုဖြင့် သူ့ကို လက်တစ်ဖက် ကမ်းပေးလာတော့မှ ဇေရှိန်ဟန်လည်း ကိုစိုင်းမာန်ရဲ့လက်ကို
ဆွဲပြီး ထလိုက်၏။
"ကျေးဇူးပါဗျ"
သူ့ကိုဆွဲထူပေးပြီး ချွေးတွေသုတ်နေသည့် ကိုစိုင်းမာန်က သူ့ကိုလည်း တဘက်တစ်ထည် လာပေးသည့်အခါ ဇေရှိန်ဟန် ရိုရိုကျိုးကျိုးဖြင့် လက်ခံယူလိုက်ပါသည်။
*******************************
ရှိန်ဇေ ဒီDojo room ထဲကို ဝင်သွားကတည်းက အပြင်တွင် စိတ်ပူပြီး ကျန်နေခဲ့ရသည့် စိုင်းစေး လိုက် ဝင်သွားရန် အကြိမ်ကြိမ် တွေးမိသော်လည်း စည်းကမ်းကြီးသည့် သူ့အစ်ကိုကြီး စိတ်ဆိုးမှာကို စိုးရွံ့သဖြင့် နာရီဝက်လုံးလုံး Dojo room ရှေ့တွင် ဟိုဘက်လျှောက်လိုက် သည်ဘက် လျှောက်လိုက်ဖြင့် ဂနာမငြိမ် ဖြစ်နေခဲ့သည်။
"စေး"
ထိုစဥ် ရှိန်ဇေတစ်ယောက် အခန်းထဲကနေ ထွက်လာတော့ သူ စိုးရိမ်တကြီးဖြင့် ရှိန်ဇေ့ရဲ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ရှိန်ဇေ့အား ခြေဆုံးခေါင်းဆုံး ကြည့်မိသည်။
"ဘယ်နား နာသွားသေးလဲ...ဟင်"
ရှိန်ဇေက ခေါင်းရမ်းပြပေမယ့်လည်း စိုင်းစေးကတော့ စိတ်သက်သာရာ မရပေ။
သူ့အစ်ကိုကြီး စိုင်းမာန်ရဲ့အကြောင်း စိုင်းစေးအသိဆုံးပဲ မဟုတ်လား။
စိုင်းစေးနှင့်သူ့သူငယ်ချင်းတွေအပါအဝင် ကိုမာန်နှင့်ဂျူဒိုကစားဖူးသူတိုင်း တစ်ကြိမ်တည်းဖြင့် ဆလံသရလောက်အောင် ကိုမာန်က ရှယ်ထောင်းတတ်၏။
"ငါ အဆင်ပြေပါတယ်"
အခု သွေးပူနေတုန်းသာ ဒီလောက်တော့ အေးဆေးပါဟု ထင်ရသော်လည်း နောက်နေ့ဆိုရင် တစ်ကိုယ်လုံး မလှုပ်ချင်အောင်ကို နာကျင် ကိုက်ခဲနေလိမ့်မှာ အသေအချာပဲ ဖြစ်သည်။
"ကိုယ် Plaster ကပ်ပေးမယ်"
သူ ရှိန်ဇေ့ကို ဧည့်သည်ခန်းထဲသို့ အရင်ဝင်စေပြီး သူ့အခန်းထဲကနေ ဆေးplaster တွေ သွားယူပြီးမှ ရှိန်ဇေ ရှိနေသည့်ဧည့်သည်ခန်းထဲကို လိုက်ဝင်သွားလိုက်သည်။
"အင်္ကျီချွတ်လိုက်"
Sofa ရှည်ပေါ်တွင် ခြေပစ်လက်ပစ် မှီထိုင်နေရာမှ ရှိန်ဇေက ခန္ဓာကိုယ်အနေအထားကို ခပ်မတ်မတ် ပြင်ထိုင်ကာ ဂျူဒိုအင်္ကျီရဲ့ခါးစည်းကြိုးကို ဖြည်တော့ သူက ရှိန်ဇေ့နောက်ကျောတွင် ဝင်ထိုင်ပြီး ရှိန်ဇေဝတ်ထားသည့် အင်္ကျီကို ပခုံးနှစ်ဖက်ပေါ်ကနေ သာသာလေး ဆွဲချပေးလိုက်၏။
"ဘယ်နှခါ ကိုင်ပေါက်ခံလိုက်ရလဲ"
ရှိန်ဇေက သူမေးတာကို နှုတ်က ပြန်မဖြေနိုင်ဘဲ လက်လေးချောင်းထောင်ပြလာတော့ စိုင်းစေး အံ့ဩသွားရသည်။
သူတို့တောင် ကိုမာန့်ဆီမှာ နှစ်ကြိမ်ဆက်များ ကိုင်ပေါက်ခံရလျှင် ချက်ချင်း လက်ပုတ်ကာ အရှုံးပေးမိတာပင်။
"ကိုမာန်က ကိုယ့်ကိုတောင် အလျှော့ပေးတာ မဟုတ်ဘူး...အခုထိ ကိုမာန့်ကို နိုင်ဖူးတဲ့လူလည်း မရှိသေးဘူး"
