နှင်းနတ်သမီးလေးက အမြှောက်စာဇာ...

Autumn_Aster tarafından

339K 46.1K 644

I'm not own this novel.. Just translating to Myanmar Language Unicode & Zawgyi are available Eng Title : Top... Daha Fazla

Description
အခန်း ၁- ဝေမိသားစုအိမ်ကို မသွားချင်ဘူး
အခန်း၂- သူမပုံစံက အရမ်းရုပ်ဆိုးတာပဲ
အခန်း ၃ - အန်ကယ်လေး
အခန်း ၄ - တခြားလူရဲ့ပစ္စည်းကို ငမ်းငမ်းတက်မလိုချင်နဲ့
အခန်း ၅ - တစ်ချို့အနှောင်အဖွဲ့တွေကို တောင်းဆိုဖို့ မတတ်နိုင်ဘူး
အခန်း ၆ - လွှင့်ပစ်လိုက်
အခန်း ၇ - သမီးအဲ့ဒီကိုသွားလို့မရဘူး
အခန်း ၈ - သူ့ဆီ တွယ်ကပ်မည်
အခန်း ၉ - ထန်းမိသားစုအပေါ် အမုန်းတရားဖြစ်အောင် လှုံ့ဆော်ခြင်း
အခန်း ၁၀ - သူတို့ဘယ်လို တုန့်ပြန်မလဲဆိုတာ သူမ ကြည့်သင့်သည်
အခန်း ၁၁- အဲ့တော့ ဒါက သူမ အမှားပေါ့လေ?
အခန်း ၁၂- သုံးယောက်ကို တစ်ချက်ထဲနှင့် ရိုက်ချခြင်း
အခန်း ၁၃- ဆရာအဆင့် လက်ဖက်ရည်အနုပညာကျွမ်းကျင်မှု
အခန်း ၁၄: ကိုယ်တိုင်ဝန်ဆောင်မှု
အခန်း ၁၅ : ငယ်ရွယ်တယ် ဩဇာရှိတယ်
အခန်း ၁၆ : လက်ဖက်စိမ်းမကို သတိပြုမိအောင်သင်ပေး
အခန်း ၁၇: သူ့ရဲ့တူမအရင်းလို ပျိုးထောင်ခြင်း
အခန်း ၁၈ : အရမ်းနုံအတာပဲ
အခန်း ၁၉ : မြေးတူမအဖြစ် အသိအမှတ်ပြုခြင်း
အခန်း ၂၀ - တခြားလူကို သဘောထားကြီးဖို့ဆွယ်ရင် မိုးကြိုးပစ်ခံရမယ်
အခန်း ၂၁- တောင်းပန်မှု
အခန်း ၂၂- သူတို့က မိုမိုကို လုချင်နေတာ
အခန်း ၂၃- ကျီရှားအကယ်ဒမီရဲ့နေရာ
အခန်း၂၄- အလုပ်ထုတ်ပစ်ခြင်း
အခန်း ၂၅- သူက မကောင်းတဲ့သူ
အခန်း ၂၆ - ညီမတို့မိသားစုက ဝံပုလွေတွေမဟုတ်ဘူး
အခန်း၂၇- ဝေကဲလီအား ဘတ်စ်ကားအောက်သို့ ထပ်ပစ်ထည့်ခြင်း
အခန်း ၂၈- တိုက်ဆိုင်တယ်ဆိုတာ မရှိဘူး
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
Paid Gp
Chapter 37: ထန်းမိုနဲ့သူမရဲ့ထက်ရှသည့်လျှာ
Chapter 38: ကြိုးကြိုးစားစားလုပ်ရတဲ့အရာများ
Chapter 39: သူမကို ချီပြီး ထွက်သွားသည်
အခန်း ၄၀ - ဝေမိသားစုက ထန်းမိုကို ခေါ်ထားဖို စိတ်ပိုင်းဖြတ်ထား
အခန်း ၄၁၊ လေးစားမှုကို ပြသ
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
Paid Gp-2 Announcement
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈ သူမကဘယ်သူ့ကို လာစော်ကားနေတာလဲ?
အပိုင်း-၅၉ ဘာမှမသိတဲ့သူက ဘာမှမကြောက်‌တတ်ဘူး
အခန်း ၆၀- သူမ မင်းကို ထပ်ပြီး အနိုင်ကျင့်နေပြန်ပြီလား?
အပိုင်း-၆၁ ထန်းမိုကို သူ့အိမ်ကိုခေါ်ချင်တယ်။
အပိုင်း-၆၂ မင်းလာစရာမလိုဘူး!
အပိုင်း-၆၃ ဝေမိသားစုအိမ်ကို ရောက်လာမှု။
အပိုင်း-၆၄ အသက်၁၅နှစ်
အပိုင်း ၆၅ - သူက ဘယ်လိုလုပ်ကောင်လေး ဖြစ်သွားရတာလဲ?
အခန်း ၆၆-အဲဒီကောင်မလေးက ဘယ်သူလဲ?
အခန်း- ၆၇: ရှက်စရာကောင်းတဲ့ သိမ်ငယ်စိတ်တွေ....
အခန်း -၆၈ အိမ်တော်ထိန်းကျိုး
အပိုင်း ၆၉ -ဖျက်ဆီးမှု
အပိုင်း ၇၀: ဝေကျီချင် ဒဏ်ရာရခြင်း
အခန်း ၇၁ - ကြီးမားသည့်အထင်လွဲမှု
အခန်း ၇၂: ထန်းမိုအတွက် အမြင်ကောင်းရရှိခြင်း
အခန်း ၇၃: သမီးလည်း နေချင်တယ်
အခန်း ၇၄: အန်ကယ်လေးကို ကုစားပေးခြင်း
အခန်း- ၇၅ မင်းဘာလုပ်တာလဲ
အခန်း ၇၆: ဝေကျီချင်က ထန်းမိုကိုလက်မောင်းထဲ ပွေ့ဖက်ထား
အခန်း ၇၇ : ထန်းမိုကြောင့် ဒါတွေလုပ်နေတာ မဟုတ်ဘူးလား?
အခန်း ၇၈: ဘယ်လိုလုပ်ပြီး ချင်မုရုန်က အရမ်းစာရိတ္တမကောင်းတာလဲ
အခန်း ၇၉: ဖျားနာမှု
အပိုင်း -၈၀ ဝေကျီချင် သိနေသလိုပဲ
အပိုင်း-၈၁ အန်ကယ်လေး၊သမီးကို မကောင်းဆိုးရွားလို့များ ထင်တာလား??
အပိုင်း-၈၂ ဒီလိုကျေးဇူး ပြန်ဆပ်ဖို့ မလိုဘူး။
အပိုင်း-၈၃ တခြားယောကျာ်းလေးတွေနဲ့ ခပ်ခွာခွာနေရမယ် နားလည်လား
အပိုင်း-၈၄ မတွေ့ရတာကြာပြီ။ မင်းရဲ့ Abs က တော်တော်လေး တိုးတက်လာတာပဲ
အပိုင်း-၈၅ (အမှိုက်ပုံးကို ရှင်းတဲ့နည်း လေ့လာပါ။)
Chapter 87: ထန်းမိသားစုအိမ်ဘက် ပြန်လှည့်လိုက်
အခန်း 88: နင်က မိုမိုလိမ်နေတယ်လို့ သံသယရှိတာလား?
Chapter 89: ဆွေခန်းမျိုးခန်းဖြတ်
Chapter 90: ကောလိပ်ဝင်ခွင့်စာမေးပွဲ အမှတ်
Chapter 91: ထန်းမိုမှာ ဘယ်လိုနတ်ဆိုးဆန်တဲ့အတွေးမျိုးရှိတာလဲ?
Chapter 92: သူမအတွက် ယှဉ်ပြိုင်ခြင်း
အပိုင်း-၉၃ စိတ်ထားယုတ်တာကိုပေါ်လွင်အောင်စကားမပြောရ
အပိုင်း ၉၄(ဒီက‌လေးတွေက အင်တာဗျူးလို့ ရမယ့်သူတစ်ယောက်မှ မဟုတ်ဘူး)
အပိုင်း၉၅: (စုံတွဲအိပ်မက်။)
အပိုင်း-၉၆(အိမ်ပြင်ထွက်ခွင့် အပိတ်ခံရခြင်း)
အပိုင်း-၉၇ (အထင်ကြီးလွန်းခြင်း)
အပိုင်း -၉၈ (ကြွားလုံး)
အပိုင်း -၉၉ (ထန်းမိုအတွက် ယှဉ်ပြိုင်ကြခြင်း)
အပိုင်း၁၀၀(ထန်းမိုကို အထင်သေးလိုက်တာလား???)
အပိုင်း၁၀၁(များပြားလှသောဆုကြေး Packageများ)
အပိုင်း၁၀၂- Surprise
အပိုင်း-၁၀၃:ရန်သူ မလှုပ်ရှားရင် ၊ငါလည်းမလှုပ်ရှားဘူး
အပိုင်း-၁၀၄: ပထမဆုံးကောလိပ်စတက်တဲ့နေ့
အပိုင်း-၁၀၅: မိတ်ဖွဲ့ခြင်း
အပိုင်း-၁၀၆: နည်းနည်းလောက် စော်ကားလိုက်သလိုပဲ
အပိုင်း-၁၀၇:မင်းတော့ လူမှားပြီးရှုပ်မိသွားပြီ
Chapter 108: မိုမိုကို ကျွန်တော်နဲ့အတူ ​ဝေမိသားစုအိမ်ကို ထည့်​ပေးလိုက်
Chapter 109: တခြားသူတွေအတွက် နမူနာအဖြစ် အပြစ်ပေးမယ်
Chapter 110: ဟန်လုပ်နေတာပါ
Chapter 111: သမီးက ငယ်သေးတယ်
Chapter 112: သူမအတွက် ယှဉ်ပြိုင်ကြခြင်း။
Chapter 113: တိုက်ရိုက် တပည့်
Chapter 114: တရုတ်ဘာသာရဲ့ အံ့ဩဖွယ်ရာများ
အပိုင်း-၁၁၅(ဒေါသလွတ်ထွက်သွားသည်။)
Chapter 116: ဘာမှ ပြင်စရာ မလိုပါဘူး။
Chapter 117: ရှိန်လောက်စရာ ပြိုင်ဘက်
အပိုင်း-၁၁၈: ဝေကျီချင် ပြောသည့် ရက်စက်သောစကားတွေ
အပိုင်း-၁၁၉: အမှား
အပိုင်း-၁၂၀: အရေထူပြီး stalker လိုအပြုအမူ
အပိုင်း-၁၂၁: ဝေမိသားစု၏ ရှက်စရာ
Chapter 122: စဉ်းစားပေါ့
Chapter 123: ဒါပေါ့ မင်းအတွက် မပါဘူးလေ
Chapter 124: သူ့ဦးနှောက်နဲ့ ဘေဂျင်းတက္ကသိုလ်ကို ဘယ်လို ဝင်လာတာလဲ?
Chapter 125: နင်ဘယ်လောက်ဘဲ အသက်ရှည်ရှည် ငါနင့်ကိုဆုတ်ဖြဲပစ်မှာ။
Chapter 126: ဝေမိသားစုထဲ မင်းအတွက် နေရာမရှိဘူး
Chapter 127: ​ကျောင်း​တော်ရဲ့ကြယ်ပွင့်​လေး​တွေ သည်းမခံနိုင်​တော့
Chapter 128: ဒီမှာ ငါက ညီမလေးအတွက် ထီးကိုင်ထားပေးမယ်
အခန်း 129: မင်းကရော သူ့အတွက် ပြိုင်ဖို့ ဒီရောက်လာတာမဟုတ်ဘူးမလား
အပိုင်း-၁၃၀(ဒီအစ်ကိုကြီးက တကယ် စကားပြောကောင်းတယ်)
အပိုင်း-၁၃၁ တပည့်ရင်းနေရာတွေက ဘယ်ချိန်က အလွယ်တကူရသွားတာလဲ?
အပိုင်း-၁၃၂ ဟန်ချက်မညီမှု
အပိုင်း-၁၃၃ (အရမ်းပျင်းလို့)
အပိုင်း-၁၃၄ (တစ်ခုပေးခြင်း)
အပိုင်း -၁၃၅ (စိတ်လွတ်လက်လွတ်နေချင်စိတ်ကို ထိန်းသိမ်း)
Chapter 136: အစွန်းရောက်ခြင်း
Chapter 137: ထန်းမိုကိုရှာသည်။
Chapter 138: ဝေဖန်ရမှာတွေ အရမ်းများတယ်
Chapter 139: ဒီလောက်အရေထူမယ်လို့ မထင်ထားဘူး

