Return of Magic Murderer 06-Misleading

Start from the beginning
                                    

တကယ်တော့ Bai Chi လေးက ပြန်ချင်နေပြီ၊ သို့သော် Lisbon လေးက သူ့ကိုသာ မှီတွယ်ထားသည်၊ ထို့နောက် သူ့ကို ကျေနပ်သောအပြုံးနှင့် ကြည့်နေသော ခြင်္သေ့ဖြူ လေးကိုလဲ သူချစ်သောကြောင့် ခဏတော့ နေဖို့ ဆုံးဖြတ်လိုက်သည်။

ထိုသို့ သုံးယောက်သား အတူရှိနေကြချိန်တွင် အိမ်ထိန်းတော် Guan Jia က စကားလာပြောသည်။
"ဒီက သခင်လေး Bai, ကျွန်တော်တို့ သခင်လေးနဲ့ ဒီညတစ်ခန်းထဲနေမှာလား"
"ဗျာ!!"
Zhao Wei ရော Bai Chi ပါ အံ့သြလွန်း၍ အိမ်ထိန်းကြီးကို ကြည့်ကာ ပြိုင်တူ အော်လိုက်သည်။

"ဟင်း..ဟင်း"
Guan Jia က ရယ်သည်။.
"Lisbon လေးက သခင်လေးနဲ့ပဲ တစ်ခန်းထဲအိပ်နေကျမို့လို့ ပါ အဲဒါကြောင့်..."

ဥာဏ်များလှသော Zhao Wei က ရုတ်တရက်ပင် ဤအခွင့်အရေးကို အသုံးချကာ သူနှင့် Bai Chi ကြားက တင်းမာမှုကို ပြေလည်စေရန် စဉ်းစားလိုက်သည်။ သူက အားမွေးကာ Bai Chi ရဲ့ ပခုံးကို ကိုင်လိုက်ပြီး ပြောလိုက်သည်။
"အမှန်တော့ ငါတို့လဲ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတာ ကြာပြီ၊ ပြီးတော့ စကားတွေလဲ ပြောစရာ အများကြီးရှိတယ်လေ....."

Bai Chi ကတော့ သူ့ပခုံးပေါ်တင်ထားသော Zhao Wei ရဲ့ အင်္ကျီလက်ကို လက်နှစ်ချောင်းနှင့် ညှပ်ကာ ပိုးဟပ်အသေကောင် လွှင့်ပစ်သလို ပစ်ချလိုက်သည်။ ထို့နောက် ပခုံးကို လက်နှင့် ခါလိုက်သည်။ သူ့အပြုအမူကို မြင်တော့ Zhao Wei ရဲ့ မျက်နှာပြာသွားပြီး ဒေါသနှင့် အံကြိတ်ကာ စိတ်ထဲမှ ဆဲလိုက်သည်။ 'ဒီသောက်ကလေးကတော့..."
............

Zhan Zhao နှင့် Bai Yutang တို့အတွက် ယနေ့ အဆင်ပြေနေသည်။ Bao Zheng ရဲ့ကားနှင့် ရဲစခန်းကို လိုက်ပို့သောကြောင့် သုံးယောက်သား စကားတပြောပြောနှင့် ပျော်ရွှင်နေကြသည်။ အတော်ကြာကြာ စကားပြောပြီးနောက်တော့ Zhan Zhao အသံလေးပျောက်သွားသည်၊ ထို့ကြောင့် ကားမောင်းနေသော Bao Zheng က နောက်ခန်းကို လှည့်ကြည့်တော့ Bai Yutang က လက်ညိုးလေးကို နှုတ်ခမ်းနားတေ့ပြသည်။ Bai Yutang ၏ ပခုံးကို မှီကာ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကြောင်လေး..

ဒီရက်ပိုင်း အမှုကိစ္စများကြောင့် Zhan Zhao စိတ်ရောကိုယ်ပါ တအားပင်ပန်းခဲ့သည်ကို Bai Yutang ကောင်းကောင်းနားလည်သည်။ ပင်ကိုယ်သနားတတ်သူ ဖြစ်လေရာ ကလေးလေးတစ်ယောက် သေဆုံးမှုအတွက် မည်မျှ စိတ်ထိခိုက်သည်ကိုလဲ Bai Yutang ကောင်းကောင်းသိသည်။ Zhan Zhao နှင့် Bai Yutang ၏ ခြားနားချက်မှာ Zhan Zhao က ရဲတစ်ယောက်ထက်စာလျှင် နူးညံ့လှသော စာပေသမားဖြစ်သည်၊ သူ့အတွက် သွေးသံရဲရဲနှင့် သတ်ဖြတ်ခြင်းတို့ကို ရင်ဆိုင်ရန် ခက်ခဲလှသည်။

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now