"တစ်ခါလောက် ရှူံးစေချင်လိုက်တာ"
အခုမှ မကျေမနပ်ဖြင့် အသံထွက်လာသည့် သူ့ရည်းစားကို စိုင်းစေးမှာ သနားလည်းသနား၊ ရယ်လည်းရယ်ချင် ဖြစ်ရ၏။
"ကိုမာန်က ဘာတွေ ပြောလိုက်သေးလဲ"
"မင်းကို တကယ်ချစ်တာလားတဲ့...ငါက အမှန်အတိုင်း ခေါင်းညိတ်တော့လည်း သူ အသာတကြည် လက်မခံပေးနိုင်ဘူး"
"John နဲ့ မင်းလိုပေါ့"
"တကယ်ပါပဲ"
*******************************
ဇေရှိန်ဟန် မနက် အိပ်ရာနိုးလာတော့ တစ်ကိုယ်လုံး နာကျင် ကိုက်ခဲလို့နေ၏။ ဒါတောင် မနေ့ညက စိုင်းစေး သူ့ကို plasterတွေ ကပ်ပေးသွားလို့သာ တော်သေးသည်ဟု ဆိုရမည်။ ဖျားချင်ဖျားလို့ရနေပြီ ဖြစ်သည့် အနေအထားမို့ သူ ကျော်ဇောကို ဖုန်းဆက်လိုက်သည်။
"ငါ ဒီနေ့ အလုပ်မဝင်တော့ဘူး ကျော်ဇော"
"ဘာဖြစ်လို့လဲ"
ယောက်ဖဆီက အထောင်းခံထားရလို့ဟု ဖြေရင် ကျော်ဇောက အော်ရယ်တော့မှာမို့ ဇေရှိန်ဟန်
"နေ သိပ်မကောင်းလို့" ဟုသာ ဖြေလိုက်ရ၏။
"မသိပါဘူး ငါက မင်း မနေ့ညက အဆောင်ကို ပြန်မလာတော့ ပြိုင်းနေတယ်မှတ်တာ ဟဲဟဲ"
"တိတ်စမ်း! ဟေ့ကောင်"
"အေးပါ...အေးဆေးနားလိုက်"
ကျော်ဇောနှင့်ဖုန်းပြောပြီးနောက် ဇေရှိန်ဟန် အိပ်ရာမှထလိုက်သည်။
ခါးကနေ စပြီး ကျောပြင် တစ်ပြင်လုံးသာမက ပခုံးနှစ်ဖက်လုံးပါ တောင့်ခဲနေသဖြင့် သူ အိပ်ရာတောင် မနည်း သိမ်းရ၏။
ဇေရှိန်ဟန် ရေချိုးခန်းထဲတွင် ရေနွေးနွေးလေးနှင့်ရေချိုးလိုက်မှသာ နာကျင်ကိုက်ခဲနေတာတွေ အနည်းငယ် ပြေ လျော့သွားတာဖြစ်သည်။
သူ ရေချိုးပြီး ထွက်သွားတော့ စိုင်းစေးက အခန်းထဲ ရောက်နေကာ သူလဲဝတ်ဖို့ အဝတ်တစ်စုံကို အဆင်သင့်ထုတ်ပေးထားပါ၏။
"သက်သာလား"
"အင်း...ဒါပေမယ့် အလုပ်ကိုတော့ ခွင့်တိုင်လိုက်တယ်"
"ဒီမှာ မနက်စာစားပြီးရင် ကိုယ်တို့ မြို့ထဲကအိမ်မှာ အေးဆေး သွားနေရအောင်လေ"
"ဖြစ်ပါ့မလား"
အရင်တစ်ခါ ကိုစိုင်းမာန် သူတို့ကို မိပြီးကတည်းက ဇေရှိန်ဟန် အဲဒီအိမ်ကို ထပ်သွားဖို့ ရွံ့နေသည်။
"အဲဒါဆိုလည်း ကိုယ်တို့သူငယ်ချင်းတွေအိမ်ကို လိုက်ခဲ့လေ...ဘယ်သူမှ မရှိဘူး"
"အင်း"
သူတို့နှစ်ယောက် အောက်ထပ်မှာ မနက်စာ သွားစားကြတော့ စိုင်းစေးရဲ့အဖေနှင့်အမေပဲ ရှိကြ၏။ စိုင်းစေးရဲ့အစ်မနှင့်အစ်ကိုတွေကတော့ အလုပ်သွားကြပြီထင်သည်။
"ရှိန်ဇေ မနေ့ညက သားကြီးနဲ့ Judo ကစားတယ်ဆို"
"ဟုတ်ကဲ့ဗျ"
"အန်တီ အားနာလိုက်တာကွယ်"
"မဟုတ်တာ...ကျွန်တော် အဆင်ပြေပါတယ်ဗျ"