Chapter 86: ဒီကောင်မလေးက ဘာမဆိုပြောရဲတယ်

1.7K 228 0
Autumn_Aster tarafından

Translator- Th Editor- Aster

UNICODE

ဒီအကြောင်းကို မနှစ်တည်းကရှင်းလင်းထားခဲ့ပြီးသားဖြစ်သည်။

ပြီးခဲ့တဲ့နှစ်တုန်းက ထန်းမိသားစုကထောက်ပံ့ပေးခဲ့တာဖြစ်လို့ ဒီနှစ်ကတော့ ယွမ်မိသားစုအလှည့်ဖြစ်သည်။

ရှုမင်ကျန်းက လုံးဝဥသုံကို အလျှော့ပေးဖို့ဆန္ဒမရှိပေ။သူမအလှည့်သာမဟုတ်ရင် သူမကတစ်ပြားမှပေးချင်တာမဟုတ်ပေ။

အတိတ်မှာတုန်းကတော့ ယွမ်မိသားစုပေးရမည့်အလှည့်ရောက်လာလျှင် ရှုမင်ကျင်းကသူမဆီ မကြာခဏ‌လာပြီး အကူအညီပေးဖို့တောင်းဆိုလေ့ရှိသည်။ ဒါပေမယ့် အခုတော့သူမကြိုးစားရင်တောင် အသုံးမဝင်တော့ပေ။

အဘွားကြီးရှုက ရှုမင်ကျင်းကို အရမ်းနှစ်သက်‌နေမှတော့ ဘယ်လိုပဲဖြစ်ဖြစ်အဘွားကြီးရှုကိုတော့ ရှုမင်ကျင်းကတကယ်ကြီးမစွန့်ပစ်နိုင်လောက်ပါဘူး ဟုတ်တယ်မလား?

မိသားစုနှစ်ခုက‌နေပြီးအဘွားကြီးရှုကို‌ငွေ‌ကြေးအရထောက်ပံ့ဖို့အတွက်အလှည့်ကျတာဝန်ယူရမည်ဆိုသည့် ရှုမင်ကျန်းအကြံကိုရွေးချယ်စရာမရှိဘဲ သူတို့လက်ခံရတော့သည်။

မမျှော်လင့်ဘဲနဲ့ ကနေ့မှာ ရှုမင်ကျန်းကအခွင့်သင့်လို့ ရှုမင်းကျင်းကိုသွားမတွေ့ခင်လေးတင် ရှုမင်ကျင်းကယွမ်ကဲချင်နဲ့အတူရောက်ချလာသည်။

မထင်မှတ်ထားစွာဘဲ လီရှန်းရုန်ကလည်း ဝေကဲလီနှင့်အတူရောက်ချလာသည်။

ဒီဟာက တိုက်ဆိုင်တာလား သို့သည်မဟုတ် ဒီမိသားစုနှစ်ခုကကြိုတင်ချိန်းဆိုထားကြသလားဆိုတာကိုတော့ သူမတကယ်ပင်မသိချေ။

သို့သော်ငြားလည်း လီရှန်းရုန်ကသူမကိုမလိုမုန်းထားပြီးနှောင့်ယှက်ရအောင်လို့ ရှုမင်ကျင်းနဲ့တော့လက်တွဲလိမ့်မှာမဟုတ်ဘူးလို့သာ ရှုမင်ကျန်းကယုံကြည်ဆဲဖြစ်သည်။

