Return of Magic Murderer 06-Misleading

5.7K 813 15
                                    

Zawgyi

Zhao Wei က ဓာတ်ပုံများကို ရှင်းပြကာ ဖြစ်နိုင်ချေတို့ကို သုံးသပ်ချက်ပေးပြီးနောက် ကျိန်စာအတိုက်ခံရသူအပေါ်မူတည်၍ ပြောင်းလဲနိုင်သော ပန်းချီပုံစံများအကြောင်း အသေးစိတ် ရှင်းပြသည်။ ထိုအခန်းထဲရှိ လူငယ်တွေက နေရာအသီးသီးတွင် ခေါင်းဆောင်ဖြစ်နေကြသူများဖြစ်ရာ ပင်ကိုယ်ဗီဇ တူနေသည်လား မသိပေမဲ့ လေပေးဖြောင့်နေကြသည်။ Zhan Zhao, Bai Yutang နှင့် Zhao Wei တို့က တစ်ယောက်ပြောမည့်အကြောင်းကို တစ်ယောက်က ချက်ချင်းနားလည်ကာ ပြောရဆိုရ အဆင်ပြေနေသည်။ လူကြီးဖြစ်သည့် Bao Zhengကတော့ လူငယ်များ၊ ဟာသကို နားမလည်နိုင်စွာ စကားတစ်ခွန်းမှ ဝင်မပြောပေ၊ ထိုသို့ဖြင့် စောစောက Zhao Wei အပေါ် စိမ်းသက်နေမှုများ သူတိုထံတွင် မရှိကြတော့ပေ။

နောက်ဆုံးတွင်တော့ Zhao Wei က မနက်ဖြန် S.C.I.သို့လိုက်၍ အမှုကိစ္စအတွက် ကူညီပေးမည်ဖြစ်ကြောင်း ကတိပေးပြီးနောက် အားလုံးက အိမ်ပြန်ရန် ပြင်ကြသည်။ သူတို့လာတုန်းက လေးယောက်ပေမဲ့ အပြောင်းအလဲလေးများကြောင့် သုံးယောက်သာ ပြန်ထွက်သွားသည်၊ Bai Chi လေး ပြန်မည်လုပ်တော့ Lisbon လေးက Bai Chi ၏ ဘောင်းဘီအစွန်စလေးကို ကိုက်ဆွဲကာ လုံးဝလွှတ်မပေး၊

Bai Chi လေးကို ခြင်္သေ့ဖြူ လေးက လွှတ်မပေးသောကြောင့် Zhan Zhao ရော Bai Yutang ရော Bao Zheng ကပါ Bai Chi လေးကို ထားခဲ့ဖို့ ဆုံးဖြတ်လိုက်သည်။ မနက်ဖြန်မှ Zhao Wei နှင့်အတူ S.C.I. ကို လာခဲ့ဖို့မှာကာ ထွက်သွယးကြလေသည်။

အိမ်ထိန်းတော်က အိမ်ပြန်သည့်သူတွေကို ခြံအပြင်လိုက်ပို့တော့ ဧည့်ခန်းထဲမှာ Bai Chi ရယ် Zhao Wei ရယ် Lisbon လေးရယ်သာ ကျန်ခဲ့ပြီး နေရထိုင်ရ ခက်နေကြသည်။

"မင်းက အဲဒီ Bai Chi ကိုး.."
တိတ်ဆိတ်နေသော လေထုကို မနှစ်မြို့စွာ Zhao Wei က စကားစလိုက်သည်။
"ငါ တကယ် မသိခဲ့ဘူး"

Bai Chi လေးက စူးစူးရဲရဲ တစ်ချက်ကြည့်သည်။
"ဟုတ်မှာပေါ့ မင်းက အရင်တုန်းက ငါ့ကို ကောင်လေးတို့ ဘာတို့ အဲလိုပဲခေါ်တာလေ"

"အဟွတ်.. ဟွတ်.."
Zhao Wei က ချောင်းနှစ်ချက်ဆိုးလိုက်ပြီး ရှက်ရှက်နှင့် ပြုံးလိုက်သည်၊ ဒီကလေးက တကယ်မှတ်မိတာပဲ

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now