"အန်တီကတော့ ရှိန်ဇေနဲ့ သားစေးတို့နှစ်ယောက် သင့်သင့်မြတ်မြတ်နဲ့ အချိန်ကြာကြာ လက်တွဲသွားနိုင်ဖို့မျှော်လင့်တာမို့ ဒီအိမ်ကိုလည်း ကိုယ့်ရဲ့ဒုတိယမိသားစုလို သဘောထားပြီး ဝင်ထွက်နိုင်ပါတယ်"
"ကျေးဇူးအများကြီး တင်ပါတယ် အန်တီ...ကျွန်တော် စိုင်းစေးကို အများကြီး ချစ်ခင်မြတ်နိုးပါ့မယ်"
"ကောင်းပါပြီကွယ်"
*******************************
စိုင်းစေး အခုမှ ရှိန်ဇေ့အား သူငယ်ချင်းတွေရဲ့အိမ်ကို ခေါ်လာဖူးခြင်းဖြစ်သည်။
"ဒါ ကိုယ့်အခန်း"
သူ အပေါ်ထပ်ရှိ သူ့ အခန်းတံခါးကို ဖွင့်ပြီး ရှိန်ဇေ့ကို ရှေ့ကနေ ဝင်စေလိုက်၏။
"တွေးကြည့်တော့ မင်းနဲ့ငါက လုံးဝ ဆန့်ကျင်ဘက်ပဲ စေး"
သူ့အခန်း အပြင်အဆင်ကို လျှောက်ကြည့်ရင်း ပြောလာသည့်ရှိန်ဇေနှင့်သူက တကယ်လည်း အကြိုက်ချင်းကအစ မတူကြပါ။
"ကိုယ်တို့ တစ်အိမ်တည်းနေရင် တော်တော်များများ ညှိယူရမယ်လို့ ထင်လား"
စိုင်းစေး အပြင်ကနေ ဝယ်ခဲ့သည့် Iced Coffee နှစ်ဘူးထဲမှ တစ်ဘူးကို ပိုက်တပ်ပြီး ရှိန်ဇေ့ကို အရင် ပေးလိုက်တော့ ရှိန်ဇေက ကော်ဖီတစ်ငုံ သောက်လိုက်ပြီးမှ သူ့မေးခွန်းကို ပြန်ဖြေသည်။
"ငါက မင်းရဲ့အကြိုက်ကို လိုက်ပြီးနေနိုင်ပေမယ့် မင်းကတော့ ငါ့အကြိုက်လိုက်ပြီး မနေနိုင်လောက်ဘူးလို့ ထင်တာပဲ"
ရှိန်ဇေ ပြောတာက မှန်သင့်သလောက် မှန်နေတာမို့ စိုင်းစေး ငြိမ်နေမိပြီး စက္ကန့်ပိုင်းမျှ ကြာသည့်အခါ သူ စကားလမ်းကြောင်းလွှဲလိုက်၏။
"မင်း လှဲချင်ရင် ကိုယ့်အိပ်ရာပေါ်မှာ သက်သောင့်သက်သာလှဲလို့ရတယ်"
"အင်း...ဒီချည်လုံးတွေက မင်းထိုးတာလား"
ရှိန်ဇေက သူ့အိပ်ရာနံဘေးရှိ ချည်လုံးခြင်းကို ကြည့်ကာ မေးတော့ စိုင်းစေး ခေါင်းညိတ်ပြလိုက်ပါသည်။
"ငါ မင်းအတွက် လက်အိတ်ထိုးနေတာ...ပြီးတော့ မပြီးသေးဘူး"
ဒီရာသီဆို ရှိန်ဇေ ဆိုင်ကယ်မောင်းရင် လက်အိတ်ဝတ်သင့်၏။ သူ ထိုးပေးနေတဲ့လက်အိတ်ကတော့ နောက်တစ်ပတ်လောက်ဆို ပြီးနိုင်ပါသည်။
"ငါနဲ့အတူတူ လာလှဲဦး"
ရှိန်ဇေက သူ့ခုတင်ပေါ်တွင် ဝင်လှဲရင်း ခေါ်တော့ စိုင်းစေးလည်း လက်ထဲက Coffee ဘူးကို Nightstand ပေါ် တင်လိုက်သည်။
"မင်း ကိုယ်လက်တွေ နာနေသေးလား"
"နည်းနည်းပဲ"
သူ့အား ရင်ခွင်ထဲကို ဆွဲသွင်းဖို့တော့ အားတွေကျန်နေသေးပုံရသည့် ရှိန်ဇေက သူ နံဘေးမှာဝင်လှဲလိုက်တာနဲ့ သူ့ခါးကို တင်းတင်းဖက်ကာ သူ့နှုတ်ခမ်းတွေကို စုပ်နမ်းလာ၏။
ရှိန်ဇေ့ရဲ့အထိအတွေ့တွေမှာ ခဏတွင်းချင်း မွေ့လျော်သွားသည့် သူကလည်း ရှိန်ဇေ့ရင်ခွင်ထဲ နစ်သည်ထက်နစ်ကာ ရှိန်ဇေ့ အနမ်းတွေကို အလိုက်သင့်လေး တုံ့ပြန်နေမိသည်။
"စေး...မင်းပြန်ရောက်နေတာလား!"