ဒါကတိုက်ဆိုင်မှုဖြစ်နိုင်ချေပိုများပါတယ်။

လီရှန်းရုန်နဲ့ဝေကဲလီတို့ရှိနေတဲ့အတွက် ရှုမင်ကျန်းက ရှုမင်ကျင်းနဲ့ထိပ်တိုက်မဖြေရှင်းနိုင်တော့ပေ။

အဆုံးမှာတော့ တကယ်စာရင်းရှင်းကြတော့မယ်ဆိုရင် ဝေကျီချင်ရဲ့ဒဏ်ရာအကြောင်းကိုသူတို့ကို သူမကပြောပြရတော့မည်။

ဒီအကြောင်းကို လီရှန်းရုန်သိလားမသိလားတော့ မသိပေမဲ့ သူမကနေတစ်ဆင့်တော့ လီရှန်းရုန်သိသွားလို့မဖြစ်ပေ။

ရှုမင်ကျင်းအနေနဲ့ကျတော့ ယွမ်ကဲချင်ကထန်းမိုကို တမင်တကာရည်ရွယ်လှည့်ဖျားဖို့ဒီအကြောင်းပြောခဲ့ကြောင်း သူမပြောပြဖို့လိုသည်လေ။

ရှုမင်ကျန်းကဒီကိစ္စကို ယွမ်ကဲချင်နဲ့စာရင်းရှင်းဖို့ဆုံးဖြတ်ထားမှတော့ သဘာဝကျကျပဲဒီအကြောင်းအရာတွေအားလုံးကိုထည့်သွင်းကာသေချာဆင်ခြင်သုံးသပ်ပြီးပြီဖြစ်သည်။

လီရှန်းရုန်ကဝေကဲလီကိုခေါ်ပြီးပြန်တဲ့အထိ သူမစောင့်ဖို့လိုသည်။ ဒီတော့မှပဲ ရှုမင်ကျန်းက ရှုမင်ကျင်းနဲ့ ယွမ်ကဲချင်တို့နဲ့ ပြောဆိုနိုင်မှာဖြစ်သည်။

မမျှော်လင့်ဘဲ ဒီလူလေးယောက်ထိုင်ပြီးသိပ်မကြာခင်မှာပဲ ထန်းမိုပြန်ရောက်လာလေသည်။

ထန်းမိုကယွမ်ကဲချင်‌ကို ဘယ်လိုမျိုးယဉ်ယဉ်ကျေးကျေးဆက်ဆံပြီး ပြုံးပြနေရလဲဆိုတာတွေ့တော့ သူမနှလုံးကိုဓားနဲ့ မွှန်းနေသမျိုး ရှုမင်ကျန်းခံစားလိုက်ရသည်။

"သူတို့တွေစာမေးပွဲပြီးသွားပြီမဟုတ်လား?ဒီတော့ကဲလီကိုခေါ်ပြီး ငါအလည်လာခဲ့လိုက်တာ။" ယွမ်ကဲချင်လုပ်ခဲ့သည်နှင့်ပတ်သက်လို့ လီရှန်းရုန်မသိဘူးဆိုတာအသိအသာပင်ဖြစ်သည်။ "မထင်မှတ်ထားဘဲ Mrs.ယွမ်နဲ့တံခါးမှာဆုံတာပဲ။"

"နောက်ဆုံးစာမေးပွဲမှာ မင်းအခန်းထဲကထွက်လာတာငါမတွေ့လို့ ငါအရင်ထွက်ခဲ့လိုက်တယ်။"ဝေကဲလီကပြောသည်။"ငါမင်းကိုမေးဖို့အချိန်မရသေးလို့။စာမေးပွဲကိုမင်းဘယ်လိုများထင်နေတာလဲ?"

"ဒါနဲ့စကားမစပ်မမကြီး မိုမိုဘယ်‌ကျောင်းကိုဦးစားပေးလျောက်မှာလဲ။?"ရှုမင်ကျင်းကခေါင်းငဲ့ကာ ရှုမင်ကျန်းအားမေးလာသည်။

ရှုမင်ကျန်းကသူမအမူအရာကို စောင့်ကြည့်နေသည်။ ကြည့်ရတာယွမ်ကဲချင်ဘာတွေလုပ်ခဲ့လဲဆိုတာ သူလည်းမသိသေးပုံပဲ။

ရှုမင်ကျန်းလည်း ဒီအကြောင်းကိုဘယ်လိုမှ စဉ်းစားမရပေ။

အားလုံးရဲ့အကြည့်တွေအောက်မှာ ထန်းမိုကခေါင်းငုံ့ချထားလေသည်။

ရှုမင်ကျင်းစိတ်ထဲဝေခွဲမရဖြစ်လာသည်။ ထန်းမိုဘာလို့လူတိုင်းရဲ့အကြည့်တွေကနေ ရှောင်ဖယ်နေရတာလဲ?

ပြီးတော့လည်း ရုတ်တရက်ကြီးထန်းမိုရဲ့ပခုံးဟာ တသိမ့်သိမ့်တုန်လှုပ်လာလေသည်။

ပြီးတဲ့နောက်မှာ သူမတိတ်တိတ်လေးရိုက်ငိုနေသံကိုသူတို့ရှင်းရှင်းလင်းလင်းကိုကြားလိုက်ရသည်။

သူမမော့ကြည့်လာပြန်တော့လည်း ပဲစေ့လောက်ရှိတဲ့မျက်ရည်လုံးတွေဟာ သူမမျက်နှာပေါ်ကိုကျဆင်းလာသည်။

"မိုမို သမီးဘာဖြစ်လို့လဲ?"လီရှန်းရုန်က စိုးရိမ်စွာမေးလာသည်။

‌ထန်းမိုနဲ့ဝေကဲလီနှင့်စပ်လျဉ်းပြီး လီရှန်းရုန်ကတွက်ချက်မှုတစ်ချို့လုပ်ခဲ့ပြီးဖြစ်သည်။

သို့ပေမယ့်လည်း သူမနဲ့ရှုမင်ကျန်းရဲ့သူငယ်ချင်းဆက်ဆံရေးက စစ်မှန်ခဲ့ကာ ထန်းမိုကိုလည်းသူမက အမှန်ပင်ချစ်မြတ်နိုးခဲ့တာဖြစ်သည်။

သူမရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ တွက်ချက်မှုကိုဘေးဖယ်လိုက်ရင် ထန်းမိုကအလွန်ချစ်ဖို့ကောင်းသည့် ကလေးတစ်ဦးဖြစ်သည်။

အဆုံးမှာတော့ ဒီကလေးက သူမစမွေးလာတည်းကနေကြီးတဲ့အထိ သူမစောင့်ကြည့်လာခဲ့တာဖြစ်သည်။

ယခုအခိုက်အတန့်ရဲ့ စိုးရိမ်မှုနဲ့ ပူပန်မှုတွေဟာ အစစ်အမှန်ပင်ဖြစ်လေသည်။

"သမီး..."ထန်းမိုကရှိုက်ငိုနေရင်းနဲ့မှပြောလာသည်"...သမီးစာမေးပွဲ ကောင်းကောင်းမဖြေနိုင်ခဲ့ဘူး။"

"ဘယ်လိုမျိုး မဖြေနိုင်တာလဲ?"ရှုမင်ကျင်းလည်းပဲ ခေါင်းခြောက်သွားသည်။

ဒီနှစ်တွေအတွင်းမှာ သူမနဲ့ရှုမင်ကျန်းနဲ့ဆက်ဆံရေးက တဖြည်းဖြည်းသူစိမ်းဆန်လာနေသော်လည်း ထန်းမိုအောင်မြင်‌ပျော်ရွင်နေတာကို သူမလက်သင့်မခံနိုင်တဲ့အခြေအနေတစ်ခုထိတော့ မရောက်ရှိသေးပေ။

ရှုမင်ကျန်းက ဒီလိုကောင်းမွန်တဲ့ဘဝမျိုးပိုင်ဆိုင်ထားတာကို သူမမနာလိုလည်းဖြစ်သည်။

သူမကကောင်းမွန်သည့်အိမ်ထောင်မှုဘဝကိုပိုင်ဆိုင်ထားပြီး သူမကလေးတွေကလည်း ထူးချွန်ထက်မြတ်ကြသည်။ထန်းမိုဆိုလျှင်အတန်းတွေတောင်မှ ကျော်တတ်ခဲ့သည်။

