Ghost Murderer 19- Nursery Rhymes

3.3K 539 20
                                    

Zawgyi

Luo Yang လေးက ညဘက် တော်တော်နှင့် မအိပ်ပေ။ ညအတော်လေးနက်တော့မှ Bai Yutang က Luo Yang လေးအား အိပ်ခန်းထဲခေါ်ကာ စောင်ခြုံ မီးမှိတ်၍ ဖြည်းဖြည်းချင်း ထွက်ခဲ့သည်။

ရေချိုးပြီး သူတို့နှစ်ယောက်၏ အိပ်ခန်းထဲ Bai Yutang ပြန်ဝင်လာတော့ Zhan Zhao က အိပ်ရာပေါ်ထိုင်ကာ သူ့ရှေ့မှ သေတ္တာလေးကို စိုက်ကြည့်နေသည်။ Bai Yutang က ထိုသေတ္တာလေးကိုမြင်တော့ ပျော်လွန်း၍ ထခုန်မတတ် ဖြစ်သွားသည်။ ထိုအရာလေးမှာ အမြွှာညီနောင်က သူတို့အား အိမ်ပြောင်းသည့်လက်ဆောင်ပေးထားခြင်းဖြစ်ပြီး အထဲတွင် ချောဆီနှင့် ကွန်ဒုံးများပါသည့် 'sex box'ဟု အမည်ပေး ထားလေသည်။

"ကြောင်လေး... အဆင်သင့်ပြင်ထားတာလား"
Bai Yutang က ရေစိုနေသော ဆံပင်ကို ဆွဲဖွကာ အိပ်ရာထက်သို့ လျှောက်လာ၏။

Zhan Zhao မော့ကြည့်လိုက်တော့ တွေ့လိုက်ရသည်က Bai Yutang ၏ ပြောင်ရှင်းနေသော အပေါ်ပိုင်းနှင့် မလုံ့တလုံတဘက်ဖြင့် ကာထားသော အောက်ပိုင်းခန္ဓာကို တွေ့လိုက်ရလေ၏။
"ကြွက်သေကောင်... မင်း ဘယ်လိုတောင် ဝတ်ထားတာလဲ"

Bai Yutang က သူ့ကိုယ်သူ ငုံ့ကြည့်ကာ အံ့သြသွားသည်။
"ငါ အခုမှ ရေချိုးပြီး ပြန်လာတာလေ... မင်းက ငါ့ကို ဘယ်လိုဝတ်စေချင်တာလဲ"

"အခုဆို Yang Yang လေး အိမ်မှာရှိနေပြီလေ...ဆင်ခြင်မှပေါ့"
Zhan Zhao က အိပ်ရာပေါ်မှ သေတ္တာလေးကို လက်ညိုးထိုးကာ အပြစ်တင်၏။
"ဒါကို ဘယ်မှာ ဖွက်ရမလဲ"

Bai Yutang က အံ့သြ၍ မေးလိုက်၏။
"ဘာလို့ ဖွက်ရမှာလဲ"

"ကလေးမြင်လို့ မကောင်းဘူးလေ"
Zhan Zhao က ထိုင်နေရင်းနှင့် Bai Yutang ၏ အဝတ်မပါသော ခန္ဓာကိုယ်အပေါ်ပိုင်းကို ခိုးကြည့်လေ၏။ စိတ်ထဲတွင် ပြောနေသည်က
"ကြွက်စုတ်ကောင်ရဲ့ အပေါ်ပိုင်းက တြိဂံအတိုင်း ရင်အုပ်ကျယ်ပြီး ခါးသေးတယ် မုန်းစရာကောင်းလိုက်တာ..."
ဟူသတည်း။

"ဒါတွေက အသုံးမဝင်လို့လား"
Bai Yutang က အနားကပ်လာကာ Zhan Zhao ၏ နားရွက်ဖျားကို လျှာထိပ်နှင့် ထိလိုက်သည်။
"ဒီနေ့ အကုန်သုံးလိုက်ရင်ရော..."

Zhan Zhao က ကိုယ်ပေါ် အုပ်မိုးနေသော Bai Yutang ကို နောက်တစ်ခါ ခိုးကြည့်ကာ ပြုံးလိုက်သည်။
"ကုန်သွားအောင်လား... မင်းလုပ်နိုင်လို့လား"

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now