ထိုစဥ် သူ့အခန်းတံခါး ရုတ်တရက် ပွင့်လာတော့ စိုင်းစေး အလန့်တကြားဖြင့် ရှိန်ဇေ့ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်မိ၏။
"Isaac"
"Oh! sorry!...ငါ ဘာမှမမြင်လိုက်ဘူး...ဆက်လုပ် ဆက်လုပ်...bye!"
Isaac က အလျင်အမြန်ပဲ သူ့အခန်းတံခါးကို ပြန်ဆွဲပိတ်ပေးသွားပေမယ့် စိုင်းစေးကတော့ မျက်နှာပူလွန်းလို့ လက်ဖဝါးနှစ်ဖက်ထဲ မျက်နှာအပ်လိုက်မိသည်။
"ကျစ်...အခန်းတံခါး Lock မချမိပြန်ဘူး"
သူ အစောက ရုန်းလိုက်လို့ လက်မောင်းတွေနာသွားပုံရသော ရှိန်ဇေကတော့ အတန်ကြာမှ အသံ ထွက်လာ၏။
"ငါတို့နှစ်ယောက်ကို လူမမိနိုင်မယ့်နေရာ မရှိတော့ဘူးလား"
*******************************
[ Zawgyi ]
"ဘုန္း"
ခႏၶာကိုယ္တစ္ခုလုံး တစ္ပတ္လည္ကာ dojo mat ေပၚ ေက်ာျဖင့္ ျပန္က်တာမို႔ ေဇရွိန္ဟန့္မ်က္ႏွာ ရႈံ႕မဲ့သြားရ၏။
"အြတ္"
ဒါနဲ႕ဆို ကိုစိုင္းမာန္ သူ႕ကို ကိုင္ေပါက္တာ သုံးႀကိမ္ျမႇောက္ ရွိၿပီျဖစ္သည္။
"ထနိုင္ေသးတယ္မလား...မရေတာ့ရင္ လက္ပုတ္လိုက္"
သူ႕မွာလည္း မာနရွိေသးတာမို႔ ေဇရွိန္ဟန္ ခ်က္ခ်င္း ျပန္ထၿပီး ဂ်ဴဒို အကၤ်ီခါးစည္းႀကိဳးကို ၿမဲေအာင္ ျပန္ခ်ည္လိုက္၏။
"မင္း ကြၽမ္းက်င္တဲ့ Wrestling ကိုသုံးၿပီး ျပန္တိုက္ေလ ရွိန္ေဇ"
ကိုစိုင္းမာန္ႏွင့္သူက ခႏၶာကိုယ္အ႐ြယ္အစားခ်င္း သိပ္မကြာသလို အရပ္ခ်င္းလည္း မတိမ္းမယိမ္းဆိုေပမယ့္ သူ႕ဘက္က ပုံမွန္လုပ္နိုင္စြမ္းထက္ တမင္အားေလွ်ာ့ထားတာကို သိေသာ ကိုစိုင္းမာန္က ေက်နပ္ပုံမရေပ။
Judo နဲ႕ Wrestling ႏွစ္ခုလုံးက လုံးေထြးသတ္ပုတ္ရသည့္ ကိုယ္ခံပညာေတြ ျဖစ္ၿပီး အနိုင္ရဖို႔ နည္းလမ္းေတြလည္း ေတာ္ေတာ္မ်ားမ်ား ဆင္တူၾကသည္။
သို႔ေသာ္လည္း ကိုစိုင္းမာန္က Judoမွာ ခါးပတ္နက္ရထားေသာ Pro ကစားသမားျဖစ္ၿပီး ေဇရွိန္ဟန္က ေက်ာင္းပြဲေတြမွာ Wrestling ကို အေပ်ာ္တမ္း ကစားခဲ့ေသာ Freestyle wrestler မို႔ ကြာတာကေတာ့ ကြာတာပဲ ျဖစ္သည္။
ေနာက္တစ္ခ်က္က ကိုစိုင္းမာန္ေနရာမွာ တျခားလူသာဆို ေဇရွိန္ဟန္ အနိုင္ရဖို႔အတြက္ ေရကုန္ေရခမ္း ျပန္ခ်မွာျဖစ္ေပမယ့္ ကိုစိုင္းမာန္ဟာ သူ႕ရည္းစားရဲ႕အစ္ကိုႀကီး ဟူသည့္ အရွိန္က သူ႕ကို သိပ္မလႈပ္သာေစ။
"ကိုမာန္ ကစားခ်င္တဲ့အခ်ိန္အထိ ကစားပါ...တစ္ညလုံးဆိုလည္း ကြၽန္ေတာ္ ျပန္ထနိုင္တယ္"
ေဇရွိန္ဟန္ သူ႕ေယာက္ဖေလာင္းကို အနိုင္ယူဖို႔ ႀကိဳးစားမွာမဟုတ္သလို လြယ္လြယ္ျဖင့္ အရႈံးေပးမွာလည္း မဟုတ္ေခ်။
"ဘုန္း"
"အ!"