ထန်းမိုကကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ဆိုးဆိုးရွားရွားလုပ်ဆောင်ခဲ့လိမ့်မယ်လို့ သူမဘယ်‌တုန်းကမှမမျှော်လင့်ထားခဲ့ပေ။

"နောက်ဆုံးဘာသာရပ်မှာ သမီးလုံးဝမဖြေနိုင်ခဲ့ဘူး။"ထန်းမိုကသူမဒီအကြောင်းတွေးလေလေ သူမပိုပိုပြီး ဝမ်းနည်းလာရသလိုမျိုး သရုပ်ဆောင်လေသည်။သူမကရိုက်ငိုနေတာကိုရပ်ကာ အော်ငိုတော့သည်။ "သမီးကမေးခွန်းတွေကိုဖြေဖို့သေချာအာရုံမစိုက်နိုင်လို့ ရမ်းသမ်းပြီးပဲဖြေခဲ့ရတယ်။ နောက်ဆုံးမေးခွန်းကိုဆိုပြီးအောင်တောင် မဖြေခဲ့ရဘူး။ စာမေးပွဲခန်းတွင်းမှာ သမီးကအချိန်စောပြီးအပ်ခဲ့ရတယ်။"

"ဘာကြောင့်အဲ့ဒီလိုတွေဖြစ်ခဲ့ရတာလဲ?"လီရှန်းရုန်က ထန်းမိုကိုစိုးရိမ်တကြီးကြည့်နောက် ရှုမင်ကျန်းကိုလည်းကြည့်လိုက်သည်။"မိုမိုကအမြဲတမ်း အကောင်းဆုံးဖြေနိုင်ခဲ့ပြီးတော့ သူမကကျီရှားအကယ်ဒမီမှာဆို အမြဲပထမပဲရခဲ့တာလေ။ငါဖြင့်မိုမိုရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ဘယ်တုန်းကမှမစိုးရိမ်ခဲ့ဖူးဘူး။ဘယ်လိုဖြစ်လို့များ သမီးကစာမေးပွဲတွင်းမှာ ရုတ်တရက်ကြီးအာရုံမစိုက်နိုင်ရတာလဲ?"

"ဘာကြောင့်လဲဆိုတော့ ကဲချင်...,"ထန်းမိုကငိုကြွေးကာ ပြောပြလာသည်။

ယွမ်ကဲချင်အမူအရာက ပြောင်းလဲသွားတော့သည်။ ထန်းမိုက ဘာပြောချင်နေတာလဲ?

ဝေကျီချင်ထိခိုက်ဒဏ်ရာရတာနဲ့ပတ်သက်ပြီး လျောက်မဖွဖို့ သီးသန့်လူလွှတ်ပြီးအိမ်တော်ထိန်းကျိုးက သူမကိုသတိပေးခဲ့သည်လေ။

သူမ၏တစ်ခုတည်း‌သောရည်ရွယ်ချက်က ထန်းမိုရဲ့စာမေးပွဲကို တမင်အဖျက်အမှောင့်လုပ်ဖို့ပဲဖြစ်သည်။ သူမလုပ်ခဲ့တာ‌တွေက ဒီအကျိုးကြောင့်သာ ဖြစ်‌လေသည်။

အိမ်တော်ထိန်းကျိုးသူမကို သတိပေးတုန်းက သူမချက်ချင်းသဘောတူခဲ့တာဖြစ်သည်။ သူမပါးစပ်ကိုထိန်းထားကာ ဘာတစ်ခုမှကိုမပြောခဲ့ချေ။

အခုတော့ဘာလဲ ထန်းမိုကိုဒီအကြောင်းကို တကယ်ပြောချင်နေတာပေါ့လေ?

သူမဘယ်လိုတောင်သတ္တိရှိရတာလဲ?

အခုတစ်ခေါက်မှာဝေမိသားစုက ဒီကိစ္စကိုအထူးတလည်အလေးထားတာဖြစ်သည်။သူတို့ဘယ်လောက်ပဲ ထန်းမိုကိုနှစ်သက်ပါလေ့စေ သူတို့ရဲ့အစီအစဉ်တွေကိုထန်းမိုအဖျက်အမှောင့်လာလုပ်ရင်တော့ လက်သင့်မခံလောက်ဘူးမလား?

ဒါ့အပြင် ထန်းမိုသာစဉ်းစားညဏ်ကင်းမဲ့ပြီးတစ်စုံတစ်ခုသာလုပ်မိလို့ကတော့ အနာဂတ်မှာဝေမိသားစုကထန်းမိုကိုဆက်လက်ပြီး နှစ်သက်နိုင်ပါဦးမလား?

သူမလုပ်ခဲ့တာနဲ့ပတ်သက်ပြီး ရှုမင်ကျန်းသိလိမ့်မည်ဆိုတာ သူမသိသည်။

သို့ပေမယ့်သူမဂရုမစိုက်ပေ။ ထန်းမိုသူမကိုယ်သူမအရူးလုပ်တာကိုကြည့်ဖို့ သူမတစ်ကူးတကလာခဲ့တာဖြစ်သည်။

ရှုမင်ကျန်းနဲ့သူတို့ကြားဆက်ဆံရေးက အရင်ကထက်ပိုပြီးဆိုးရွားလာဖို့သာ ရှိတော့သည်။

သူမဒါတွေအားလုံးတွေးတောနေစဉ်မှာ ထန်းမိုပြောတာကို သူမကြားလိုက်ရသည်။ "ဘာလို့လဲဆိုတော့ စာမေးပွဲမဖြေခင်တုန်းက ကဲချင်ကသမီးကိုဖုန်းဆက်လာတယ်။သမီးလည်း ဘာများအရေးတကြီးကိစ္စများရှိလည်းလို့စိုးရိမ်ပြီး ဖုန်းဖြေလိုက်တာ။ အန်ကယ်လေးကဆိုးဆိုးရွားရွားဒဏ်ရာရခဲ့ပြီး သေမင်း‌နှုတ်ခမ်းဝတောင်ရောက်လုနီးပါးပဲလို့ သမီးကိုသူပြောလာတယ်။"

"အန်ကယ်လေးက ငယ်ငယ်တည်းကသမီးကိုအရမ်းချစ်ပြီးအလိုလိုက်ခဲ့တာလေ။ သမီးဒီသတင်းကြားပြီးမှတော့ စာမေးပွဲကိုဘယ်လိုလုပ်စိတ်အေးအေးချမ်းချမ်းနဲ့ဖြေနိုင်တော့မှာလဲ?မေးခွန်းတွေကိုဖြေနေတုန်းမှာ သမီးတွေးမိသမျှကအန်ကယ်လေးဆိုးဆိုးရွားရွားဒဏ်ရာရထားတာကိုပဲ။ အကယ်လို့များ သူ့ကိုသမီးထပ်ပြီးမတွေ့ရတော့ဘူးဆိုရင်..."

ကားထဲမှာတော့ ဝေကျီချင်ရဲ့မျက်လုံး‌ေတွကဆတ်ခနဲဖြစ်သွားသည်။

ဒီကောင်မလေးက ဘာမဆိုပြောရဲနေတာပဲ!

