Murder 19- Hostage

7.5K 1K 47
                                    

Zawgyi

ရဲဌာန၏ ၁၇လွှာတွင် ရှိသော S.C.I. ရုံးခန်း၊ မနက် ၂နာရီအချိန်၊

Bai Jintang က ကိစ္စများပြီးတော့ Bai Yutang ရဲ့ရုံးခန်းက ဆိုဖာပေါ်မှာ မထတမ်း အိပ်နေသည်။

တစ်ချိန်တည်းမှာပဲ တစ်နေကုန် Luban ကို ထိန်းလျုက် အစာကျွေးလိုက် ဆော့လိုက်နှင့် အလုပ်များခဲ့သော Zhan Zhao ကလဲ သူ့ရုံးခန်းက ဆိုဖာပေါ်မှာ အနားယူကာ အိပ်ပျော်နေသည်။

Bai Jintang ဖွခဲ့သော ရုံးခန်းကို သန့်ရှင်းရေးလုပ်ရန် S.C.I. အဖွဲ့သားများကို ခိုင်းပြီး သူပါဝင်လုပ်ခဲ့ရသောကြောင့် လည်ပင်းကျိုးမတတ်နာနေသော Bai Yutangက S.C.I. အဖွဲ့သားများနှင့်အတူ အိပ်ပျော်နေသည်။

Gongsun ကိုတော့ မနေ့က သူ့အလောင်းခွဲခန်းထဲ ဝင်သွားပြီးကတည်းက မတွေ့ရတော့။ အကုန်လုံးကတော့ Gongsun အချိန်ပိုဆင်းရင်း အိပ်ပျော်နေလာ သိချင်နေကြသည်။ တကယ်တော့ အလောင်းခွဲခန်းထဲမှာက လူအိပ်ဖို့နေရာရှိတာဆိုလို့ အလောင်းခွဲသည့်ကုတင်ပဲရှိသည်။ ထို့ကြောင့်လဲ သေအောင်ပင် သိချင်နေပါစေ၊ ဘယ်သူကမှ Gongsun ရဲ့ အခန်းတံခါးကို သွားမခေါက်ရဲကြ။ တံခါးဖွင့်လိုက်သည့်အခါ မြင်ရမည့် မြင်ကွင်းမျိုးကို ခံနိုင်ရည်မရှိသောကြောင့်လဲ ပါမည်။

မနက် ၈နာရီခွဲအချိန်၊ ရဲဌာန၏ 17 လွှာ S.C.I. ၏ ရုံးခန်း

နေရာအသီးသီးမှာ အိပ်ပျော်နေကြသော အဖွဲ့သားများအားလုံး မွှေးကြိုင်နေသောအနံ့ကြောင့် မျက်လုံးများ ပွင့်လာကြသည်။ သူတို့မျက်လုံးဖွင့်လိုက်တော့ Gongsunက စားပွဲဘေးမှာ လန်းလန်းဆန်းဆန်းပုံစံဖြင့် ရပ်နေသည်။ စားပွဲပေါ်မှာတော့ အငွေ့တထောင်းထောင်းထနေသော ကော်ဖီနှင့် ပေါက်ဆီကြော်များ။

အဲဒါတွေလြဲမင်ရော မနက်ပိုင်း ဆာလောင်နေသော အစာအိမ်ကို နှိုးလိုက်သလို ဖြစ်သွားပြီး ရိုကျိုးသော အဖွဲ့သားများကနေ ဆာလောင်နေသော ကျားများအဖြစ်သို့ပြောင်းကာ မနက်စာကို အလုအယက် စားကြလေသည်။ ဗိုက်ဆာဆာနှင့် အသေတွယ်နေကြသော အဖွဲ့သားများကတော့ Gongsun ပေးသည့် ပေါက်ဆီထဲတွင် လူသားများပါနိုင်သလားဟု မတွေးနိုင်ကြ။

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now