ဒီတစ္ခါေတာ့ ကိုစိုင္းမာန္က သူ႕ကို ကိုင္ေပါက္႐ုံတင္မက သူ႕လည္ပင္းကိုပါ လက္ေမာင္းႏွင့္ခ်ဳပ္ပစ္လိုက္တာပင္။
"မင္း ငါ့ညီကို တကယ္ခ်စ္တာလား"
အံႀကိတ္လ်က္ ေျပာလာ သည့္ ကိုစိုင္းမာန္က သူ လက္ပုတ္ကာ အရႈံးမေပးမခ်င္း လႊတ္ေပးမည့္ဟန္ မရွိေပမယ့္
"တကယ္ပါ...ကြၽန္ေတာ္...သူ႕ကို ခ်စ္...အစ္"
ေခါင္းမာသည့္ သူကလည္း သတိလစ္သြားမွာေတာင္ ဂ႐ုမစိုက္ဘဲ ဇြဲနပဲ ႀကီးစြာျဖင့္ တင္းခံထားမိသည္။
"က်စ္!"
ေနာက္ေတာ့လည္း ကိုစိုင္းမာန္ကပဲ အေၾကာတင္းလြန္းသည့္ သူ႕အား အားကုန္သုံးၿပီး ခ်ဳပ္ထားရာမွ မလႊတ္ခ်င္ လႊတ္ခ်င္ျဖင့္ လႊတ္ေပး၏။
"ဟား!"
ေဇရွိန္ဟန္လည္း ခုခံရတာ ေျခကုန္လက္ပန္းက်သြားၿပီမို႔ ၾကမ္းေပၚတြင္ ပက္လက္ အေနအထားျဖင့္သာ ခဏ လွဲေနလိုက္သည္။
"မင္း ေတာ္ေတာ္ သက္လုံေကာင္းတာပဲ"
ကိုစိုင္းမာန္က ေျပာေျပာဆိုဆိုျဖင့္ သူ႕ကို လက္တစ္ဖက္ ကမ္းေပးလာေတာ့မွ ေဇရွိန္ဟန္လည္း ကိုစိုင္းမာန္ရဲ႕လက္ကို
ဆြဲၿပီး ထလိုက္၏။
"ေက်းဇူးပါဗ်"
သူ႕ကိုဆြဲထူေပးၿပီး ေခြၽးေတြသုတ္ေနသည့္ ကိုစိုင္းမာန္က သူ႕ကိုလည္း တဘက္တစ္ထည္ လာေပးသည့္အခါ ေဇရွိန္ဟန္ ရိုရိုက်ိဳးက်ိဳးျဖင့္ လက္ခံယူလိုက္ပါသည္။
*******************************
ရွိန္ေဇ ဒီDojo room ထဲကို ဝင္သြားကတည္းက အျပင္တြင္ စိတ္ပူၿပီးက်န္ေနခဲ့ရသည့္ စိုင္းေစး လိုက္ဝင္သြားရန္ အႀကိမ္ႀကိမ္ ေတြးမိေသာ္လည္း စည္းကမ္းႀကီးသည့္ သူ႕အစ္ကိုႀကီး စိတ္ဆိုးမွာကို စိုး႐ြံ႕သျဖင့္ နာရီဝက္လုံးလုံး Dojo room ေရွ႕တြင္ ဟိုဘက္ေလွ်ာက္လိုက္ သည္ဘက္ ေလွ်ာက္လိုက္ျဖင့္ ဂနာမၿငိမ္ ျဖစ္ေနခဲ့သည္။
"ေစး"
ထိုစဥ္ ရွိန္ေဇတစ္ေယာက္ အခန္းထဲကေန ထြက္လာေတာ့ သူ စိုးရိမ္တႀကီးျဖင့္ ရွိန္ေဇ့ရဲ႕ပခုံးႏွစ္ဖက္ကို ဆုပ္ကိုင္ကာ ရွိန္ေဇ့အား ေျခဆုံးေခါင္းဆုံး ၾကည့္မိသည္။
"ဘယ္နား နာသြားေသးလဲ...ဟင္"
ရွိန္ေဇက ေခါင္းရမ္းျပေပမယ့္လည္း စိုင္းေစးကေတာ့ စိတ္သက္သာရာ မရေပ။
သူ႕အစ္ကိုႀကီး စိုင္းမာန္ရဲ႕အေၾကာင္း စိုင္းေစးအသိဆုံးပဲ မဟုတ္လား။
စိုင္းေစးႏွင့္သူ႕သူငယ္ခ်င္းေတြအပါအဝင္ ကိုမာန္ႏွင့္ဂ်ဴဒိုကစားဖူးသူတိုင္း တစ္ႀကိမ္တည္းျဖင့္ ဆလံသရေလာက္ေအာင္ ကိုမာန္က ရွယ္ေထာင္းတတ္၏။
"ငါ အဆင္ေျပပါတယ္"