သို့သော်ငြားလည်း အဲ့ဒီတုန်းကတော့ ထန်းမိုအဲ့လိုမျိုး တကယ်တွေးခဲ့လောက်သည်။

ဒါ့ကြောင့်သာ သူ့ကိုတတ်နိုင်သမျှမြန်မြန်တွေ့နိုင်ဖို့အတွက် သူမလေးကအဖြေလွှာအမြန်အပ်ပြီးအပြေးထွက်လာခဲ့တာဖြစ်လိမ့်မည်။

ဒါကိုစဥ်းစားမိတော့ ဝေကျီချင်ရဲ့နှလုံးသားထဲမယ်နွေးထွေးသွားသလို စိတ်‌သောကလည်းရောက်မိသည်။

ဒီအရူးမလေးကတော့။

ယွမ်ကဲချင်ကသူမကို ချဲ့ကားပြောဆိုပြီး‌လိမ်ညာနေတာကို သိရဲ့သားနဲ့တောင် စာမေးပွဲခန်းကို သူမကစောစောစီးစီး စွန့်ခွာလာဆဲဖြစ်သည်။

သူမရဲ့မေတ္တာတရားကတော့ အတော့်ကိုစစ်မှန်သည်။

ထန်းမိုကသူ့ထိခိုက်ဒဏ်ရာကို ဖော်ထုတ်လိုက်တာအတွက်ကတော့ ဘာကိစ္စမှမရှိပေ။

ဘယ်လိုပဲဖြစ်ဖြစ်ဝေမိသားစုက ဒါကိုထပ်ပြီးလျို့ဝှက်မထားတော့ပေ။

ဒီ့အပြင်ကို ထန်းမိုကဝှက်ဖဲကိုင်ထားသည်လို့ ဝေကျီချင်ခံစားနေရသည်။ သူမမှာသာ ကွယ်ဝှက်ထားတဲ့အကွက်တွေရှိမနေရင် သူ့ထိခိုက်မှုအခြေအနေအကြောင်း သူမစကားဟမည်တောင်မဟုတ်ပေ။

"သမီးကအရမ်းစိုးရိမ်နေလို့ မေးခွန်းကိုဖြေဖို့ တောင် ကရိကထအဖြစ်မခံနိုင်တော့ဘူး"သူမငိုကြွေးကာ ဆက်ပြောနေသည်။"တစ်ကမ္ဘာလုံးမှာရှိတဲ့အချိန်တွေကိုပိုင်ဆိုင်ထားရင်တောင် မေးခွန်းတွေအားလုံးကိုဖြေနိုင်လိမ့်မှာမဟုတ်ဘူးဆိုတာ သမီးသိနေတယ်။ ဒါကြောင့်သမီးကဖြေနေတာကိုရပ်လိုက်ပြီး အဖြေလွှာကိုအ‌စောတည်းကအပ်လိုက်တာ။"

ထန်းမိုက အရမ်းကိုသနားစရာကောင်းသလိုမျိုးယုံကြည်လာအောင်ကို ငိုတော့သည်။

ထန်းမိသားစုရဲ့ညီအစ်ကိုသုံးယောက်နဲ့ ရှုမင်ကျန်းတောင်မှ သူမကိုမစိုးရိမ်ဘဲမနေနိုင်တော့ပေ။

အရင်တုန်းကထန်းမိုသူတို့ကိုပြောတဲ့ သူမစာမေးပွဲပြီးအောင်‌ဖြေခဲ့ပြီး အဖြေလွှာမအပ်ခင်သေချာစစ်ခဲ့တယ်ဆိုတာက သူတို့ကိုနှစ်သိမ့်ဖို့အတွက်ပဲ ပြောခဲ့တာများလား။?

သူတို့လေးယောက်လုံးရဲ့ ပုံစံတွေကဝမ်းနည်းပက်လက်ဖြစ်ကာ စိုးရိမ်နေကြပုံပေါ်သည်။

ယွမ်ကဲချင်လည်းဒါကိုမြင်ရော သူမ‌ပျော်ရွင်ကြည်နူးနေတော့သည်။

ထန်းမိုက ပွဲဘယ်လိုခံရမလဲဆိုတာ သိလောက်ပေမဲ့ ရှုမင်ကျန်းနဲ့ညီအစ်ကိုသုံးယောက်ရဲ့ အမူအရာတွေကတော့ ညာလို့မရချေ။

သူတို့ကထန်းမိုနဲ့ပတ်သက်ရင်အတွင်းကျကျကို အမြဲပဲဂရုစိုက်ကြတာသည်။

နောက်ဆုံးတော့အခုမှ ယွမ်ကဲချင်လည်း စိတ်ချနိုင်တော့သည်။

ထန်းမိုအတန်းပြန်တတ်ရင်တတ် မဟုတ်ရင်တော့အခြားကျောင်းပြောင်းရတော့မည်။

ဘာပဲဖြစ်ဖြစ်ကွာ ဘေကျင်းတက္ကသိုလ်ကိုတော့ သူမ မသွားနိုင်တော့ဘူးလေ။

"နောက်ဆုံး‌စာမေးပွဲမှာသမီးမဖြေနိုင်ခဲ့တော့ သမီးအမှတ်တွေကလည်း သေချာပေါက်အရမ်းနည်းမှာပဲ။"ထန်းမိုကငိုရင်းပြောသေးသည်။ "သမီးအစကတော့ ဘေကျင်းတက္ကသိုလ်ဝင်ခွင့်လျောက်ချင်ခဲ့တာ ဒါပေမယ့်အခုတော့သမီးလည်း ဘာလုပ်ရမယ်မှန်းမသိတော့ဘူး။သမီးအတန်းပြန်တတ်ရတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။"

2023 April 14

ZAWGYI

ဒီအေၾကာင္းကို မႏွစ္တည္းက႐ွင္းလင္းထားခဲ့ၿပီးသားျဖစ္သည္။

ၿပီးခဲ့တဲ့ႏွစ္တုန္းက ထန္းမိသားစုကေထာက္ပံ့ေပးခဲ့တာျဖစ္လို႔ ဒီႏွစ္ကေတာ့ ယြမ္မိသားစုအလွည့္ျဖစ္သည္။

႐ႈမင္က်န္းက လုံးဝဥသုံကို အေလွ်ာ့ေပးဖို႔ဆႏၵမ႐ွိေပ။သူမအလွည့္သာမဟုတ္ရင္ သူမကတစ္ျပားမွေပးခ်င္တာမဟုတ္ေပ။

အတိတ္မွာတုန္းကေတာ့ ယြမ္မိသားစုေပးရမည့္အလွည့္ေရာက္လာလွ်င္ ႐ႈမင္က်င္းကသူမဆီ မၾကာခဏ‌လာၿပီး အကူအညီေပးဖို႔ေတာင္းဆိုေလ့႐ွိသည္။ ဒါေပမယ့္ အခုေတာ့သူမႀကိဳးစားရင္ေတာင္ အသုံးမဝင္ေတာ့ေပ။

အဘြားႀကီး႐ႈက ႐ႈမင္က်င္းကို အရမ္းႏွစ္သက္‌ေနမွေတာ့ ဘယ္လိုပဲျဖစ္ျဖစ္အဘြားႀကီး႐ႈကိုေတာ့ ႐ႈမင္က်င္းကတကယ္ႀကီးမစြန္႔ပစ္ႏိုင္ေလာက္ပါဘူး ဟုတ္တယ္မလား?

မိသားစုႏွစ္ခုက‌ေနၿပီးအဘြားႀကီး႐ႈကို‌ေငြ‌ေၾကးအရေထာက္ပံ့ဖို႔အတြက္အလွည့္က်တာဝန္ယူရမည္ဆိုသည့္ ႐ႈမင္က်န္းအၾကံကိုေ႐ြးခ်ယ္စရာမ႐ွိဘဲ သူတို႔လက္ခံရေတာ့သည္။

မေမွ်ာ္လင့္ဘဲနဲ႔ ကေန႔မွာ ႐ႈမင္က်န္းကအခြင့္သင့္လို႔ ႐ႈမင္းက်င္းကိုသြားမေတြ႕ခင္ေလးတင္ ႐ႈမင္က်င္းကယြမ္ကဲခ်င္နဲ႔အတူေရာက္ခ်လာသည္။

မထင္မွတ္ထားစြာဘဲ လီ႐ွန္း႐ုန္ကလည္း ေဝကဲလီႏွင့္အတူေရာက္ခ်လာသည္။

ဒီဟာက တိုက္ဆိုင္တာလား သို႔သည္မဟုတ္ ဒီမိသားစုႏွစ္ခုကႀကိဳတင္ခ်ိန္းဆိုထားၾကသလားဆိုတာကိုေတာ့ သူမတကယ္ပင္မသိေခ်။

