Zawgyi
Zhan Zhao ကို ခေါ်ကာ အိမ်ပြန်ရန် Bai Yutang ကားထဲဝင်ချိန်တွင် မနက်သုံးနာရီခန့်ပင် ရှိနေပြီဖြစ်သည်။
"Haha.."
တစ်စုံတစ်ခုကို တွေးတောနေရာမှရုတ်တရက် Zhan Zhao ထရယ်သည်။ Zhan Zhao ၏ အပြုအမူကြောင့် Bai Yutang ပင် လိုက်ရယ်မိသည်။
"ဘာတွေရယ်နေတာလဲ ကြောင်လေး "Bai Yutang ကို လှည့်ကြည့်ကာ Zhan Zhao ပြုံးပြလိုက်သည်။
"Bai Chi နဲ့ Zhao Wei ငယ်ငယ်တုန်းက ပုံစံကို စိတ်ထဲမှာ တွေးမိလာလို့ပါ""Oh.." Bai Yutang လဲ တွေးမိသွားကာ အားရပါးရ ရယ်လေသည်။
"ဟုတ်ပ စိတ်ဝင်စားစရာပဲ၊ အဲ့ကလေးတွေမှာ ဒီို အတိတ်မျိုး ရှိနေခဲ့တာ အံ့သြစရာပဲ""အဲဒီZhao Wei က မင်းငယ်ငယ်တုန်းကထက်တောင် ပိုဆိုးနေသေးတယ်"
ခပ်ပြုံးပြုံးနှင့် Zhan Zhao မှတ်ချက်ချသည်။"ကြောင်စုတ်လေး၊ ငါငယ်ငယ်တုန်းက ဘာဖြစ်ခဲ့လို့လဲ"
သူ့ကိုယ်သူ ကာကွယ်နေသော Bai Yutang က ငြင်းသည်။"မင်းက မဆိုးခဲ့လို့လား၊ မင်းမှတ်မိသေးလား..."
အတိတ်အကြောင်းကို ပြန်တွေးကာ Zhan Zhao ရယ်လိုက်သည်။
"အဲဒီတုန်းကလေ အိမ်ဘေးက ညီအစ်ကိုနှစ်ယောက်ကို ပန်းခြုံထဲကို တွန်းချပြီး ကြီးလာမှာပါဆိုပြီး မင်းရေသွားလောင်းတာလေ...""Haha"
Bai Yutang ရယ်သည်။
"မှတ်မိတာပေါ့ မှတ်မိတယ် ငါတို့အသက်ရှစ်နှစ်တုန်းကလေ အံဒီ ညီအစ်ကိုက မင်းစိုက်ထားတဲ့ အပင်တွေကို ယူသွားလို့ ငါ သင်ခန်းစာ ပေးလိုက်တာ""အလယ်တန်းကျောင်းတုန်းက သမိုင်းသင်တဲ့ ဆရာရှိသေးတယ်...."
Zhan Zhao ပြောပြန်သည်။
"မင်း သူ့ကို အိမ်သာအိုးနဲ့ ကပ်နေအောင် လုပ်လိုက်တာလေ""Ha."
Bai Yutang မျက်နှာလေးက ပို၍ ပြုံးလာသည်။
"ပြီးတော့ အဲဒီ အိမ်သာကြွေခွက်ကြီးနဲ့ ဆေးရုံသွားရတယ်လေ.."ဗိုက်ကို ဖိနှိပ်ကာ Zhan Zhao အားရပါးရ ရယ်သည်။
"သူ့ တင်ပါးမှာ အိမ်သာကြီးက ကပ်နေပြီးတော့ ဘောင်းဘီလဲ ဆွဲတင်လို့မရ... ဒီအတိုင်းကြီး ဆေးရုံရောက်သွားတာ.. လူတိုင်းတွေ့တယ်..."Bai Yutang ခေါင်းညိတ်လိုက်သည်။
"အဲဒါကတော့ သူမင်းကို လိမ်ပြီး bus မှားစီးခိုင်းတာကိုး...အိမ်သာနဲ့ အကပ်ခံရတာတောင် နည်းသေးတယ်"
YOU ARE READING
S.C.I Special Crime Investigation Journal Of Mystery Myanmar translation
General Fictionထူးခြားတဲ့ ကွင်းဆက်လူသတ်မှုတွေကို မှုခင်းပညာနဲ့ စိတ်ပညာပေါင်းပြီး ဖြေရှင်းကြတဲ့ S C I အဖွဲ့ရဲ့ ခေါင်းဆောင်နှစ်ယောက်ရဲ့ တရုတ်ဝတ္ထုကို eng ကနေ မြန်မာပြန်လေးပါ