အခု ေသြးပူေနတုန္းသာ ဒီေလာက္ေတာ့ ေအးေဆးပါဟု ထင္ရေသာ္လည္း ေနာက္ေန႕ဆိုရင္ တစ္ကိုယ္လုံး မလႈပ္ခ်င္ေအာင္ကို နာက်င္ ကိုက္ခဲေနလိမ့္မွာ အေသအခ်ာပဲ ျဖစ္သည္။
"ကိုယ္ Plaster ကပ္ေပးမယ္"
သူ ရွိန္ေဇ့ကို ဧည့္သည္ခန္းထဲသို႔ အရင္ဝင္ေစၿပီး သူ႕အခန္းထဲကေန ေဆးplaster ေတြ သြားယူၿပီးမွ ရွိန္ေဇ ရွိေနသည့္ဧည့္သည္ခန္းထဲကို လိုက္ဝင္သြားလိုက္သည္။
"အကၤ်ီခြၽတ္လိုက္"
Sofa ရွည္ေပၚတြင္ ေျခပစ္လက္ပစ္ မွီထိုင္ေနရာမွ ရွိန္ေဇက ခႏၶာကိုယ္အေနအထားကို ခပ္မတ္မတ္ ျပင္ထိုင္ကာ ဂ်ဴဒိုအကၤ်ီရဲ႕ခါးစည္းႀကိဳးကို ျဖည္ေတာ့ သူက ရွိန္ေဇ့ေနာက္ေက်ာတြင္ ဝင္ထိုင္ၿပီး ရွိန္ေဇဝတ္ထားသည့္ အကၤ်ီကို ပခုံးႏွစ္ဖက္ေပၚကေန သာသာေလး ဆြဲခ်ေပးလိုက္၏။
"ဘယ္ႏွခါ ကိုင္ေပါက္ခံလိုက္ရလဲ"
ရွိန္ေဇက သူေမးတာကို ႏႈတ္က ျပန္မေျဖနိုင္ဘဲ လက္ေလးေခ်ာင္းေထာင္ျပလာေတာ့ စိုင္းေစး အံ့ဩသြားရသည္။
သူတို႔ေတာင္ ကိုမာန့္ဆီမွာ ႏွစ္ႀကိမ္ဆက္မ်ား ကိုင္ေပါက္ခံရလွ်င္ ခ်က္ခ်င္း လက္ပုတ္ကာ အရႈံးေပးမိတာပင္။
"ကိုမာန္က ကိုယ့္ကိုေတာင္ အေလွ်ာ့ေပးတာ မဟုတ္ဘူး...အခုထိ ကိုမာန့္ကို နိုင္ဖူးတဲ့လူလည္း မရွိေသးဘူး"
"တစ္ခါေလာက္ ရႉံးေစခ်င္လိုက္တာ"
အခုမွ မေက်မနပ္ျဖင့္ အသံထြက္လာသည့္ သူ႕ရည္းစားကို စိုင္းေစးမွာ သနားလည္းသနား၊ ရယ္လည္းရယ္ခ်င္ ျဖစ္ရ၏။
"ကိုမာန္က ဘာေတြ ေျပာလိုက္ေသးလဲ"
"မင္းကို တကယ္ခ်စ္တာလားတဲ့...ငါက အမွန္အတိုင္း ေခါင္းညိတ္ေတာ့လည္း သူ အသာတၾကည္ လက္မခံေပးနိုင္ဘူး"
"John နဲ႕ မင္းလိုေပါ့"
"တကယ္ပါပဲ"
*******************************
ေဇရွိန္ဟန္ မနက္ အိပ္ရာနိုးလာေတာ့ တစ္ကိုယ္လုံး နာက်င္ ကိုက္ခဲလို႔ေန၏။ ဒါေတာင္ မေန႕ညက စိုင္းေစး သူ႕ကို plasterေတြ ကပ္ေပးသြားလို႔သာ ေတာ္ေသးသည္ဟု ဆိုရမည္။ ဖ်ားခ်င္ဖ်ားလို႔ရေနၿပီ ျဖစ္သည့္ အေနအထားမို႔ သူ ေက်ာ္ေဇာကို ဖုန္းဆက္လိုက္သည္။
"ငါ ဒီေန႕ အလုပ္မဝင္ေတာ့ဘူး ေက်ာ္ေဇာ"
"ဘာျဖစ္လို႔လဲ"
ေယာက္ဖဆီက အေထာင္းခံထားရလို႔ဟု ေျဖရင္ ေက်ာ္ေဇာက ေအာ္ရယ္ေတာ့မွာမို႔ ေဇရွိန္ဟန္
"ေန သိပ္မေကာင္းလို႔" ဟုသာ ေျဖလိုက္ရ၏။
"မသိပါဘူး ငါက မင္း မေန႕ညက အေဆာင္ကို ျပန္မလာေတာ့ ၿပိဳင္းေနတယ္မွတ္တာ ဟဲဟဲ"
"တိတ္စမ္း! ေဟ့ေကာင္"
"ေအးပါ...ေအးေဆးနားလိုက္"