သို႔ေသာ္ျငားလည္း လီ႐ွန္း႐ုန္ကသူမကိုမလိုမုန္းထားၿပီးေႏွာင့္ယွက္ရေအာင္လို႔ ႐ႈမင္က်င္းနဲ႔ေတာ့လက္တြဲလိမ့္မွာမဟုတ္ဘူးလို႔သာ ႐ႈမင္က်န္းကယုံၾကည္ဆဲျဖစ္သည္။

ဒါကတိုက္ဆိုင္မႈျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။

လီ႐ွန္း႐ုန္နဲ႔ေဝကဲလီတို႔႐ွိေနတဲ့အတြက္ ႐ႈမင္က်န္းက ႐ႈမင္က်င္းနဲ႔ထိပ္တိုက္မေျဖ႐ွင္းႏိုင္ေတာ့ေပ။

အဆုံးမွာေတာ့ တကယ္စာရင္း႐ွင္းၾကေတာ့မယ္ဆိုရင္ ေဝက်ီခ်င္ရဲ႕ဒဏ္ရာအေၾကာင္းကိုသူတို႔ကို သူမကေျပာျပရေတာ့မည္။

ဒီအေၾကာင္းကို လီ႐ွန္း႐ုန္သိလားမသိလားေတာ့ မသိေပမဲ့ သူမကေနတစ္ဆင့္ေတာ့ လီ႐ွန္း႐ုန္သိသြားလို႔မျဖစ္ေပ။

႐ႈမင္က်င္းအေနနဲ႔က်ေတာ့ ယြမ္ကဲခ်င္ကထန္းမိုကို တမင္တကာရည္႐ြယ္လွည့္ဖ်ားဖို႔ဒီအေၾကာင္းေျပာခဲ့ေၾကာင္း သူမေျပာျပဖို႔လိုသည္ေလ။

႐ႈမင္က်န္းကဒီကိစၥကို ယြမ္ကဲခ်င္နဲ႔စာရင္း႐ွင္းဖို႔ဆုံးျဖတ္ထားမွေတာ့ သဘာဝက်က်ပဲဒီအေၾကာင္းအရာေတြအားလုံးကိုထည့္သြင္းကာေသခ်ာဆင္ျခင္သုံးသပ္ၿပီးၿပီျဖစ္သည္။

လီ႐ွန္း႐ုန္ကေဝကဲလီကိုေခၚၿပီးျပန္တဲ့အထိ သူမေစာင့္ဖို႔လိုသည္။ ဒီေတာ့မွပဲ ႐ႈမင္က်န္းက ႐ႈမင္က်င္းနဲ႔ ယြမ္ကဲခ်င္တို႔နဲ႔ ေျပာဆိုႏိုင္မွာျဖစ္သည္။

မေမွ်ာ္လင့္ဘဲ ဒီလူေလးေယာက္ထိုင္ၿပီးသိပ္မၾကာခင္မွာပဲ ထန္းမိုျပန္ေရာက္လာေလသည္။

ထန္းမိုကယြမ္ကဲခ်င္‌ကို ဘယ္လိုမ်ိဳးယဥ္ယဥ္ေက်းေက်းဆက္ဆံၿပီး ျပဳံးျပေနရလဲဆိုတာေတြ႕ေတာ့ သူမႏွလုံးကိုဓားနဲ႔ မႊန္းေနသမ်ိဳး ႐ႈမင္က်န္းခံစားလိုက္ရသည္။

"သူတို႔ေတြစာေမးပြဲၿပီးသြားၿပီမဟုတ္လား?ဒီေတာ့ကဲလီကိုေခၚၿပီး ငါအလည္လာခဲ့လိုက္တာ။" ယြမ္ကဲခ်င္လုပ္ခဲ့သည္ႏွင့္ပတ္သက္လို႔ လီ႐ွန္း႐ုန္မသိဘူးဆိုတာအသိအသာပင္ျဖစ္သည္။ "မထင္မွတ္ထားဘဲ Mrs.ယြမ္နဲ႔တံခါးမွာဆုံတာပဲ။"

"ေနာက္ဆုံးစာေမးပြဲမွာ မင္းအခန္းထဲကထြက္လာတာငါမေတြ႕လို႔ ငါအရင္ထြက္ခဲ့လိုက္တယ္။"ေဝကဲလီကေျပာသည္။"ငါမင္းကိုေမးဖို႔အခ်ိန္မရေသးလို႔။စာေမးပြဲကိုမင္းဘယ္လိုမ်ားထင္ေနတာလဲ?"

"ဒါနဲ႔စကားမစပ္မမႀကီး မိုမိုဘယ္‌ေက်ာင္းကိုဦးစားေပးေလ်ာက္မွာလဲ။?"႐ႈမင္က်င္းကေခါင္းငဲ့ကာ ႐ႈမင္က်န္းအားေမးလာသည္။

႐ႈမင္က်န္းကသူမအမူအရာကို ေစာင့္ၾကည့္ေနသည္။ ၾကည့္ရတာယြမ္ကဲခ်င္ဘာေတြလုပ္ခဲ့လဲဆိုတာ သူလည္းမသိေသးပုံပဲ။

႐ႈမင္က်န္းလည္း ဒီအေၾကာင္းကိုဘယ္လိုမွ စဥ္းစားမရေပ။

အားလုံးရဲ႕အၾကည့္ေတြေအာက္မွာ ထန္းမိုကေခါင္းငုံ႔ခ်ထားေလသည္။

႐ႈမင္က်င္းစိတ္ထဲေဝခြဲမရျဖစ္လာသည္။ ထန္းမိုဘာလို႔လူတိုင္းရဲ႕အၾကည့္ေတြကေန ေ႐ွာင္ဖယ္ေနရတာလဲ?

ၿပီးေတာ့လည္း ႐ုတ္တရက္ႀကီးထန္းမိုရဲ႕ပခုံးဟာ တသိမ့္သိမ့္တုန္လႈပ္လာေလသည္။

ၿပီးတဲ့ေနာက္မွာ သူမတိတ္တိတ္ေလး႐ိုက္ငိုေနသံကိုသူတို႔႐ွင္း႐ွင္းလင္းလင္းကိုၾကားလိုက္ရသည္။

သူမေမာ့ၾကည့္လာျပန္ေတာ့လည္း ပဲေစ့ေလာက္႐ွိတဲ့မ်က္ရည္လုံးေတြဟာ သူမမ်က္ႏွာေပၚကိုက်ဆင္းလာသည္။

"မိုမို သမီးဘာျဖစ္လို႔လဲ?"လီ႐ွန္း႐ုန္က စိုးရိမ္စြာေမးလာသည္။

‌ထန္းမိုနဲ႔ေဝကဲလီႏွင့္စပ္လ်ဥ္းၿပီး လီ႐ွန္း႐ုန္ကတြက္ခ်က္မႈတစ္ခ်ိဳ႕လုပ္ခဲ့ၿပီးျဖစ္သည္။

သို႔ေပမယ့္လည္း သူမနဲ႔႐ႈမင္က်န္းရဲ႕သူငယ္ခ်င္းဆက္ဆံေရးက စစ္မွန္ခဲ့ကာ ထန္းမိုကိုလည္းသူမက အမွန္ပင္ခ်စ္ျမတ္ႏိုးခဲ့တာျဖစ္သည္။

သူမရဲ႕တစ္ကိုယ္ေကာင္းဆန္တဲ့ တြက္ခ်က္မႈကိုေဘးဖယ္လိုက္ရင္ ထန္းမိုကအလြန္ခ်စ္ဖို႔ေကာင္းသည့္ ကေလးတစ္ဦးျဖစ္သည္။

အဆုံးမွာေတာ့ ဒီကေလးက သူမစေမြးလာတည္းကေနႀကီးတဲ့အထိ သူမေစာင့္ၾကည့္လာခဲ့တာျဖစ္သည္။

ယခုအခိုက္အတန္႔ရဲ႕ စိုးရိမ္မႈနဲ႔ ပူပန္မႈေတြဟာ အစစ္အမွန္ပင္ျဖစ္ေလသည္။

"သမီး..."ထန္းမိုက႐ိႈက္ငိုေနရင္းနဲ႔မွေျပာလာသည္"...သမီးစာေမးပြဲ ေကာင္းေကာင္းမေျဖႏိုင္ခဲ့ဘူး။"

