Ghost Murderer 17- Madman

3.4K 568 39
                                    

Zawgyi
ညစာစားချိန်ရောက်တော့ Bai Yutang နှင့် Zhan Zhao တို့က Luo Yang လေးကို ဆွဲကာ Luo Yangလေးက Bai Chi အား ဆွဲကာဖြင့် ရဲစခန်းအနီးရှိ စားသောက်ဆိုင်တစ်ခုသို့ လေးယောက်သား ဝင်သွားကြသည်။

သူတို့လဲ အထဲရောက်ရော ပြတင်းပေါက်နားမှ စားပွဲတွင် ထိုင်နေသည့် Gongsun နှင့် Bai Jintang တို့ကို တွေ့ကြသည်။ Gongsun က သူတို့ လေးယောက်အား လက်လှမ်းပြ၍ စားပွဲသို့ ခေါ်လိုက်သည်။

Yang Yang က Zhan Zhao ဘေးတွက် ထိုင်ကာ သူ့ရှေ့တွင် ထိုင်၍ သူ့ကို ကြည့်နေသော Bai Jintang ကို ကြည့်လိုက်သည်။ Yang Yang က ထို့နောက်တွင်တော့ Bai Yutang ကို တအံ့တသြ ပြန်ကြည့်သည်။ နှစ်ယောက်သား ရုပ်ချင်းအတောဆင်သောကြောင့် အံ့သြနေလေသည်။

Bai Yutang က စားစရာများမှာနေ၍ သတိမထားမိချေ။ Bai Jintang က Zhan Zhao ကို မေးသည်။
"ဒီကလေးလား"

Zhan Zhao က Luo Yang ၏ ခေါင်းလေးကို ပုတ်၍ ပုတ်ဖြေသည်။
"ဟုတ်တယ်.. သူက Luo Yang"

Bai Jintang က ခေါင်းညိတ်၍ တအံ့တသြဖြငိ့ သူ့အား ငေးကြည့်နေသော Luo Yang လေးအား ပြုံးပြလိုက်သည်။
"ဘာလို့လဲ.. တူလို့လား"

Luo Yang က ခေါင်းညိတ်သည်။
"ဦးက အစ်ကိုအကြီးဆုံးပဲ.."

ထို့နောက် Bai Jintang က Bai Chi ဘက်သို့ မေးငေါ့ပြသည်။
"သူက တတိယမြောက်ပဲ.. ဒါပေမဲ့ တစ်ဝမ်းကွဲ"

Luo Yang လေးကတော့ ပြဇာတ်တစ်ပုဒ်ကြည့်နေရသကဲ့သို့ ပါးစပ်လေး အဟောင်းသား ဖြစ်သွားသည်။

Bai Chi က သူတို့စကားဝိုင်းကို အာရုံမစိုက်နိုင်ပဲ ဖုန်းကိုသာ မသိမသာ ကြည့်နေသည်။

"ဘာလို့လဲ.. Zhao Wei ကို စောင့်နေတာလား.."

Bai Chi လေးက ခေါင်းညိတ်သည်။
"သူ ညစာမစားရသေးဘူးပြောလို့ ကျွန်တော်တို့အတူစားဖို့ လှမ်းခေါ်လိုက်တာ"

သူတို့ပြောနေတုန်းမှာပင် Zhao Wei မှာ တံခါးဝ ရောက်နေပေပြီ။

Bai Yutang နှင့် Zhan Zhao တို့က ဘယ်အချိန်ကြည့်ကြည့် Zhao Jue အရိပ် လွှမ်းနေသော Zhao Wei ကို ကြည့်လိုက်ကြသည်။

Zhao Wei အထဲဝင်လာပြီး အားလုံးကို နှုတ်ဆက်ကာ Bai Chi ဘေးနား သွားထိုင်သည်။

ထို့နောက် Luo Yang ကို ကြည့်သည်။

ထို့နောက် Bai Yutang အား မော့ကြည့်၍ ရုတ်တရက် ပြောလိုက်သည်။
"ကျွန်တော် အထဲဝင်လာတုန်းက အပြင်မှာ ရပ်နေတဲ့ ကားတစ်စီးရှိတယ်...ကားထဲက လူက ခင်ဗျားတို့ အုပ်စုကို စိတ်ဝင်စားနေပုံပဲ.."

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now