ေက်ာ္ေဇာႏွင့္ဖုန္းေျပာၿပီးေနာက္ ေဇရွိန္ဟန္ အိပ္ရာမွထလိုက္သည္။
ခါးကေန စၿပီး ေက်ာျပင္ တစ္ျပင္လုံးသာမက ပခုံးႏွစ္ဖက္လုံးပါ ေတာင့္ခဲေနသျဖင့္ သူ အိပ္ရာေတာင္ မနည္း သိမ္းရ၏။
ေဇရွိန္ဟန္ ေရခ်ိဳးခန္းထဲတြင္ ေရေႏြးေႏြးေလးႏွင့္ေရခ်ိဳးလိုက္မွသာ နာက်င္ကိုက္ခဲေနတာေတြ အနည္းငယ္ ေျပေလ်ာ့သြားတာျဖစ္သည္။
သူ ေရခ်ိဳးၿပီး ထြက္သြားေတာ့ စိုင္းေစးက အခန္းထဲ ေရာက္ေနကာ သူလဲဝတ္ဖို႔ အဝတ္တစ္စုံကို အဆင္သင့္ထုတ္ေပးထားပါ၏။
"သက္သာလား"
"အင္း...ဒါေပမယ့္ အလုပ္ကိုေတာ့ ခြင့္တိုင္လိုက္တယ္"
"ဒီမွာ မနက္စာစားၿပီးရင္ ကိုယ္တို႔ ၿမိဳ႕ထဲကအိမ္မွာ ေအးေဆး သြားေနရေအာင္ေလ"
"ျဖစ္ပါ့မလား"
အရင္တစ္ခါ ကိုစိုင္းမာန္ သူတို႔ကို မိၿပီးကတည္းက ေဇရွိန္ဟန္ အဲဒီအိမ္ကို ထပ္သြားဖို႔ ႐ြံ႕ေနသည္။
"အဲဒါဆိုလည္း ကိုယ္တို႔သူငယ္ခ်င္းေတြအိမ္ကို လိုက္ခဲ့ေလ...ဘယ္သူမွ မရွိဘူး"
"အင္း"
သူတို႔ႏွစ္ေယာက္ ေအာက္ထပ္မွာ မနက္စာ သြားစားၾကေတာ့ စိုင္းေစးရဲ႕အေဖႏွင့္အေမပဲ ရွိၾက၏။ စိုင္းေစးရဲ႕အစ္မႏွင့္အစ္ကိုေတြကေတာ့ အလုပ္သြားၾကၿပီထင္သည္။
"ရွိန္ေဇ မေန႕ညက သားႀကီးနဲ႕ Judo ကစားတယ္ဆို"
"ဟုတ္ကဲ့ဗ်"
"အန္တီ အားနာလိုက္တာကြယ္"
"မဟုတ္တာ...ကြၽန္ေတာ္ အဆင္ေျပပါတယ္ဗ်"
"အန္တီကေတာ့ ရွိန္ေဇနဲ႕ သားေစးတို႔ႏွစ္ေယာက္ သင့္သင့္ျမတ္ျမတ္နဲ႕ အခ်ိန္ၾကာၾကာ လက္တြဲသြားနိုင္ဖို႔ေမွ်ာ္လင့္တာမို႔ ဒီအိမ္ကိုလည္း ကိုယ့္ရဲ႕ဒုတိယမိသားစုလို သေဘာထားၿပီး ဝင္ထြက္နိုင္ပါတယ္"
"ေက်းဇူးအမ်ားႀကီး တင္ပါတယ္ အန္တီ...ကြၽန္ေတာ္ စိုင္းေစးကို အမ်ားႀကီး ခ်စ္ခင္ျမတ္နိုးပါ့မယ္"
"ေကာင္းပါၿပီကြယ္"
*******************************
စိုင္းေစး အခုမွ ရွိန္ေဇ့အား သူငယ္ခ်င္းေတြရဲ႕အိမ္ကို ေခၚလာဖူးျခင္းျဖစ္သည္။
"ဒါ ကိုယ့္အခန္း"
သူ အေပၚထပ္ရွိ သူ႕ အခန္းတံခါးကို ဖြင့္ၿပီး ရွိန္ေဇ့ကို ေရွ႕ကေန ဝင္ေစလိုက္၏။
"ေတြးၾကည့္ေတာ့ မင္းနဲ႕ငါက လုံးဝ ဆန့္က်င္ဘက္ပဲ ေစး"
သူ႕အခန္း အျပင္အဆင္ကို ေလွ်ာက္ၾကည့္ရင္း ေျပာလာသည့္ရွိန္ေဇႏွင့္သူက တကယ္လည္း အႀကိဳက္ခ်င္းကအစ မတူၾကပါ။
"ကိုယ္တို႔ တစ္အိမ္တည္းေနရင္ ေတာ္ေတာ္မ်ားမ်ား ညွိယူရမယ္လို႔ ထင္လား"