"ဘယ္လိုမ်ိဳး မေျဖႏိုင္တာလဲ?"႐ႈမင္က်င္းလည္းပဲ ေခါင္းေျခာက္သြားသည္။

ဒီႏွစ္ေတြအတြင္းမွာ သူမနဲ႔႐ႈမင္က်န္းနဲ႔ဆက္ဆံေရးက တျဖည္းျဖည္းသူစိမ္းဆန္လာေနေသာ္လည္း ထန္းမိုေအာင္ျမင္‌ေပ်ာ္႐ြင္ေနတာကို သူမလက္သင့္မခံႏိုင္တဲ့အေျခအေနတစ္ခုထိေတာ့ မေရာက္႐ွိေသးေပ။

႐ႈမင္က်န္းက ဒီလိုေကာင္းမြန္တဲ့ဘဝမ်ိဳးပိုင္ဆိုင္ထားတာကို သူမမနာလိုလည္းျဖစ္သည္။

သူမကေကာင္းမြန္သည့္အိမ္ေထာင္မႈဘဝကိုပိုင္ဆိုင္ထားၿပီး သူမကေလးေတြကလည္း ထူးခြၽန္ထက္ျမတ္ၾကသည္။ထန္းမိုဆိုလွ်င္အတန္းေတြေတာင္မွ ေက်ာ္တတ္ခဲ့သည္။

ထန္းမိုကေကာလိပ္ဝင္ခြင့္စာေမးပြဲမွာ ဆိုးဆိုး႐ြား႐ြားလုပ္ေဆာင္ခဲ့လိမ့္မယ္လို႔ သူမဘယ္‌တုန္းကမွမေမွ်ာ္လင့္ထားခဲ့ေပ။

"ေနာက္ဆုံးဘာသာရပ္မွာ သမီးလုံးဝမေျဖႏိုင္ခဲ့ဘူး။"ထန္းမိုကသူမဒီအေၾကာင္းေတြးေလေလ သူမပိုပိုၿပီး ဝမ္းနည္းလာရသလိုမ်ိဳး သ႐ုပ္ေဆာင္ေလသည္။သူမက႐ိုက္ငိုေနတာကိုရပ္ကာ ေအာ္ငိုေတာ့သည္။ "သမီးကေမးခြန္းေတြကိုေျဖဖို႔ေသခ်ာအာ႐ုံမစိုက္ႏိုင္လို႔ ရမ္းသမ္းၿပီးပဲေျဖခဲ့ရတယ္။ ေနာက္ဆုံးေမးခြန္းကိုဆိုၿပီးေအာင္ေတာင္ မေျဖခဲ့ရဘူး။ စာေမးပြဲခန္းတြင္းမွာ သမီးကအခ်ိန္ေစာၿပီးအပ္ခဲ့ရတယ္။"

"ဘာေၾကာင့္အဲ့ဒီလိုေတြျဖစ္ခဲ့ရတာလဲ?"လီ႐ွန္း႐ုန္က ထန္းမိုကိုစိုးရိမ္တႀကီးၾကည့္ေနာက္ ႐ႈမင္က်န္းကိုလည္းၾကည့္လိုက္သည္။"မိုမိုကအၿမဲတမ္း အေကာင္းဆုံးေျဖႏိုင္ခဲ့ၿပီးေတာ့ သူမကက်ီ႐ွားအကယ္ဒမီမွာဆို အၿမဲပထမပဲရခဲ့တာေလ။ငါျဖင့္မိုမိုရဲ႕ ေကာလိပ္ဝင္ခြင့္စာေမးပြဲအတြက္ ဘယ္တုန္းကမွမစိုးရိမ္ခဲ့ဖူးဘူး။ဘယ္လိုျဖစ္လို႔မ်ား သမီးကစာေမးပြဲတြင္းမွာ ႐ုတ္တရက္ႀကီးအာ႐ုံမစိုက္ႏိုင္ရတာလဲ?"

"ဘာေၾကာင့္လဲဆိုေတာ့ ကဲခ်င္...,"ထန္းမိုကငိုေႂကြးကာ ေျပာျပလာသည္။

ယြမ္ကဲခ်င္အမူအရာက ေျပာင္းလဲသြားေတာ့သည္။ ထန္းမိုက ဘာေျပာခ်င္ေနတာလဲ?

ေဝက်ီခ်င္ထိခိုက္ဒဏ္ရာရတာနဲ႔ပတ္သက္ၿပီး ေလ်ာက္မဖြဖို႔ သီးသန္႔လူလႊတ္ၿပီးအိမ္ေတာ္ထိန္းက်ိဳးက သူမကိုသတိေပးခဲ့သည္ေလ။

သူမ၏တစ္ခုတည္း‌ေသာရည္႐ြယ္ခ်က္က ထန္းမိုရဲ႕စာေမးပြဲကို တမင္အဖ်က္အေမွာင့္လုပ္ဖို႔ပဲျဖစ္သည္။ သူမလုပ္ခဲ့တာ‌ေတြက ဒီအက်ိဳးေၾကာင့္သာ ျဖစ္‌ေလသည္။

အိမ္ေတာ္ထိန္းက်ိဳးသူမကို သတိေပးတုန္းက သူမခ်က္ခ်င္းသေဘာတူခဲ့တာျဖစ္သည္။ သူမပါးစပ္ကိုထိန္းထားကာ ဘာတစ္ခုမွကိုမေျပာခဲ့ေခ်။

အခုေတာ့ဘာလဲ ထန္းမိုကိုဒီအေၾကာင္းကို တကယ္ေျပာခ်င္ေနတာေပါ့ေလ?

သူမဘယ္လိုေတာင္သတၱိ႐ွိရတာလဲ?

အခုတစ္ေခါက္မွာေဝမိသားစုက ဒီကိစၥကိုအထူးတလည္အေလးထားတာျဖစ္သည္။သူတို႔ဘယ္ေလာက္ပဲ ထန္းမိုကိုႏွစ္သက္ပါေလ့ေစ သူတို႔ရဲ႕အစီအစဥ္ေတြကိုထန္းမိုအဖ်က္အေမွာင့္လာလုပ္ရင္ေတာ့ လက္သင့္မခံေလာက္ဘူးမလား?

ဒါ့အျပင္ ထန္းမိုသာစဥ္းစားညဏ္ကင္းမဲ့ၿပီးတစ္စုံတစ္ခုသာလုပ္မိလို႔ကေတာ့ အနာဂတ္မွာေဝမိသားစုကထန္းမိုကိုဆက္လက္ၿပီး ႏွစ္သက္ႏိုင္ပါဦးမလား?

သူမလုပ္ခဲ့တာနဲ႔ပတ္သက္ၿပီး ႐ႈမင္က်န္းသိလိမ့္မည္ဆိုတာ သူမသိသည္။

သို႔ေပမယ့္သူမဂ႐ုမစိုက္ေပ။ ထန္းမိုသူမကိုယ္သူမအ႐ူးလုပ္တာကိုၾကည့္ဖို႔ သူမတစ္ကူးတကလာခဲ့တာျဖစ္သည္။

႐ႈမင္က်န္းနဲ႔သူတို႔ၾကားဆက္ဆံေရးက အရင္ကထက္ပိုၿပီးဆိုး႐ြားလာဖို႔သာ ႐ွိေတာ့သည္။

သူမဒါေတြအားလုံးေတြးေတာေနစဥ္မွာ ထန္းမိုေျပာတာကို သူမၾကားလိုက္ရသည္။ "ဘာလို႔လဲဆိုေတာ့ စာေမးပြဲမေျဖခင္တုန္းက ကဲခ်င္ကသမီးကိုဖုန္းဆက္လာတယ္။သမီးလည္း ဘာမ်ားအေရးတႀကီးကိစၥမ်ား႐ွိလည္းလို႔စိုးရိမ္ၿပီး ဖုန္းေျဖလိုက္တာ။ အန္ကယ္ေလးကဆိုးဆိုး႐ြား႐ြားဒဏ္ရာရခဲ့ၿပီး ေသမင္း‌ႏႈတ္ခမ္းဝေတာင္ေရာက္လုနီးပါးပဲလို႔ သမီးကိုသူေျပာလာတယ္။"

"အန္ကယ္ေလးက ငယ္ငယ္တည္းကသမီးကိုအရမ္းခ်စ္ၿပီးအလိုလိုက္ခဲ့တာေလ။ သမီးဒီသတင္းၾကားၿပီးမွေတာ့ စာေမးပြဲကိုဘယ္လိုလုပ္စိတ္ေအးေအးခ်မ္းခ်မ္းနဲ႔ေျဖႏိုင္ေတာ့မွာလဲ?ေမးခြန္းေတြကိုေျဖေနတုန္းမွာ သမီးေတြးမိသမွ်ကအန္ကယ္ေလးဆိုးဆိုး႐ြား႐ြားဒဏ္ရာရထားတာကိုပဲ။ အကယ္လို႔မ်ား သူ႕ကိုသမီးထပ္ၿပီးမေတြ႕ရေတာ့ဘူးဆိုရင္..."