စိုင္းေစး အျပင္ကေန ဝယ္ခဲ့သည့္ Iced Coffee ႏွစ္ဘူးထဲမွ တစ္ဘူးကို ပိုက္တပ္ၿပီး ရွိန္ေဇ့ကို အရင္ ေပးလိုက္ေတာ့ ရွိန္ေဇက ေကာ္ဖီတစ္ငုံ ေသာက္လိုက္ၿပီးမွ သူ႕ေမးခြန္းကို ျပန္ေျဖသည္။
"ငါက မင္းရဲ႕အႀကိဳက္ကို လိုက္ၿပီးေနနိုင္ေပမယ့္ မင္းကေတာ့ ငါ့အႀကိဳက္လိုက္ၿပီး မေနနိုင္ေလာက္ဘူးလို႔ ထင္တာပဲ"
ရွိန္ေဇ ေျပာတာက မွန္သင့္သေလာက္ မွန္ေနတာမို႔ စိုင္းေစး ၿငိမ္ေနမိၿပီး စကၠန့္ပိုင္းမွ် ၾကာသည့္အခါ သူ စကားလမ္းေၾကာင္းလႊဲလိုက္၏။
"မင္း လွဲခ်င္ရင္ ကိုယ့္အိပ္ရာေပၚမွာ သက္ေသာင့္သက္သာလွဲလို႔ရတယ္"
"အင္း...ဒီခ်ည္လုံးေတြက မင္းထိုးတာလား"
ရွိန္ေဇက သူ႕အိပ္ရာနံေဘးရွိ ခ်ည္လုံးျခင္းကို ၾကည့္ကာ ေမးေတာ့ စိုင္းေစး ေခါင္းညိတ္ျပလိုက္ပါသည္။
"ငါ မင္းအတြက္ လက္အိတ္ထိုးေနတာ...ၿပီးေတာ့ မၿပီးေသးဘူး"
ဒီရာသီဆို ရွိန္ေဇ ဆိုင္ကယ္ေမာင္းရင္ လက္အိတ္ဝတ္သင့္၏။ သူ ထိုးေပးေနတဲ့လက္အိတ္ကေတာ့ ေနာက္တစ္ပတ္ေလာက္ဆို ၿပီးနိုင္ပါသည္။
"ငါနဲ႕အတူတူ လာလွဲဦး"
ရွိန္ေဇက သူ႕ခုတင္ေပၚတြင္ ဝင္လွဲရင္း ေခၚေတာ့ စိုင္းေစးလည္း လက္ထဲက Coffee ဘူးကို Nightstand ေပၚ တင္လိုက္သည္။
"မင္း ကိုယ္လက္ေတြ နာေနေသးလား"
"နည္းနည္းပဲ"
သူ႕အား ရင္ခြင္ထဲကို ဆြဲသြင္းဖို႔ေတာ့ အားေတြက်န္ေနေသးပုံရသည့္ ရွိန္ေဇက သူ နံေဘးမွာဝင္လွဲလိုက္တာနဲ႕ သူ႕ခါးကို တင္းတင္းဖက္ကာ သူ႕ႏႈတ္ခမ္းေတြကို စုပ္နမ္းလာ၏။
ရွိန္ေဇ့ရဲ႕အထိအေတြ႕ေတြမွာ ခဏတြင္းခ်င္း ေမြ႕ေလ်ာ္သြားသည့္ သူကလည္း ရွိန္ေဇ့ရင္ခြင္ထဲ နစ္သည္ထက္နစ္ကာ ရွိန္ေဇ့ အနမ္းေတြကို အလိုက္သင့္ေလး တုံ႕ျပန္ေနမိသည္။
"ေစး...မင္းျပန္ေရာက္ေနတာလား!"
ထိုစဥ္ သူ႕အခန္းတံခါး ႐ုတ္တရက္ ပြင့္လာေတာ့ စိုင္းေစး အလန့္တၾကားျဖင့္ ရွိန္ေဇ့ရင္ခြင္ထဲကေန ႐ုန္းထြက္လိုက္မိ၏။
"Isaac"
"Oh! sorry!...ငါ ဘာမွမျမင္လိုက္ဘူး...ဆက္လုပ္ ဆက္လုပ္...bye!"
Isaac က အလ်င္အျမန္ပဲ သူ႕အခန္းတံခါးကို ျပန္ဆြဲပိတ္ေပးသြားေပမယ့္ စိုင္းေစးကေတာ့ မ်က္ႏွာပူလြန္းလို႔ လက္ဖဝါးႏွစ္ဖက္ထဲ မ်က္ႏွာအပ္လိုက္မိသည္။
"က်စ္...အခန္းတံခါး Lock မခ်မိျပန္ဘူး"
သူ အေစာက ႐ုန္းလိုက္လို႔ လက္ေမာင္းေတြနာသြားပုံရေသာ ရွိန္ေဇကေတာ့ အတန္ၾကာမွ အသံ ထြက္လာ၏။
"ငါတို႔ႏွစ္ေယာက္ကို လူမမိနိုင္မယ့္ေနရာ မရွိေတာ့ဘူးလား"
*******************************