ကားထဲမွာေတာ့ ေဝက်ီခ်င္ရဲ႕မ်က္လုံး‌ေတြကဆတ္ခနဲျဖစ္သြားသည္။

ဒီေကာင္မေလးက ဘာမဆိုေျပာရဲေနတာပဲ!

သို႔ေသာ္ျငားလည္း အဲ့ဒီတုန္းကေတာ့ ထန္းမိုအဲ့လိုမ်ိဳး တကယ္ေတြးခဲ့ေလာက္သည္။

ဒါ့ေၾကာင့္သာ သူ႕ကိုတတ္ႏိုင္သမွ်ျမန္ျမန္ေတြ႕ႏိုင္ဖို႔အတြက္ သူမေလးကအေျဖလႊာအျမန္အပ္ၿပီးအေျပးထြက္လာခဲ့တာျဖစ္လိမ့္မည္။

ဒါကိုစဥ္းစားမိေတာ့ ေဝက်ီခ်င္ရဲ႕ႏွလုံးသားထဲမယ္ေႏြးေထြးသြားသလို စိတ္‌ေသာကလည္းေရာက္မိသည္။

ဒီအ႐ူးမေလးကေတာ့။

ယြမ္ကဲခ်င္ကသူမကို ခ်ဲ႕ကားေျပာဆိုၿပီး‌လိမ္ညာေနတာကို သိရဲ႕သားနဲ႔ေတာင္ စာေမးပြဲခန္းကို သူမကေစာေစာစီးစီး စြန္႔ခြာလာဆဲျဖစ္သည္။

သူမရဲ႕ေမတၱာတရားကေတာ့ အေတာ့္ကိုစစ္မွန္သည္။

ထန္းမိုကသူ႕ထိခိုက္ဒဏ္ရာကို ေဖာ္ထုတ္လိုက္တာအတြက္ကေတာ့ ဘာကိစၥမွမ႐ွိေပ။

ဘယ္လိုပဲျဖစ္ျဖစ္ေဝမိသားစုက ဒါကိုထပ္ၿပီးလ်ိဳ႕ဝွက္မထားေတာ့ေပ။

ဒီ့အျပင္ကို ထန္းမိုကဝွက္ဖဲကိုင္ထားသည္လို႔ ေဝက်ီခ်င္ခံစားေနရသည္။ သူမမွာသာ ကြယ္ဝွက္ထားတဲ့အကြက္ေတြ႐ွိမေနရင္ သူ႕ထိခိုက္မႈအေျခအေနအေၾကာင္း သူမစကားဟမည္ေတာင္မဟုတ္ေပ။

"သမီးကအရမ္းစိုးရိမ္ေနလို႔ ေမးခြန္းကိုေျဖဖို႔ ေတာင္ ကရိကထအျဖစ္မခံႏိုင္ေတာ့ဘူး"သူမငိုေႂကြးကာ ဆက္ေျပာေနသည္။"တစ္ကမ႓ာလုံးမွာ႐ွိတဲ့အခ်ိန္ေတြကိုပိုင္ဆိုင္ထားရင္ေတာင္ ေမးခြန္းေတြအားလုံးကိုေျဖႏိုင္လိမ့္မွာမဟုတ္ဘူးဆိုတာ သမီးသိေနတယ္။ ဒါေၾကာင့္သမီးကေျဖေနတာကိုရပ္လိုက္ၿပီး အေျဖလႊာကိုအ‌ေစာတည္းကအပ္လိုက္တာ။"

ထန္းမိုက အရမ္းကိုသနားစရာေကာင္းသလိုမ်ိဳးယုံၾကည္လာေအာင္ကို ငိုေတာ့သည္။

ထန္းမိသားစုရဲ႕ညီအစ္ကိုသုံးေယာက္နဲ႔ ႐ႈမင္က်န္းေတာင္မွ သူမကိုမစိုးရိမ္ဘဲမေနႏိုင္ေတာ့ေပ။

အရင္တုန္းကထန္းမိုသူတို႔ကိုေျပာတဲ့ သူမစာေမးပြဲၿပီးေအာင္‌ေျဖခဲ့ၿပီး အေျဖလႊာမအပ္ခင္ေသခ်ာစစ္ခဲ့တယ္ဆိုတာက သူတို႔ကိုႏွစ္သိမ့္ဖို႔အတြက္ပဲ ေျပာခဲ့တာမ်ားလား။?

သူတို႔ေလးေယာက္လုံးရဲ႕ ပုံစံေတြကဝမ္းနည္းပက္လက္ျဖစ္ကာ စိုးရိမ္ေနၾကပုံေပၚသည္။

ယြမ္ကဲခ်င္လည္းဒါကိုျမင္ေရာ သူမ‌ေပ်ာ္႐ြင္ၾကည္ႏူးေနေတာ့သည္။

ထန္းမိုက ပြဲဘယ္လိုခံရမလဲဆိုတာ သိေလာက္ေပမဲ့ ႐ႈမင္က်န္းနဲ႔ညီအစ္ကိုသုံးေယာက္ရဲ႕ အမူအရာေတြကေတာ့ ညာလို႔မရေခ်။

သူတို႔ကထန္းမိုနဲ႔ပတ္သက္ရင္အတြင္းက်က်ကို အၿမဲပဲဂ႐ုစိုက္ၾကတာသည္။

ေနာက္ဆုံးေတာ့အခုမွ ယြမ္ကဲခ်င္လည္း စိတ္ခ်ႏိုင္ေတာ့သည္။

ထန္းမိုအတန္းျပန္တတ္ရင္တတ္ မဟုတ္ရင္ေတာ့အျခားေက်ာင္းေျပာင္းရေတာ့မည္။

ဘာပဲျဖစ္ျဖစ္ကြာ ေဘက်င္းတကၠသိုလ္ကိုေတာ့ သူမ မသြားႏိုင္ေတာ့ဘူးေလ။

"ေနာက္ဆုံး‌စာေမးပြဲမွာသမီးမေျဖႏိုင္ခဲ့ေတာ့ သမီးအမွတ္ေတြကလည္း ေသခ်ာေပါက္အရမ္းနည္းမွာပဲ။"ထန္းမိုကငိုရင္းေျပာေသးသည္။ "သမီးအစကေတာ့ ေဘက်င္းတကၠသိုလ္ဝင္ခြင့္ေလ်ာက္ခ်င္ခဲ့တာ ဒါေပမယ့္အခုေတာ့သမီးလည္း ဘာလုပ္ရမယ္မွန္းမသိေတာ့ဘူး။သမီးအတန္းျပန္တတ္ရတာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။"

2023 April 14


Okumaya devam et

Bunları da Beğeneceksin

143K 15.5K 90
Paid GP 5လပိုင်း 20 တွင် စပါမည်။
261K 23.8K 200
ဘာသာပြန် -ဆုမြတ်လှိုင်
250K 6.2K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
64K 6.4K 53
Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Romance Slice of Life Supernatural Tags - Aba...